တစ်နေ့တာ အလုပ်တွေကို အကောင်းဆုံးပြီးဆုံးအောင်လုပ်နိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အာရုံစူးစိုက်မှုပါ။ စာရေးစာဖတ်တာကစလို့ လုပ်ဆောင်စရာ ကိစ္စအဝဝကို အကောင်းဆုံးပြီးစီးနိုင်ဖို့က အာရုံစူးစိုက်နိုင်စွမ်းကောင်းဖို့ မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ ကိုယ်ရည်ကိုယ်သွေးအတွက် အရေးပါတဲ့ အာရုံစူးစိုက်နိုင်စွမ်းကောင်းဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ ဒါတွေလုပ်ပါ
အာရုံစူးစိုက်နိုင်စွမ်းကောင်းကောင်းနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်ပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်ဖို့ လိုပါမယ်။
အစိမ်းရောင်အချိန်လေးထားပေးပါ
အစိမ်းရောင်မြင်ကွင်းလေးတွေကလည်း အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက် သဘာဝပတ်ဝန်းကျင်နဲ့ထိတွ့ကြည့်ပါ။ တစ်နေ့ပြီးတစ်နေ့ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။ အလုပ်ခွင်ထဲမှာ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေကို ထားတာကလည်း အလုပ်လုပ်ဆောင်နိုင်စွမ်းကို ၁၅ ရာခိုင်နှုန်းလောက်ထိတိုးစေနိုင်ပါတယ်။ ဒါကြောင့် ရုံးခန်းထဲမှာ အစိမ်းရောင် အပင်တွေ မထားဖြစ်ရင်တောင်မှ တစ်နေ့တာမှာ ၁ နာရီ ဒါမှမဟုတ် နာရီဝက်လောက် အစိမ်းရောင်ရှုခင်းတွေကို ကြည့်ပေးပါ။
ကိုယ့်ကိုကိုယ် အနားပေးဖို့ မမေ့ပါနဲ့
အနေအထိုင်အစားအသောက်ဂရုစိုက်ပါ
နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ပါကျန်းမာနေစေဖို့နေထိုင်စားသောက်မှုကိုသေချာလေးဂရုစိုက်စေချင်ပါတယ်။ လူတစ်ယောက်ရဲ့နေထိုင်စားသာက်မှုပုံစံက အာရုံစူးစိုက်နိုင်စွမ်းပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးမှုမျာ အာရုံစူးစိုက်မှုကိုကောင်းစေနိုင်တဲ့ အစားအသောက်တွေဖြစ်တဲ့ သစ်ကြားသီး၊ထောပတ်သီး၊ချောကလက်တို့ကို စားပေးပါ။ အိပ်ရေးဝဝအိပ်ဖို့လည်း မမေ့ပါနဲ့။
လေ့ကျင့်ခန်းလုပ်ပါ
အာရုံစူးစိုက်မှုကောင်းစေဖို့ဆိုရင်လေ့ကျင့်ခန်းလုပ်ဖို့မေ့ထားလို့ မဖြစ်ပါဘူး။လေ့လာမှုအရ တစ်ပတ်ကို ၇၅ မိနစ်ကနေ ၂၂၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်သူတွေက အခြားသူတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းကြပါတယ်။ ဒါကြောင့် မအားဘူးဆိုရင်တောင် တစ်နေ့ကို ၂၅ မိနစ်လောက်ယောဂလေ့ကျင့်ခန်းလေးလုပ်ပေးပါ။
ကိုယ်အလေးချိန်ထိန်းညှိပါ
လူတစ်ယောက်မှာ ကိုယ်အလေးချိန်တက်လာလေလေ အာရုံစူးစိုက်နိုင်စွမ်းကျလာလေလေပါ။ ဒါ့အပြင် အဝလွန်မှုကလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်နိုင်စွမ်းကောင်းစေချင်ရင်တော့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ မမေ့ပါနဲ့။
ဒီအချက်လေးတွေကို ဂရုစိုက်လို့ အာရုံစူးစိုက်နိုင်စွမ်းကောင်းအောင် ကိုယ့်ကိုကိုယ်ပျိုးထောင်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ……
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]