လူတွေဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ပေါ့သေးသေးလို့ပဲ မှတ်ယူကြတယ်။ ဖွင့်ပြောရမှာ ရှက်ရွံ့တာကြောင့်၊ ကိုယ့်ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က သိသွားတဲ့အခါ အထင်သေးမှာ၊ ကဲ့ရဲ့ဝေဖန်ကြမှာ ကြောက်ရွံ့တာကြောင့် ကိုယ့်ရဲ့ စိတ်အခြေအနေကို လူတော်တော်များများက ဖွင့်မပြောပဲ ရင်ထဲမှာပဲ မြိုသိပ်ထားလိုက်ကြတယ်။