backup og meta

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ဘယ်လောက်ပေးကြမလဲ။

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ဘယ်လောက်ပေးကြမလဲ။

ကိုဗစ်လူနာ တွေမှာ အောက်ဆီဂျင်ကျပြီဆိုရင် အောက်ဆီဂျင်ပေးကြရပါပြီ။ သာမန်အချိန်မှာ လူတွေက လေထဲက အောက်ဆီဂျင်ကို ရှူတာနဲ့တင် လုံလောက်နေတဲ့အတွက် သီးသန့်ပေးစရာ မလိုပါဘူး။ ကိုဗစ်လူနာတွေမှာတော့ အဆုတ်ထိခိုက်ပြီး ရှူသလောက် မရတော့ဘူးဆိုရင် အပြင်ကနေ အပိုဆောင်း အောက်ဆီဂျင်ထပ်ပေးရပါပြီ။ ဒီအခါ ပေးပုံပေးနည်း မှန်ဖို့ လိုပါတယ်။

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ပေးရာမှာ တွေ့ရတတ်တဲ့ အလွဲများ

အောက်ဆီဂျင်ကို လေထဲက ရှူနေရတာ မဟုတ်ဘဲ စလင်ဒါက၊ စက်တွေက ပေးမယ်ဆို ‘ဆေး’ ဖြစ်သွားပါပြီ။ ဆေးအနေနဲ့ သုံးရပြီဖြစ်တဲ့အတွက်  ဆရာဝန်ရဲ့ ညွှန်ကြားချက်လိုလာပါပြီ။ ဒါကြောင့်

  • အောက်ဆီဂျင်လိုတဲ့ လူနာကို မိသားစုဝင်တွေက ကိုယ့်သဘောနဲ့ ကိုယ် အောက်ဆီဂျင် မပေးသင့်ပါဘူး။ အရေးပေါ်အခြေအနေမို့လို့ အောက်ဆီဂျင် ပေးထားလိုက်ပြီဆိုရင်လည်း ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ပြသင့်ပါတယ်။ အောက်ဆီဂျင်လိုတဲ့ ကိုဗစ်လူနာက ဆရာဝန်နဲ့ ပြကို ပြရမယ့် အခြေအနေမို့လို့ပါ။ အပြင်မထွက်နိုင်ရင်တောင် အွန်လိုင်းဆေးခန်းတွေကနေ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • အောက်ဆီဂျင်ကို ဇယားအတိုင်းပေးတာ၊ ပုံသေနည်းတွေနဲ့ ပေးတာလည်း မလုပ်ရပါဘူး။ လူနာရဲ့ အခြေအနေ၊ အောက်ဆီဂျင် ဘယ်လောက်ကျနေလဲ၊ ဘယ်လောက်ထိတင်ချင်တာလဲ ဆိုတာပေါ် မူတည်ပြီး ပေးရတာပါ။
  • အောက်ဆီဂျင်ကို ညွှန်တဲ့အတိုင်း မပေးဘဲ အတိုးအလျှော့လုပ်တာ။ ဆရာဝန်ညွှန်ကြားထားတဲ့ လီတာအတိုင်း မပေးဘဲ များနေလို့၊ အဆုတ်ကွဲမှာစိုးလို့ လျှော့ပေးတာမျိုးလည်း မလုပ်ရပါဘူး။

အောက်ဆီဂျင်ကို ဘယ်လောက်ထိရအောင် ပေးကြမလဲ။

ကိုဗစ်လူနာရဲ့ သွေးတွင်းအောက်ဆီဂျင်ကို လက်ထိပ်မှာ စက်နဲ့ တိုင်းပေးပါ။ အထူးသဖြင့် လူနာ

သာမန်ကိုဗစ်လူနာဆိုရင်လည်း ၆နာရီခြားလောက် ပုံမှန်တိုင်းပေးပါ။ ဒါမှ တစ်ရက်ထက် တစ်ရက် ပိုကျလာလား။ အောက်စီဂျင်လိုနိုင်သလားဆိုတာ သိနိုင်မှာပါ။ Silent hypoxia လို့ခေါ်တဲ့ လူနာ လန်းနေလျက်နဲ့ သွေးတွင်းအောက်ဆီဂျင်ကျတဲ့ အခြေအနေကိုလည်း ကြိုသိနိုင်ပါတယ်။

ပုံမှန်လူကောင်းတစ်ယောက်မှာ သွေးတွင်းအောက်ဆီဂျင်က ၉၅ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိပါတယ်။ ဒီလူတွေမှာ ကိုဗစ်ကြောင့် အဆုတ်ရောင်လို့ သွေးတွင်းအောက်ဆီဂျင်ကျတဲ့အခါ ကိုယ့်မှာရှိတဲ့ အောက်ဆီဂျင်ပေါ်မူတည်ပြီး ၉၂-၉၅ ရာခိုင်နှုန်းထိရောက်အောင် ပေးနိုင်ပါတယ်။

နာတာရှည် အဆုတ်ရောဂါအခံရှိတဲ့သူတွေကိုတော့ ၈၈-၉၂ ရာခိုင်နှုန်းကြား ပေးနိုင်ရင် အဆင်ပြေပါတယ်။

ကိုဗစ်လူနာ တွေမှာ အောက်ဆီဂျင်ကို ဘယ်လို ပေးကြမလဲ။

အောက်ဆီဂျင်ပေးနည်း နှစ်မျိုး ရှိပါတယ်။

  • ပထမနည်းကတော့ ပြင်းထန်အဆုတ်ရောင်လူနာတွေအတွက် သင့်တော်ပါတယ်။ ကိုဗစ်ကြောင့် အဆုတ်ရောင်တာ ပြင်းထန်လာပြီဆိုရင် သွေးတွင်းအောက်ဆီဂျင်က ၈၀ ရာခိုင်နှုန်းအောက်ထိရောက်တတ်ပါတယ်။ ဒီလူနာတွေကို အနည်းဆုံး ၈၈ ရာခိုင်နှုန်း၊ အများဆုံး ၉၂ ရာခိုင်နှုန်း ရအောင် ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ ချိန်ပြီး အောက်ဆီဂျင် အများဆုံးတင်ပါမယ်။ ပြီးမှ ချိန်ဆပြီးပြန်လျှော့ပါမယ်။  ဥပမာ

-Non-rebreathe maskကို သုံးပြီး တစ်မိနစ်ကို ၁၅လီတာနှုန်းနဲ့ ပေးပါမယ်။

-ပြီးရင် သွေးတွင်းအောက်ဆီဂျင်ကို လက်ထိပ်ကနေ တိုင်းပါ။

-၉၂ ရာခိုင်နှုန်းနဲ့ အထက်ဆိုရင် venturi အစိမ်းရောင်နဲ့ maskကို အောက်ဆီဂျင် ၁၅လီတာပေးပြီး စောင့်ကြည့်ပါ။

-၅မိနစ်ကြာရင် ပြန်တိုင်းပါ။

-၉၂ ရာခိုင်နှုန်းနဲ့ အထက်ဆိုရင် သာမန်maskကနေ အောက်ဆီဂျင် ၁၀လီတာ ပေးပြီး စောင့်ကြည့်ပါ။

-၅မိနစ်ကြာရင် ပြန်တိုင်းပါ။

-၉၂ ရာခိုင်နှုန်းနဲ့အထက်ဆိုရင်  ၁၀လီတာကို ဖြည်းဖြည်းလျှော့ပါ ဒါမှမဟုတ် နှာခေါင်းပိုက်နဲ့ ၄လီတာ ပေးပါ။

-အောက်ဆီဂျင် ပြန်တိုင်းပါ။ ၈၈ ရာခိုင်နှုန်းအောက်ဆိုရင် ခုနကအတိုင်း ပြန်တင်ပါ။

(Venturi maskက ရှာရခက်နိုင်ပါတယ်။ Venturi maskမရှိရင် အဲ့ဒီအဆင့်ကို ကျော်ပြီး သာမန်maskနဲ့ ပေးလို့ရပါတယ်)

