backup og meta

ကလေးတွေမှာ ဖြစ်တဲ့ စိတ်ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ စိတ်ရောဂါများ

    Schizophrenia ဆိုတာဘာလဲ။

    Schizophrenia နဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာမူမမှန်မှုတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပြီး ထူးဆန်းတဲ့အတွေးတွေတွေခေါ်ခြင်း၊ အကြားအမြင် မှောက်မှားခြင်း၊ အပြုအမူနဲ့ ခံစားချက်တွေ ထူးထူးဆန်းဆန်းပြုမူပြောဆိုခြင်း စတာတွေပါ။ စိတ်ဝေဒနာရှင်တွေဖြစ်ပြီး မူးယစ်ဆေးအသုံးပြုခြင်းနဲ့ ဖိအားတွေလို ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေက ဦးနှောက်အနေအထားပေါ်မူတည်ပြီး ပိုကောင်းစေ၊ ဆိုးစေပါတယ။်

    ကလေးတွေနဲ့ လူငယ်တွေ စိတ်ဝေဒနာခံစားရတဲ့အခါမှာ လုံးဝမမှန်ကန်တဲ့ စကာေးတွပြောတာမျိုးတွေ ဒါမှမဟုတ် အမှားအမှန်သေချာခွဲခြားမှု မလုပ်နိုင်တာတွေကို ခံစားရလေ့ရှိပါတယ်။ ဒါဟာ ငယ်ရွယ်တဲ့ကလေးတွေမှာတော့ ဖြစ်ခဲတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး အစောပိုင်းကာလတွေမှာ ဒီရောဂါရယ်လို့ လက်ညှိုးထိုးပြနိုင်ဖို့ ခဲယဉ်းပါတယ။်

    ဒီစိတ်ဝေဒနာရဲ့ လက္ခဏာတွေကို အသက် ၁၂နှစ်မတိုင်ခင် တွေ့ရဖို့ ခဲယဉ်းပါတယ်။ အရွယ်ရောက်ပြီးနောက်မှာမှ စိတ်ဝေဒနာခံစားနေရသူတွေ ဒါမှမဟုတ် schizophrenia ခံစားနေရသူတွေကတော့ လူပျိုပေါက်၊ အပျိုပေါက်အရွယ်ကို ဖြတ်သန်းစဉ်မှာ လက္ခဏာတွေကို စတင် တွေ့ကြုံရမှာပါ။ ဒီစိတ်ဝေဒနာရဲ့ လက္ခဏာတွေကို စတင်တွေ့ရှိရတဲ့ ကာလကို Prodrome လို့ခေါ်ပါတယ်။

    ဒီအချိန်မှာ လူငယ်တွေဟာ သူတို့တွေ့ကြုံနေရတာတွေဟာ ထူးဆန်းနေတယ်ဆိုတာ ခံစားရမှာပါ။ ဒီပြဿနာတွေကိုလည်း မမေးမချင်းဝန်ခံဖို့လည်း ခဲယဉ်းနေတတ်ပါတယ်။ မိဘတွေဟာ အစောပိုင်းလက္ခဏာတွေ ပြမပြဆိုတာ အမြဲသတိရှိနေဖို့လိုသလို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးနေဖို့လည်း မရှိမဖြစ်ပါပဲ။

    Schizophrenia ရှိတဲ့ကလေးအများစုဟာ ဘာသာစကားသင်ယူမှုနဲ့ အခြားသော လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ နှေးကွေးတတ်တယ်ဆိုတာကို ဒီစိတ်ဝေဒနာ လက္ခဏာတွေ မပြခင် ကာလအကြာကြီးမှာတည်းက တွေ့နိုင်ပါတယ်။ လက္ခဏာတွေဆိုတာကတော့ ယုံမှားသံသယဖြစ်ခြင်း၊ တွေဝေခြင်းနဲ့ ပုံမှန်မဟုတ်ဘဲ တွေးခေါ်နေခြင်းတွေပါပဲ။

    တစ်နှစ်အရွယ်အတွင်းမှာ ဒီကလေးတွေရဲ့ ၃၀%မှာ ယာယီလက္ခဏာတွေပြတတ်ပြီး ဖွံ့ဖြိုးမှု မူမမှန်ဖြစ်နေတာတွေ၊ ဥပမာ – လှုပ်ရှားနေခြင်း၊ ပုံမှန်မဟုတ်တဲ့ အပြုအမူများလုပ်ခြင်းနဲ့ လက်မောင်းခတ်နေခြင်းတို့တွေပါ။ ကလေးဘဝမှာ စိတ်ဝေဒနာခံစားနေရရင် ဖွံ့ဖြိုးမှု နှေးကွေးစေတတ်ပါတယ်။ ဥပမာ ပုံမှန်မဟုတ်တဲ့ တွားသွားခြင်းတွေနဲ့ ကလေးတွေဟာ ပိုပြီးဂရုစိုက်ဖို့လိုလာတာမျိုးနဲ့ အနှောက်အယှက်ပေးတာမျိုးတွေ ပိုလုပ်လေ့ရှိပါတယ်။

    မမျှော်လင့်ထားတဲ့ အတွေးတွေနဲ့ အပြုအမူပြောင်းလဲမှုတွေအပေါ် မျက်ခြေမပြတ်စောင့်ကြည့်ဖို့ကလည်း အထူးသဖြင့် အရေးပါပါတယ်။ အောက်ပါအချက်များစွာထဲက တစ်ခုခုဖြစ်လာပြီး တစ်ယောက်ယောက်က ပြောင်းလဲသွားတာမျိုးမဟုတ်ဘူးဆိုရင် ဖြစ်လာတဲ့ ပြဿနာကိုအဖြေရှာလို့ လက်ခံပေးလိုက်ပါ။ ဒီလက္ခဏာတွေဟာ လက်ရှိမှာ မူးယစ်ဆေးသုံးစွဲမှုတွေကြောင့်မဖြစ်ရသလို အခြားသော ကျန်းမာရေးအခြေအနေတွေကြောင့်ဖြစ်နေတာလည်း မဖြစ်ရပါဘူး။

    အစောပိုင်းသတိပေးလက္ခဏာများ

    • ဦးနှောက် အလုပ်မလုပ်တော့ဘူးလို့ ခံစားလာရတဲ့အခါ
    • စိတ် ဒါမှမဟုတ် မျက်လုံးတွေ ဂဏှာမငြိမ်တော့သလို ခံစားလာရတဲ့အခါ
    • တကယ်မရှိတဲ့ အရာတွေကို မြင်နေကြားနေရတဲ့အခါ
    • တံခါးခေါက်တာ၊ တောက်တောက်အသံတွေကြားနေရတာ၊ ကလစ်ကလစ်ကြားနေရတာ ဒါမှမဟုတ် နာမည်ခေါ်သံမျိုးတွေ ကြားနေရတဲ့အခါ
    • အတွေးတွေ ရှုပ်ထေါးနေတာ
    • ထင်ရှားပြီး ဆိုးရွား(ပုံမှန်မဟုတ်)တဲ့အတွေးတွေနဲ့ အကြံတွေ ရလာတဲ့အခ
    • ခံစားချက်တွေ မမျှော်လင့်ဘဲ ဆိုးဆိုးရွားရွား ပြောင်းလဲသွားတဲ့အခါ
    • ဖြစ်လေ့ဖြစ်ထမရှိတဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို လုပ်နေတဲ့အခါ
    • အလင်း၊အသံ၊ အနံ့ ဒါမှမဟုတ် အထိအတွေ့တွေကို အလွန်အကျွံ တုံ့ပြန်နေတာ
    • လူတွေက သူတို့ကို ရန်ပြုတော့မယ်လို့ထင်နေတာ
    • စိုးရိမ်စရာမရှိတာတွေကို စိုးရိမ်ပြီး သံသယတွေဝင်နေတာ
    • အခြားသူတွေနဲ့ မဆက်ဆံတာ
    • သူငယ်ချင်းအပေါင်းအသင်းအသစ်ရှာဖို့ နဂိုသူတွေနဲ့ ပေါင်းသင်းဖို့အတွက် ပြဿနာအကြီးအကျယ်ဖြစ်နေတာ
    • စကားပြောတာ၊ စာရေးတာ၊ အာရုံစိုက်တာနဲ့ ရိုးရှင်းတဲ့အလုပ်လေးတွေကိုတောင် လုပ်ဖို့ခက်ခဲနေတာ

