backup og meta

ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 26/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

    ဆံပင်ပါးတယ်၊ ဆံပင်ကျွတ်လွန်းပြီး ထိပ်ပြောင်နေတယ်၊ နဖူးပြောင်နေတယ်ဆိုတာဟာ လူတိုင်းရဲ့ စိတ်ကို အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ဆိုတာ အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ကျွတ်မှာပဲဆိုတဲ့ စကားလေးအတိုင်း ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဆိုပေမယ့် ပုံမှန်ထက်များတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်နေရင်တော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့ ပြောလို့မရတော့ပါဘူး။ ဆံပင်ကျွတ်သူတိုင်း  ဘာကြောင့် ဖြစ်ရတာလဲဆိုတာနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာတွေကို သိထားဖို့ လိုလာပါပြီ။

    ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

    • ပုံမှန် ဆံပင်ကျွတ်နိုင်တဲ့ ပမာဏကဘယ်လောက်လဲ။

    ပုံမှန်ထက်ကျော်ပြီး ဆံပင်ကျွတ်တာ မကောင်းဘူးဆိုတော့ ပုံမှန် ဆံပင်ကျွတ်တဲ့ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။

    ဒီတော့ ၁၀၀ ထက်ကျော်လာပြီဆိုရင် ပုံမှန်ဖြစ်နေကျ ဆံပင်ကျွတ်တယ်လို့ ပြောလို့မရတော့ပါဘူး။ ရှင်းရှင်းပြောရရင် ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ တစ်ထွေးလိုက်ကြီးပါလာတာ၊ လက်နဲ့ ဆုပ်ကိုင်လိုက်ရင်တောင် ဆံပင်တွေ အလွယ်တကူပါလာတာမျိုးတွေပေ့ါ။

    • ဘာကြောင့် ဆံပင်တွေ တအားကျွတ်ရတာလဲ။

    ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ သူတို့တွေကတော့

    • စိတ်ဖိစီးမှုများတဲ့အခါ
    • ဆံပင်ကျွတ်တဲ့ မျိုးရိုးရှိနေတာ၊
    • ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်လုပ်တာ
    • မီးဖွားချိန်နဲ့ သွေးဆုံးချိန်မှာ ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ဆံပင်ကျွတ်တာ
    • Lupus လိုမျိုး ခုခံအားဆိုင်ရာရောဂါခံစားနေရတာ
    • Alopecia areata လို့ ခေါ်တဲ့ အမွေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါရှိနေတာ
    • ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့တာကြောင့်နဲ့
    • ကိုယ်သောက်နေတဲ့ ဆေး၊ ကင်ဆာဆေးတွေကြောင့် ဆံပင်ကျွတ်တာတွေဟာ ဆံပင်ကျွတ်ခြင်း အများဆုံးဖြစ်စေတဲ့ တရားခံတွေပါ။

    လူတစ်ယောက်ဟာ ပုံမှန် တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်ရမယ့်အစား ဒီပမာဏထက်ပိုပြီး ကျွတ်လာတာကို သတိထားမိတဲ့အချိန်၊ ဆံပင် အကွက်လိုက်၊ အထွေးလိုက် ကျွတ်နေတဲ့ အချိန်မျိုး ရောက်လာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာပြသပြီးပြဿနာအရင်းအမြစ်ကို အဖြေရှာဖို့ လိုလာပါပြီ။ ပြဿနာကို အဖြေရှာရုံနဲ့တင် မပြီးသေးပါဘူး။ ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတဲ့အပိုင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး။

    • ဒီတော့ ဆံပင်ကျွတ်တာ သက်သာအောင် ဘယ်လိုလုပ်ကြမလဲ ။ ။

    အဓိကကတော့ ဆံပင်ကျွတ်တဲ့အကြောင်းအရင်းကို အရင်ရှာပြီး အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ရင် ဆံပင်ကျွတ်တာကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။ နောက်တစ်ခုကတော့ ပါးသွား ၊ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ ဆံပင်တွေ ပြန်ပေါက်လာစေဖို့၊ ပါးနေတဲ့ ဆံပင်တွေ ပြန်သန်စေဖို့အတွက် ထုတ်ထားတဲ့ အဆီတွေ လိမ်းပေးလို့ရပါတယ်။ အလှအပဆိုင်ရာ ဆေးခန်းတွေမှာလည်း ကုထုံးတွေ ခံယူလို့ ရပါတယ်။

    • ဆံပင်မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ။

    (၁) ဆံပင် အတွက် အဓိက လိုအပ်တဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ နေ့စဉ်စားပေးပါ။

    (၂) ဆံပင်ကို ပုံမှန်လျှော်ပေးပါ။ ခဏခဏရှောင်တာကို ရှောင်ပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အပြင်းစား shampoo တွေကို မသုံးပါနဲ့။

    (၃) အပူပေးတဲ့ ကိရိယာတွေနဲ့ ဆံပင်ကိုကောက်တာ ဖြောင့်တာ၊၊ မြန်မြန်ခြောက်အောင် စိုနေတဲ့ဆံပင်မှာ dryer အပူသုံးတာမျိုးက ဆံပင်ကျွတ်တာကို အများဆုံး ဖြစ်စေပါတယ်။

    (၄) ဒီတော့ ခေါင်းလျှော်ပြီး ဆံသားကို သဘာဝအတိုင်း ခြောက်သွေ့အောင် ထားပါ။ဒါမှမဟုတ် blow  dryမှုတ်ပါ။ မလိုအပ်ဘဲ ဆံပင်ကို မကိုင်ပါနဲ့။ မပွတ်ဆွဲပါနဲ့။ ဘီးအစိတ်အစား ဘီးအကျဲတွေကို သုံးပြီး ခေါင်းဖြီးပါ။

    (၅) ဆံပင်မွေးညှင်းအိတ်လေးတွေကို ကြွစေလောက်တဲ့အထိ ဆံပင်ကို အရမ်းတင်းနေအောင် စည်းထားတာတွေ မလုပ်ပါနဲ့။

    (၆) ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။

    (၇) စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာအတွက်ရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းတဲ့အပြင် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ တရားခံလည်းဖြစ်တာကြောင့် စိတ်ဖိစီးမှု မရှိအောင် အတတ်နိုင်ဆုံးနေပါ။

    ရေးသားသူ – Dr. Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 26/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement