– အိမ်အသုံးအဆောင်ပစ္စည်းများမျှဝေသုံးစွဲခြင်း
– အစားအသောက်များအတူဝေမျှစားသုံးခြင်း
– မိခင်နို့တိုက်ကျွေးခြင်း (နို့သီးခေါင်းအက်ကွဲနေရင်တော့ကူးစက်နိုင်ပါတယ်)
– ပွေ့ဖက်ခြင်း၊ လက်ကိုင်ခြင်း
– နမ်းရှုံ့ခြင်း
ဒီလိုနည်းလမ်းတွေနဲ့ အသည်းရောင်အသားဝါစီဗိုင်းရပ်စ်မကူးစက်နိုင်ပါဘူး။
ကူးစက်နိုင်ခြေနိမ့်တာကြောင့် အသည်းရောင်အသားဝါစီပိုးကို လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါလို့ ခေါင်းစဉ်မတပ်ထားပေမဲ့ အောက်ပါ အုပ်စုထဲ ပါဝင်နေရင်တော့ လိင်ဆက်ဆံရာကနေ စီပိုးကူးစက်ခံရနိုင်ပါတယ်
– အပျော်အပါးလိုက်စားသူများ
-ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှု နည်းလမ်းများ ကျင့်သုံးသူများ (ဥပမာ-စအိုမှတစ်ဆင့် လိင်ဆက်ဆံခြင်း)
– နဂိုကတည်းက လိင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်မျိုးမျိုးရှိသူများ
– ခုခံအားကျဆင်းမှုရောဂါရှိသူများ
– ရာသီသွေးဆင်းနေချိန်တွင်လိင်ဆက်ဆံသူများ
– လိင်အင်္ဂါတွင် ဒဏ်ရာ၊ အနာတရ ဖြစ်နေချိန်တွင် လိင်ဆက်ဆံသူများ
– Sex toy များအား မျှဝေသုံးစွဲလေ့ရှိသူများ
စတဲ့အပြုအမူရှိသူတွေဆိုရင်တော့ တခြားသူတွေထက် လိင်ကနေတစ်ဆင့် အသည်းရောင်အသားဝါစီပိုး ပိုပြီးကူးစက်ခံရနိုင်ချေ ရှိတာကို သိထားသင့်ပါတယ်။
ရေးသားသူ – Dr.Htoo Tint
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။