အောက်ဆီဂျင်ကို အမြင့်ဆုံး ပေးတာတောင်မှ သွေးတွင်းအောက်ဆီဂျင် ၈၈ ရာခိုင်နှုန်းနဲ့အထက်ကို တက်မလာဘူးဆိုရင်တော့ အထူးကြပ်မတ်ကုသဆောင် ရှိတဲ့ ဆေးရုံကို ပြောင်းသင့်နေပါပြီ။

  • ဒုတိယနည်းကတော့ အဆုတ်ရောင်တာ သိပ်မပြင်းထန်တဲ့ လူနာတွေမှာ သုံးနိုင်ပါတယ်။ အောက်ဆီဂျင်လည်း ချွေတာလို့ရပါတယ်။

-သွေးတွင်းအောက်ဆီဂျင်ကို လက်ထိပ်ကနေတိုင်းပါ။

-၉၀ ပတ်ချာလည်လောက် ရှိတယ်ဆိုပါစို့။

-ဒါဆိုရင် နှာခေါင်းပိုက်ကနေ တစ်မိနစ် တစ်လီတာနှုန်းနဲ့ စပေးကြည့်ပါ။

-၅မိနစ်လောက်နေရင် ပြန်တိုင်းပါ။ ၉၂ ရာခိုင်နှုန်းအောက်ဆို ၂လီတာ တိုးပေးပါ။

-ဒီလိုနဲ့ ဖြည်းဖြည်းချင်း တိုးပေးပြီး လိုချင်တဲ့ပမာဏရောက်အောင် ချိန်ညှိလို့ရပါတယ်။

အောက်ဆီဂျင် ပမာဏနဲ့ သုံးရမယ့် ပစ္စည်းများ

ပစ္စည်းများဆိုတာ အောက်ဆီဂျင်ပေးရင် သုံးတဲ့ကိရိယာကို ပြောတာပါ။ နှာခေါင်းပိုက်တို့၊ maskတို့ပေါ့။

  • နှာခေါင်းပိုက်

အောက်ဆီဂျင် ၁-၄လီတာထိပေးမယ်ဆိုရင် နှာခေါင်းပိုက်ကို သုံးပါ။ ဒီထက် လီတာများရင်တော့ နောက်တစ်မျိုး ပြောင်းရပါမယ်။ လေအားပြင်းရင် နှာခေါင်းအမြှေးပါးတွေ ထိနိုင်လို့ပါ။ နှာခေါင်းပိုက်နဲ့ ပေးမယ်ဆိုရင် အောက်ဆီဂျင် ပါဝင်နှုန်းက ၃၀ ရာခိုင်နှုန်းအထိ ရနိုင်ပါတယ်။

  • သာမန်mask

အောက်ဆီဂျင် ၅-၁၀ လီတာအထိ  ပေးမယ်ဆိုရင် ဒီ maskကို သုံးပါ။ အောက်ဆီဂျင် ပါဝင်နှုန်း ၄၀ ရာခိုင်နှုန်းအထိ ရနိုင်ပါတယ်။

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ဘယ်လောက်ပေးကြမလဲ။

Venturi ဆိုတာ လေစီးဆင်းမှုကို ထိန်းထားပေးတဲ့ ဇကာပါ။ ဒီ maskနဲ့ဆို အောာက်ဆီဂျင် ပါဝင်နှုန်းကို ၂၄၊ ၂၈၊ ၃၅၊ ၄၀၊ ၆၀ ဆိုပြီး ရာခိုင်နှုန်း အတိအကျ ပေးလို့ရပါတယ်။ ဇကာကို အရောင်လေးတွေနဲ့ ၅မျိုး ခွဲထားပါတယ်။ ဥပမာ အစိမ်းရောင် Venturi ဇကာနဲ့ ၁၅လီတာပေးရင် လူနာရှူတဲ့ လေထဲမှာ အောက်ဆီဂျင် ၆၀ရာခိုင်နှုန်းလောက်ထိ ပါပါတယ်။

  •  Non-rebreathe mask

၁၀လီတာကနေ ၁၅လီတာလောက်ထိ ပေးရမယ်ဆို ဒီmaskကို သုံးသင့်ပါတယ်။ အိတ်တွဲလောင်းနဲ့ maskလို့ လူသိများပါတယ်။ ဒါနဲ့ ပေးရင် လူနာရှူတဲ့ လေထဲမှာ အောက်ဆီဂျင် ၈၅-၁၀၀ ရာခိုင်နှုန်းထိ ရနိုင်ပါတယ်။ အိတ်ဖောင်းအောင် အရင်လုပ်ပြီးမှ လူနာကို ပေးရှူရမှာပါ။

Venturi maskကတော့ ဝယ်ရခက်နိုင်လို့ လူနာရှင်တွေအနေနဲ့ နှာခေါင်းပိုက်ရယ်၊ သာမန် maskရယ်၊ အိတ်နဲ့ maskရယ် ၃မျိုးလောက် ဆောင်ထားရင် ရပါပြီ။

ဒါကြောင့် အောက်ဆီဂျင် ဘယ်လောက်များများရနိုင်လဲဆိုတာ အချက် ၂ချက်ပေါ်မူတည်ပါတယ်။

-ဘယ်လို maskနဲ့ ပေးလဲဆိုတာရယ်

-ဘယ်လောက်လီတာပေးသလဲ ဆိုတာရယ်ပါ။

တခြား သတိထားသင့်တဲ့ အချက်များ

ဒါတွေကတော့

  • စလင်ဒါကပဲ ပေးပေး၊ စက်ကပဲ ပေးပေး ရေပုလင်းကို ဖြတ်ပြီး လာတဲ့ လေပဲ ဖြစ်ပါစေ။ လေခြောက်ရင် ရှူရခက်ပြီး နှာခေါင်း အမြှေးပါးတွေ ပွန်းနိုင်ပါတယ်။ ဒီလိုဆို ရောဂါဝင်ဖို့ လွယ်ပါတယ်။
  • လူနာမှာ ပိုက်မတပ်ခင် စက်ကိုဖွင့်ပြီး လေထွက်မထွက် စစ်ဆေးပါ။ လေထွက်မှာ လူနာကို ပေးတပ်ပါ။ တချို့စလင်ဒါတွေမှာ အောက်ဆီဂျင် ကုန်နေမှန်း မသိဘဲ လူနာကို ပေးထားတတ်ပါတယ်။
  • အောက်ဆီဂျင် စစ်ပါစေ။ အထူးသဖြင့် စလင်ဒါတွေ ဝယ်တဲ့အခါ တခြားဓာတ်ငွေ့တွေ မပါအောင် သတိပြုပါ။
  • စက်ဝယ်ပြီး ရှူမယ်ဆိုရင်လည်း စိတ်ချရတာပဲ ဝယ်ပါ။ တချို့စက်တွေက လီတာများများ ပေးတဲ့အခါ အောက်ဆီဂျင် ပါဝင်မှုနှုန်း သိသိသာသာ ကျသွားတတ်ပါတယ်။ ဒါကြောင့် လူနာအနေနဲ့ လီတာအများကြီး ရှူနေသည့်တိုင် အောက်ဆီဂျင် မတက်တာမျိုး ဖြစ်တတ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://bmjopenrespres.bmj.com/content/4/1/e000170?fbclid=IwAR0X2cxx3j_0Jz2XxKBLT-Edgl5GXftaJC0lIR_YnlJBY8IChLAXue7LV7chttps://bmjopenrespres.bmj.com/content/4/1/e000170
https://moh.nugmyanmar.org/how-to-give-oxygen-to-covid-19-patient/

ယခုပုံစံ

13/10/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement