မိသားစု၊ လူမျိုး၊ ဘာသာရေး၊ အသားအရောင်၊ လိင်စိတ်ခံယူမှု၊ လိင်စိတ် တိမ်းညွတ်မှု၊ မိမိကိုယ်ကို လိင်သတ်မှတ်မှု၊ ငွေရေးကြေးရေး အစရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူမှုပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတာ၊ ဝေဖန်တာ၊ နှိမ့်ချပြောဆိုတာကြောင့်လည်း သိမ်ငယ်စိတ်တွေဟာ ရင်ထဲမှာ ကိန်းအောင်းလာနိုင်ပါတယ်။
၅။ စိတ်ထိခိုက်မှု ဝေဒနာပြင်းထန်ခြင်း
ငယ်စဉ်ကတည်းက ဆွေမျိုးတွေ၊ သူစိမ်းတွေရဲ့ ညှင်းပန်းနှိပ်စက်မှု၊ စော်ကားမှုတွေကို ခံခဲ့ရတာ၊ မုဒိမ်းမှုအပြုကျင့်ခံရတာ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတာ၊ မေတ္တာကို ငတ်မွတ်ခဲ့ရတဲ့ ကလေးငယ်တွေမှာ ပြင်းထန်တဲ့ စိတ်ထိခိုက်ဒဏ်ရာတွေ၊ သိမ်ငယ်စိတ်တွေ ရနိုင်ပြီး ဒါတွေဟာ ကိုယ့်ရဲ့ ဘဝနောက်ကနေ အရိပ်မည်းကြီး တစ်ခုလို ကပ်ပါလာနိုင်ပါတယ်။
သိမ်ငယ်စိတ်ဟာ ဘဝတစ်ခုလုံးကို ဘယ်လို ဒုက္ခပေးနိုင်လဲ။
၁။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဘဝအခြေအနေ၊ ကိုယ့်ရဲ့ စိတ်ခံယူမှု အတိုင်းအတာပေါ် မူတည်ပြီး သိမ်ငယ်စိတ်ဟာ အနှေးနဲ့ အမြန် စိတ်နဲ့ ခန္ဓါကို ဒုက္ခပေးပြီး ဘဝတစ်ခုလုံး ရှင်လျက်နဲ့ သေရတာထက် ပိုဆိုးစေနိုင်ပါတယ်။
၂။ မေတ္တာမရခဲ့တဲ့ ကလေးတွေ ကြီးလာတဲ့အခါ လူကြီးတွေဆီက မရခဲ့တဲ့ မေတ္တာကို မိတ်ဆွေအပေါင်းအသင်း၊ ချစ်ရသူ၊ ဇနီး၊ ခင်ပွန်းတွေဆီကနေ အမြဲလိုအပ်နေမယ်။ စွဲလမ်းစိတ်တွေ ဖြစ်လာမယ်။ ဘယ်လိုဖြည့်ဖြည့် မပြည့်နိုင်တဲ့ တွင်းနက်ကြီးထဲ ကျသွားသလို ခံစားရမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။