backup og meta
hellosayarwon logo
ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

မျက်စိကျန်းမာရေး

မျက်စိကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

ဆီးချို သွေးချို

ဆီးချို သွေးချို

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ကိရိယာများ

ကျန်းမာရေးကိရိယာများ

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ရှိမရှိ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ရှိမရှိ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ  စစ်ဆေးကြည့်ပါ

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်ပါ

သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ  စစ်ဆေးကြည့်မယ်

သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

ပိုမိုကြည့်ရှုမည်။
အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

ပိုမိုကြည့်ရှုမည်။
BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်

ပိုမိုကြည့်ရှုမည်။
သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
3 years
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
သွား နှင့် ခံတွင်းကျန်းမာရေး
သွားဖုံးနှင့် ခံတွင်းရောဂါများ

ပြင်းထန်တဲ့ သွားဖုံးရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေပိုများ

လှပတဲ့အပြုံးလေးကလည်း စွဲဆောင်မှုတစ်ခုပါ။ ဒါဆို Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးတွေရောပြုံးအလှပိုင်ရှင်တွေလား။ပြုံးလိုက်တိုင်းလှပြီး လတ်ဆတ်တဲ့ ခံတွင်းနံ့ကိုပိုင်ဆိုင်ထားပြီဆိုရင်တော့ ဝမ်းသာစရာပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ သွားနဲ့သွားဖုံးတွေကျန်းမာရင် မှတ်ဉာဏ်ချို့ယွင်းမှု (dementia)ဖြစ်နိုင်ခြေနည်းတယ်ဆိုလို့ပါနော်။

ပြင်းထန်တဲ့ သွားဖုံးရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေပိုများ

သွားနဲ့ခံတွင်းကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ

သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားနိုင်သလို ဦးနှောက်ကိုပါ ကာကွယ်ပြီးသားဖြစ်သွားတယ်ဆိုတာ သိရဲ့လား။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှု ခံစားရနိုင်ခြေပိုများတယ်၊လို့ သိရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့အတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်မှုက ကာလတိုရော ကာလရှည်မှာပါ ထိရောက်တဲ့ အချက်တစ်ခုပေါ့။

သွားဖုံးကျန်းမာရေးကိုဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော်

လေ့လာမှုအသစ်တစ်ရပ်အရ သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုအတွက်တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်ကလေ့လာသုံးသပ်သူတွေက ကျန်းမာရေးစောင့်ရှောက်မှုစောင့်ကြည့်ရေး အစီအစဉ်ကနေ အချက်အလက်တွေကို ရယူခဲ့ပါတယ်။

နာတာရှည် သွားဖုံးရောဂါခံစားနေရသူတွေက သွားဖုံးရောဂါမရှိသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုခံစားရနိုင်ခြေပိုများနေတယ်ဆိုတာက အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေမှာလည်းတွေ့ရှိခဲ့ဖူးပါတယ်။ ဒီလေ့လာမှုမှာသိရှိခဲ့တာက အရက်သောက်သုံးတာ၊ ဆေးလိပ်သောက်တာ၊လေ့ကျင့်ခန်းမလုပ်တာလိုမျိုး ဘဝနေထိုင်မှုပုံစံကြောင့် မဟုတ်ဘဲ နာတာရှည်သွားဖုံးရောဂါခံစားနေရသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုခံစားနိုင်ရခြေပိုများနေတာပါ။

မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia) ဆိုတာက မှတ်ဉာဏ်စွမ်းရည် တဖြည်းဖြည်းချင်းကျဆင်းလာတာဖြစ်ပြီး အရာရာကို မှတ်မိဖို့ခက်ခဲလာပြီး ပြင်းထန်တဲ့အခြေအနေမျိုးမှာဆိုရင် နေ့စဉ်ဘဝမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အပြည်ပြည်ဆိုင်ရာ အယ်လ်ဇိုင်းမားရောဂါအဖွဲ့အစည်းတို့ရဲ့ ပူးတွဲကြေညာချက်မှာ မှတ်ဉာဏ်ချို့ယွင်းမှုက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်လို့လာပါပြီနော်။ ဒီတော့ အားလုံးသတိထားပြီး ကာကွယ်နိုင်သမျှ ကာကွယ်ဖို့လိုအပ်လာပါပြီနော်။

လေ့လာမှုတွေအရသိလာရတာက သွားဖုံးရောင်တာက ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပါက်ဖွားတာကြောင့်ဖြစ်ပြီး ခံတွင်းထဲမှာ ဒီဘက်တီးရီးယားတွေအချိန်ကြာမြင့်စွာနေရာယူထားတာက သွားတွေကိုထိခိုကစေနိုင်သလို အရိုးနဲ့ နှလုံးအပြင် မှတ်ဉာဏ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။ ဒါကြောင့်သွားဖုံးရောင်လာပြီ သွားတွေမှာပြဿနာရှိနေပြီဆိုရင် ချက်ချင်းကုသဖို့လိုအပ်ပါမယ်နော်။

များစွာသောလေ့လာမှုတွေအရ နာတာရှည်သွားဖုံးရောဂါက မှတ်ဉာဏ်ချို့ယွင်းမှုကိုဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုအသစ်မှာတော့ နာတာရှည်သွားဖုံးရောဂါရှိသူတွေဟာ အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ခံစားရနိုင်ခြေတော်တော်လေးမြင့်တက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်ကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်ကြာလုပ်ဆောင်ခဲ့ပြီးတောင်ကိုရီးယားက အသက် ၅၀ နဲ့ ၅၀ အထက် ဖိုးဖိုးဖွားဖွား ၂၆၂၃၄၉ ဦးကိုလေ့လာခဲ့ပါတယ်။

လေ့လာမှုရလဒ်အရတော့ပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေက ၆ ရာခိုင်နှုန်းအထိပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကောင်းလာနေစေဖို့ရော အစားတွေကောင်းကောင်းစားဖို့ရော သွားနဲ့ခံတွင်းကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်နော်။ မနက်တစ်ခါ ညအိပ်ရာမဝင်ခင်တစ်ခါ သွားနဲ့ခံတွင်းကိုသန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သွားတွေရာ သွားဖုံးတွေကိုပါကျန်းမာစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုကိုပါ ကာကွယ်နိုင်မှာပါနော်။

ဒါဆိုရင် အစားကောင်းတွေကို အသက်ကြီးတဲ့အထိစားဖို့နဲ့ကောင်းမွန်တဲ့အမှတ်တရလေးတွေကို မှတ်မိနေစေဖို့ Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့ သွားနဲ့ ခံတွင်းကို အခုကစလို့ ဂရုစိုက်ပေးဖို့ တိုက်တွန်းပါရစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Study links severe gum disease to raised dementia riskhttps://www.medicalnewstoday.com/articles/324760.php Accessed Date 21 March 2019

Gum disease–causing bacteria could spur Alzheimer’shttps://www.sciencemag.org/news/2019/01/gum-disease-causing-bacteria-could-spur-alzheimer-sAccessed Date 21 March 2019

ယခုပုံစံ

26/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်တောင်ထူထူလေးနဲ့ လှချင်လား

သွေးတိုးတာက အမြဲတမ်းဆိုးကျိုးဖြစ်စေတာ ဟုတ်ရဲ့လား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