    ဒီလိုအခြေအနေနဲ့ ကလေးတွေရဲ့ အပြုအမူတွေဟာ အချိန်တစ်ခုကြာလာတဲ့အခါ ပျောက်ကွယ်သွားနိုင်ပါတယ်။ စိတ္တဇဝေဒနာ တွေကတော့ ဖြည်းဖြည်းချင်းဖြစ်စေ ရုတ်တရက်ဖြစ်စေ သက်သာသွားနိုင်ပါတယ်။ ကလေးတွေနဲ့ လူငယ်တွေဟာ ပုံမှန်မဟုတ်တဲ့ကြောက်ရွံ့မှုတွေနဲ့ အတွေးတွေကို စတင်ပြောလာနိုင်ပါတယ်။

    မိဘတွေနား ကပ်စပြုလာပြီး အဓိပ္ပါယ်မရှိတဲ့ အကြောင်းတွေကို ပြောနေတတ်ပါတယ်။ သက်တူရွယ်တူတွေနဲ့ ပေါင်းသင်းနေသူတွေကတော့ ပိုပြီးရှက်တတ်လာတာ၊ တိတ်ဆိတ်လာတာမျိုးရှိနိုင်ပြီး သူတို့ကမ္ဘာထဲ သူတို့နေနေသလို ဖြစ်လာပါတယ်။

    ဒီ စိတ်ဝေဒနာကို ဘယ်လို ကုသရမလဲ။

    စောစော ရောဂါအတည်ပြုပြီး ဆေးကုသမှုခံယူဖို့ကတော့ မဖြစ်မနေလုပ်ရမှပါ။ အထက်ဖော်ပြပါ ပြဿနာတွေရှိနေတဲ့ ကလေးတွေနဲ့ လူငယ်တွေမှာ တိုးတက်မှုတွေ တွေ့လာဖို့ကလည်း အထူးကို အရေးကြီးပါတယ်။ ဒီကလေးတွေအတွက် အခြားသော ကျွမ်းကျင်သူတွေက လုပ်ပေးတဲ့ တစ်ယောက်ချင်းစီအတွက် ကုသမှု လမ်းစဉ်တွေကလည်း လိုအပ်ပါသေးတယ်။

    ဆေးဝါးကုသခြင်းတွေနဲ့အတူ အခြားသောကုထုံးတွေဖြစ်တဲ့ မိသားစုနဲ့ကုသခြင်းတွေ အထူးအစီအစဉ်တွေ (wraparound services, အစောပိုင်းစိတ်ဝေဒနာကုထုံးတွေ) စတာတွေနဲ့ ပေါင်းစည်းပြီး ကုသဖို့လည်း လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်း (ဖိအားတွေလျော့အောင်ထိန်းခြင်း၊ ငါးကြိးဆီစားခြင်း)၊ အခြားသော ထောက်ပံ့မှုတွေ( ကုထုံးနဲ့ ကျောင်းရဲ့ အထောက်အပံ့) နဲ့ စိတ်ဝေဒနာကုသနိုင်တဲ့ဆေးဝါးတွေဟာ လက္ခဏာအများစုနဲ့ အတည်ပြုပြီးသား ပြဿနာတွေအတွက် အသုံးဝင်နိုင်ပါတယ်။

    ဆေးတွေအသုံးပြုမယ် မပြုဘူး၊ ဆေးကုမယ်မကုဘူးဆုံးဖြတ်ရတာ ခက်ခဲနိုင်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့ စိတ်ဝေဒနာကုသဆေးတွေ (atypical antipsychotic drugs) တွေဟာ ပိုပြီးအသုံးဝင်၊ အရေးကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ စံပြဆေးဝါးတွေနဲ့စာရင် ဘေးထွက်ဆိုးကျိုးပိုပြီးနည်းပါတယ်။

    ဒီဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အလေးချိန်တိုးလာတာ၊ ဆီးချိုနဲ့ ကိုလက်စထရော လယ်ဗယ်မြင့်လာတာတွေ ဖြစ်စေနိုင်ပါတယ်။ မိဘတွေဟာ ကလေးတွေ၊လူငယ်တွေနဲ့အတူ တိုးတက်လာမှုတွေ၊ ရောဂါ အတည်ပြုမှုတွေနဲ့ ဒီဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် ကုထုံးတွေအကြောင်း စိတ်ရောဂါကုဆရာဝန်တွေနဲ့ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement