backup og meta

အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ

    အမျိုးသားတွေရဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက ရိုးရှင်းပြီး သမာရိုးကျဖြစ်ကာ လွယ်ကူသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အမျိုးသမီးတွေလိုမျိုး အဆင့်ဆင့်လိမ်းခြယ်မှု တွေမလိုအပ်သလို ခရင်မ်တွေကိုလည်း အထူကြီးလိမ်းစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောပြရမယ်ဆိုရင်တော့ အရမ်းကြည့်ရဆိုးနေတာမျိုးမဖြစ်စေဘဲ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းစေဖို့အတွက် အချိန်နည်းနည်းလောက်ပေးပြီး အရေပြားကို ထိန်းသိမ်းပေးသင့်ပါတယ်။ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ မလိုအပ်ပါဘူး။ သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့တင် အရေပြားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့လုံလောက်ပါတယ်။ ကျွမ်းကျင်သူ တွေရဲ့ကျန်းမာ၊ သန့်စင်ပြီး အစိုဓါတ်ထိန်းသိမ်းနည်း အကြံပြုချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။

    ၁။ အရေပြားကိုသန့်စင်ပေးပါ

    အမျိုးသားများစုဟာ နေ့အချိန်မှာ အရေပြားအချို့နေရာတွေမှာ အဆီပြန်လေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာတောင် အဆီပြန်လေ့ရှိပါတယ်။ အဆီပြန်လွန်းတဲ့အခါ အရေပြားစေးကပ်ပြီး ချွေးပေါက်ပိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတဲ့အပြင် သင်တုန်းဓါးနဲ့ အမွေးမျှင်တွေကိုရိတ်တဲ့အခါ ချောချောမွေ့မွေ့ မဖြစ်စေပါဘူး။ ဒါကြောင့်မုတ်ဆိတ်မရိတ်ခင်မှာ ချွေးပေါက်တွေအဆီနဲ့ပိတ်မနေအောင် မျက်နှာသစ်ဆပ်ပြာ၊ ရေတို့နဲ့ မျက်နှာကို အရင်ဆုံး သန့်စင်ပေးပါ။

    ၂။ မုတ်ဆိတ်ရိတ်ဖို့အသင့်ပြင်ပါ

    သင်တုန်းဓါးနဲ့မျက်နှာပေါ်ကအမွေးမျှင်တွေကို မရိတ်ခင်မှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ပက်ဖျန်းပေးသင့်ပါ တယ်။ ဒီလိုလုပ်ဆောင်လိုက်တာက မျက်နှာပေါ်က ချွေးပေါက်လေးတွေကို ပွင့်စေပါတယ်။ အထက်ပါအဆင့်တွေကို လုပ်ဆောင်ပြီးပြီဆိုရင်တော့ မုတ်ဆိတ်ရိတ်ရာမှာသုံးတဲ့ ခရင်ခ်ကိုဖြစ်ဖြစ် ဂျယ်လ်တစ်မျိုးမျိုးဖြစ်ဖြစ် ညင်ညင်သာသာလိမ်းပေးပါ။ ဒီလိုပြုလုပ်ခြင်းက မျက်နှာကိုအစိုဓါတ်ရရှိပြီး နူးညံ့နွေးထွေးမှုကို ထိန်းပေးပါတယ်။ အရေပြားကနူးညံ့လေလေ မုတ်ဆိတ်ရိတ်ရတာ ပိုပြီးအဆင်ပြေလေလေပဲဖြစ်ပါတယ်။

    ၃။ မုတ်ဆိတ်ကောင်းကောင်းရိတ်လို့ရစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းများ

    နောက်ထပ်မုတ်ဆိတ်ရိတ်ရာမှာအသုံးပြုလို့ရမယ့် ရိုးရှင်းတဲ့နည်းလမ်းကတော့ ရေချိုးရင်း မုတ်ဆိတ်ရိတ်တာပဲဖြစ်ပါတယ်။ ရေချိုးရင်းမုတ်ဆိတ်ရိတ်တာက အချိန်သက်သာစေသလို အစိုဓါတ်ကိုလည်းထိန်းသိမ်းပေးပါတယ်။ ချွေးပေါက်တွေကိုလည်းပွင့်စေရုံသာမက အမွေးမျှင်တွေကို နူးညံ့စေသလိုရိတ်ရတာလည်း ပိုမိုလွယ်ကူအဆင်ပြေ စေပါတယ်။

    ၄။ အမွှေးမျှင်တွေကို မွှေးညှင်းပေါက်နဲ့ လားရာ ဆန့်ကျင်ဘက်ကိုရိတ်တာမျိုးမလုပ်ပါနဲ့။

    မျက်နှာပေါ်က အမွေးမျှင်တွေကို မွှေးညှင်းပေါက်တွေနဲ့ဦးတည်ရာ ဆန့်ကျင်ပြီးရိတ်တာက အကောင်းဆုံးသောနည်းလမ်း တစ်ခုမဟုတ်ပါဘူး။ ဒီလိုမျိုးနည်းနဲံ အမွေးမျှင်တွေကိုရိတ်တာက အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေသလို မုတ်ဆိတ်မွေးတွေကိုလည်းပျက်စီးစေပါတယ်။ အရေပြားကို အထိအခိုက်နည်းစေမယ့်မုတ်ဆိတ်ရိတ်နည်းတစ်ခုကတော့ မွှေးညှင်းပေါက်တွေရဲ့လားရာအတိုင်းရိတ်ပေးတာပဲဖြစ်ပါတယ်။

    ၅။ မှန်ကန်တဲ့မုတ်ဆိတ်ရိတ်ဓါးကိုရွေးချယ်ပါ။

    အသွားတစ်ခု (သို့) အသွားနှစ်ခုနဲ့ မုတ်ဆိတ်ရိတ်ဓါးကို ရွေးနိုင်ပါတယ်။ အချိန်တိုအတွင်းမှာ မုတ်ဆိတ်ရိတ်ပြီးချင်တယ်ဆိုရင်တော့ အသွား ၃ ခု ဒါမှမဟုတ် ၅ ခုပါတဲ့မုတ်ဆိတ်ရိတ်ဓါးကိုအသုံးပြုသင့်ပါတယ်။ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ သင့်အနေနဲ့ ကိုယ်အသုံးပြုနေတဲ့ မုတ်ဆိတ်ရိတ်ဓါးကိုနှစ်ခြိုက်သဘောကျသင့်သလို မုတ်ဆိတ်ရိတ်ဓါးသုံးတဲ့အခါမှာလည်း အားအများကြီးမသုံးမိဖို့ အရေးကြီးပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အားထည့်ပြီးရိတ်မယ်ဆိုရင် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို ကြည့်ရဆိုးတဲ့ ပြတ်ရှဒဏ်ရာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

    ၆. အချိန်ယူပြီးလုပ်ဆောင်ပါ။

    သင်တုန်းဓါးနဲ့မုတ်ဆိတ်ရိတ်ခရင်မ်တွေကို အလောတကြီးအသုံးပြုခြင်းက အရေပြားကိုထိခိုက်ပျက်စီးစေနိုင်သလို ထိရှလွယ်စေပါတယ်။ မနက်ခင်းအစမှာ မုတ်ဆိတ်ရိတ်ဖို့အချိန်အလုံအလောက်ယူပါ။ ရေချိုးနေစဉ် မုတ်ဆိတ်ရိတ်ဖို့ အချိန်အနည်းငယ်ပေးပါ။ မုတ်ဆိတ်ရိတ်ခရင်မ်ကိုအသုံးပြုပြီးမှမုတ်ဆိတ်ရိတ်ပေးပါ။

    ၇။ နေ့ရောညပါ အစိုဓါတ်ထိန်းခရင်မ် အသုံးပြုပေးပါ။

    အစိုဓါတ်ထိန်းခရင်မ် (သို့) လိုးရှင်းတစ်မျိုးမျိုးကို နေ့ရောညပါ အရေပြားကိုလိမ်းပေးပြီး အစိုဓါတ်ကို ထိန်းသိမ်းပေးပါက မုတ်ဆိတ်ရိတ်တဲ့အခါ ပိုမိုချောမွေ့လွယ်ကူစွာရိတ်နိုင်မှာဖြစ်ပါတယ်။ အစိုဓါတ် ထိန်းထား တာကြောင့် အရေးပြားမှာထိရှတာတွေမဖြစ်အောင်ကူညီပေးသလို စပ်ဖျဉ်းဖျဉ်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဗီတာမင် အီး၊ shea သစ်ပင်မှရတဲ့အဆီထောပတ် (သို့) အဆီတစ်မျိုးမျိုးကို အသုံးပြုပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement