backup og meta

ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက်

    ကိုရီးယားဆန်ဆန် လှချင်နေတဲ့ ဒီခေတ်ထဲမှာ မုတ်ဆိတ် သပ်သပ်ရပ်ရပ်လေး ထားပြီး ယောက်ျားဆန်ဆန် ကြည့်ကောင်းချင်တဲ့ ကိုကိုတွေများ ရှိနေသေးလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ ဒီ ဆောင်းပါးလေးထဲမှာ မုတ်ဆိတ်ပေါက်စေမယ့်နည်းလမ်း တွေနဲ့ ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့ အနေနဲ့ ဘာတွေ ဂရုစိုက်သင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။

    ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက်

    ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက် မုတ်ဆိတ် ထွက်စေမယ့် နည်းလမ်းကောင်းလေးတွေ ကတော့

    • ရို့စ်မယ်ရီ အဆီ နဲ့ အုန်းဆီ

    ရို့စ်မယ်ရီ အဆီ နဲ့ အုန်းဆီကို ရောစပ်ထားတဲ့ အဆီကို ဦးရေပြားမှာ လူးပေးမယ်ဆိုရင် ဆံပင်သန်စေနိုင်သလို မုတ်ဆိတ်မွေး ထွက်တဲ့ နေရာမှာ လိမ်းပးမယ်ဆိုရင် မုတ်ဆိတ်ကို သန်စေမှာပါ။

    အသုံးပြုရမယ့် နည်းလမ်းကတော့ ရို့စ်မယ်ရီအဆီ တစ်ဆကို အုန်းဆီ ၁၀ ဆနဲ့ ရောပြီး မုတ်ဆိတ် ထွက်မယ့် နေရာမှာ လူးပေးရပါမယ်။ ပြီးရင် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ထားပေးပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

    အရေပြားမှာ ဓာတ်မတည့်မှု တစ်စုံတရာ ဖြစ်မယ်ဆိုရင် မျက်နှာသစ်ဆေး သုံးပြီး ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် အသုံးပြုပေးနိုင်ပါတယ်။ အချိုးအစား မှန်ကန်ဖို့တော့ ဂရုစိုက်ပါနော်။

    မုန်ညှင်းဆီ ထုတ်တဲ့ မုန်းညှင်းပင်ရဲ့ အရွက်ကို ဇီးဖြူသီး အဆီအနှစ် နဲ့ ရောစပ်ပြီး မျက်နှာကို လူးပေးမယ် ဆိုရင်လည်း မုတ်ဆိတ် ထွက်စေမှာပါ။ မုတ်ဆိတ်ထွက်တဲ့ နေရာကိုပဲ လူးပေးဖို့လိုပါမယ်။
    ဇီးဖြူသီး အဆီအနှစ် ခွက် ၄ ပုံတစ်ပုံစာကို မုန်ညှင်းစေ့ပင် အရွက် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာ နဲ့ရောပြီး ကြိတ်ခြေပေးပါ။ ရလာတဲ့ အနှစ်ကို မုတ်ဆိတ် ထွက်မယ့် နေရာမှာ လူးပေးပါ။ ပြီးရင် မိနစ် ၂၀လောက် ထားပေးပါ။ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့တစ်ခုကို သုံးပြီး ရေအေးကို သုံးလို့ သန့်စင်ဆေးကြောပါ။
    နေ့တိုင်းအသုံးပြုပေးလို့ ရပါတယ်။ တစ်ခါလုပ်ထားပြီးသား အနှစ်ကို ရေခဲသေတ္တာထဲမှာ ၂ ရက်ကနေ ၃ ရက်အထိ ထားပေးလို့ ရပါတယ်။
    ဒီနည်းလမ်းက မုတ်ဆိတ်တွေကို မြန်မြန်ဆန်ဆန် သန်လာစေမယ့် နည်းတစ်ခုပါ။ အလွယ်တကူလည်း လုပ်လို့ရတဲ့ နည်းတစ်ခုပေါ့။
    သံပရာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောစပ်လို့ မျက်နှာပေါ်က မုတ်ဆိတ် ထွက်မယ့် မေးရိုးတလျှောက်ကို လိမ်းပေးရမှာပါ။ ရောစပ်ထားတဲ့ အနှစ်ကို ခပ်ပါးပါးလေး လူးပေးပြီး ၂၅ မိနစ်ကနေ နာရီဝက်ကြာ ထားပေးပါ။
    ပြီးရင်တော့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့နဲ့ ရေအေးကို အသုံးပြုလို့ မျက်နှာကို ဆေးကြောသန့်စင်လိုက်ပါနော်။ နောက်တဆင့်ကတော့ မျက်နှာကို ရေခြောက်အောင် သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်လေး တစ်ခုခု လိမ်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ် လုပ်ပေးလို့ ရပါတယ်။
    မုတ်ဆိတ် ပေါက်ဆေးတွေလည်း ရှိပေမယ့် သဘာဝပစ္စည်းတွေနဲ့ အန္တရာယ် ကင်းကင်းလေး စမတ်ကျ လှပချင်တယ် အမျိုးသားတွေ အတွက်တော့ ဒီနည်းက အဆင်ပြေမှာပါနော်။ မုတ်ဆိတ် ထွက်စေဖို့က ဒီနည်းတွေကို အသုံးပြုလို့ရတဲ့အပြင် အိပ်ချိန်၊ အစားအသောက်တွေကို ဂရုစိုက်ဖို့ လိုသလို သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါဦးမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement