backup og meta

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ ….. အမျိုးသားတွေ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်ကို နေ့စဉ် လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကလေးအရွယ်ကတည်းက အာဟာရပြည့်ဝစုံလင်စွာ စားသုံးပေးမှ ယောက်ျားလေးတွေ အရွယ်ရောက်တဲ့အခါမှာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေလို့ ဘဝအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • ကယ်လ်စီယမ်ဓာတ်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

အရိုးတွေ သန်စွမ်းကျန်းမာစေဖို့ ကယ်လ်စီယမ်ဓာတ်က အထောက်အကူပေးပါတယ်။ အားကစားလိုက်စားသူတွေ အထူးသဖြင့် သန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရိုးအဆစ်ကို ပိုင်ဆိုင်လိုတဲ့ အမျိုးသားတွေအတွက် ကယ်လ်စီယမ်ဓာတ်ဟာ အလွန်အရေးကြီးပါတယ်။

ကယ်လ်စီယမ်ဓာတ်ဟာ နှလုံးကြွက်သားနဲ့ ဦးနှောက်အာရုံကြောတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအပြင် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာလည်း ကယ်လ်စီယမ်ဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

  • ကယ်လ်စီယမ်ဓာတ် မလုံလောက်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။

အရိုးကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓာတ် နည်းတဲ့သူတွေမှာ အရိုးပါးလာတာ၊ အရိုးမသန်မာတာ၊ အရိုးအဆစ်တွေ ကျိုးလွယ်တာအပြင် အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွ၊ အရိုးပါး ရောဂါ ဖြစ်နိုင်ခြေဟာ မြင့်တက်နေမှာ ဖြစ်တဲ့အတွက် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ကယ်လ်စီယမ်ဓာတ်ကို နေ့စဉ် လုံလောက်အောင် စားပေးဖို့ လိုပါတယ်။

ကယ်လ်စီယမ်ဓာတ် ချို့တဲ့နေတဲ့ ကလေးတွေ၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံ မရှိတဲ့ ကလေးတွေ ကြီးလာတဲ့အခါ အမျိုးသားတစ်ယောက်မှာ ရှိသင့်၊ ရှိထိုက်တဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအဆစ်ကို မရနိုင်ပါဘူး။ မေမေတွေအနေနဲ့ ကိုယ့်သားလေး မထွားလာဘူး၊ အရပ်မရှည်လာဘူးလို့ သံသယ ရှိပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပြီး ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ပိုကျွေးသင့်ပါတယ်။

  • ကယ်လ်စီယမ်ဓါတ်ကို ဘယ်ကနေ ရနိုင်သလဲ။

ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်တွေ မထုတ်လုပ်ပေးတဲ့အတွက် နေ့စဉ် ကယ်လ်စီယမ်ဓါတ် ပါဝင်တဲ့ အစာအာဟာရတွေကို သေချာစီမံပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။

ကယ်လ်စီယမ်ဓာတ် အများဆုံး ပါဝင်တဲ့ အစားအစာတွေကတော့

၁။ နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေ၊

၂။ ပန်းဂေါ်ဖီ၊ ကိုက်လန်ရွက် အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

၃။ ဆာဒင်းငါး၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ ငါးတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို ကောင်းစွာစုပ်ယူပေးနိုင်စေဖို့ ဗီတာမင် D ဓာတ်က ကူညီပေးပါတယ်။ ငါး၊ ကြက်ဥအနှစ်၊ ဟင်းသီးဟင်းရွက်ကနေတဆင့် ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် နေ့စဉ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံဟာ အရေးကြီးပါတယ်။

ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ စားပေးဖို့လိုလား။

အရွယ်ရောက်ပြီးသားသူတွေကို တစ်နေ့ကို ကယ်လ်ဆီယမ် ၇၀၀ မီလီဂရမ် လိုအပ်ပါတယ်။ နေ့စဉ် အစာအာဟာရကနေ ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ ရရှိနိုင်မယ်ဆိုရင် သာမန်လူတွေအနေနဲ့ ဖြည့်စွက်အားဆေးတွေသောက်ပေးဖို့ မလိုအပ်ပါဘူး။

သက်သက်လွတ်စားသူတွေ၊ နို့ထွက်ပစ္စည်းနဲ့ ဓာတ်မတည့်သူတွေ၊ မွေးရာပါ အရိုးပါးရောဂါရှိသူတွေမှာတော့ ပုံမှန်လူတွေထက် ကယ်လ်စီယမ်ဓါတ်ကို ပိုမိုလိုအပ်မှာဖြစ်လို့ ဖြည့်စွက်အားဆေးအနေနဲ့ စားပေးသင့်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီးမှ ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက် အားဆေးတွေကို မှီဝဲတာ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Calcium And Men Nutrition –https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/calcium-supplements/art-20047097 (Dec 12, 2018)

Why Is Calcium Essential For Men –https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/calcium-supplements/faq-20058371 (Dec 12, 2018)

ယခုပုံစံ

12/12/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

ကယ်လ်စီယမ်၏ အကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement