backup og meta

အမျိုးသားတွေအတွက် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 12/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေအတွက် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

    ဆံပင်က ဒုတိယမျက်နှာဆိုတဲ့ စကားက အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း မှန်ပါတယ်။ အမျိုးသမီးတွေက ဆံပင်ကို အချိန်ပေး ဂရုစိုက်တတ်ကြပေမယ့် အမျိုးသားတွေကတော့ ခေါင်းလျှော်တယ်၊ ဆံပင်ရှည်လာရင် ညှပ်တယ်ဆိုတာလောက်ပဲ လုပ်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း ဆံသားကို တသသ လုပ်မနေရင်တောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။

    ဒီတစ်ခေါက်တော့ ဆံပင်ကျဲတာ၊ ထိပ်ပြောင်တာတွေ ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်စေဖို့ အမျိုးသားတိုင်း လိုက်နာဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း တွေကို ပြောပြပေးပါရစေ။

    အမျိုးသားတိုင်း သိထားဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

    ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက်

    သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို သုံးပါ

    ဆံသား ကျန်းမာရေးအတွက် အရေးပါတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တဲ့အခါ ဆံသား နဲ့ ဦးရေပြားကို ထိခိုက်မှု ကင်းကင်းနဲ့ အကောင်းဆုံး သန့်စင်ပေးမယ့် သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးစေချင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည် ရွေးတဲ့အခါ ဆံသားကို ကျန်းမာစေပြီး ထူထဲလှပစေဖို့ အားဖြည့်ပေးမယ့် အာဟာရဓာတ်တွေဖြစ်တဲ့ wheat protein၊ amino acids နဲ့ ဗီတာမင် E တို့ ပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုး ရွေးချယ်ပါ။

    နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

    ယောက်ျားလေး တော်တော်များများက နေ့တိုင်း ခေါင်းလျှော်တတ်ကြပါတယ်။ တကယ်ကတော့ ဒီအလေ့အကျင့်က ဆံသားကို ထိခိုက်စေပါတယ်။ ဒီလို နေ့တိုင်း ခေါင်းလျှော်တာက ဆံသားကို ခြောက်သွေ့ ပျက်စီးစေသလို ဆံပင်ကျွတ်စေနိုင်တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ အများဆုံး ခေါင်းလျှော်ဖို့ ပြောပါရစေ။

    Conditioner သုံးပါ

    ယောက်ျားလေးပဲ ခေါင်းလျှော်ရင် လုံလောက်ပါပြီလို့ မတွေးပါနဲ့။ ခေါင်းလျှော်ရုံနဲ့ မလုံလောက်ပါဘူး။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်းမှာ အမျိုးသမီး တွေလိုပဲ Conditioner ကို အသုံးပြုစေချင်ပါတယ်။ ဒါမှ ဆံသားကို လိုအပ်တဲ့ အာဟာရ ဖြည့်ပေးနိုင်ပြီး ဆံပင်ကို အစိုဓာတ်ထိန်းပေးလို့ နက်မှောင် တောက်ပတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။

    ဆံပင်ညှပ်ဆိုင် ပုံမှန်သွားပါ

    ဆံပင်တွေကို အဖျားတိတာက မိန်းကလေးတွေနဲ့ပဲ ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်ကျန်းမာရေးအတွက် ဆံပင် အဖျားတွေကို ပုံမှန်တိဖို့ လိုပါမယ်။

    ဒါကြောင့် ဆံပင်ကို ပုံမှန် အဖျားတိပေးပါ။ ၂ ပတ် တစ်ခါ ၃ ပတ် တစ်ခါလောက် ဆံပင်ညှပ်ဆိုင် ပုံမှန် သွားပေးတာက ဆံသား ကျန်းမာရေးကို စောင့်ရှောက်ရာ ကျပါတယ်။

    ဆံပင်ကို ညင်ညင်သာသာ ကိုင်တွယ်ပါ

    ဆံပင်ကို ခေါင်းလျှော်ပြီးလည်း တဘက်နဲ့ ခပ်​ကြမ်းကြမ်း သုတ်မယ်။ ခေါင်းကိုလည်း ခပ်ကြမ်းကြမ်း ဖြီးမယ် ဆိုရင်တော့ ဆံသားတွေ ပျက်စီးမှာ အသေအချာပါ။

    တတ်နိုင်သမျှ ဆံပင်ကို ရေသုတ်တဲ့အခါ ပုံသွင်းတဲ့အခါ ညင်ညင်သာသာ ကိုင်တွယ် စေချင်ပါတယ်။

    သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတဲ့ Styling Product ကိုရွေးချယ်ပါ

    ဆံပင်ပုံသွင်းရာမှာ အသုံးပြုတဲ့  styling product အများစုမှာ ဆံပင်ကို ခြောက်သွေ့ ပျက်စီးစေတဲ့ အရာတွေ တော်တော်လေး ပါဝင်နေပါတယ်။

    ဒါတွေကို အချိန်ကြာမြင့်စွာ အသုံးပြုမှုက ဆံသားကို ထိခိုက်စေမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။

    ဒါကြောင့် ဆံပင်ကို စမတ်ကျကျ ပုံလှလှလေး ပုံသွင်းဖို့ styling product တွေကို သုံးမယ်ဆိုရင် သဘာဝ ပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတဲ့ အရာမျိုးကို ရွေးချယ်စေချင်ပါတယ်။ ဆံသား ထိန်းသိမ်းနည်း မှန်ကန်မှ ဆံသား ကျန်းမာမှာပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 12/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement