COVID-19 ရောဂါကပ်ဘေးကြီးစလာတော့ လုပ်ငန်းခွင်တွေလည်း သဘောသဘာဝတွေပြောင်းလဲပြီး နေအိမ်တွေကနေ အလုပ်လုပ်ဖို့ စီစဉ်ကြရတော့တာပေါ့။ Work form Home ပေါ့။
COVID-19 ရောဂါကပ်ဘေးကြီးစလာတော့ လုပ်ငန်းခွင်တွေလည်း သဘောသဘာဝတွေပြောင်းလဲပြီး နေအိမ်တွေကနေ အလုပ်လုပ်ဖို့ စီစဉ်ကြရတော့တာပေါ့။ Work form Home ပေါ့။
Work form Home ဖြစ်လာတဲ့အခါ မတူညီတော့တဲ့ လုပ်ငန်းခွင်အနေအထားကြောင့် မတူညီတဲ့ ပြဿနာတွေရင်ဆိုင်လာကြရပါတယ်။
နေအိမ်ကနေတဆင့် အလုပ်လုပ်ကိုင်ကြရတဲ့အခါ ရုံးလုပ်ငန်းခွင်တွေမှာလို Facility မျိုးတွေမဟုတ်တာကြောင့် ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်ရသူတွေမှာ ဇက်၊ လည်ပင်းနဲ့ ကျောကုန်းပိုင်ဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာကြရတာပါပဲ။
ဒီဘက်ခေတ်တွေမှာ Text Neck Syndrome လို ဝေဒနာ အသစ်အဆန်းတွေ ပေါ်ထွက်လာပါတယ်။ စမတ်ဖုန်းတွေ၊ အိတ်ဆောင် လက်ပ်တော့တွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။
မိုဘိုင်းဖုန်းနဲ့ တက်ဘ်လက် အသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့် လည်ပင်းရိုးနဲ့ ကျောရိုး ထိခိုက်နာကျင်မှုတွေ ပိုမိုခံစားလာကြရပါတယ်။
လည်ပင်းကို ရှေ့ဘက်ကို လိုအပ်တာထက် ပိုပြီး ငိုက်လိုက်မယ်ဆိုရင် ကျောဘက်မှာရှိတဲ့ လည်ပင်းရိုးပတ်လည်က ကြွက်သားတွေတင်းကျပ်လာတတ်ပြီး နာ့ဗ်ကြောတွေလည်း ထိခိုက်ပျက်ဆီးသွားတတ်ပါတယ်။ ဒီလို လည်ပင်းရိုးနဲ့ ကျောကုန်းကို မူမမှန်တဲ့ အနေအထားနဲ့ အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမျိုးမှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားလာရမှာဖြစ်ပါတယ်။
လည်ဂုတ်အနီးတစ်ဝိုက်မှာရှိတဲ့ နာ့ဗ်ကြောတွေ ထုံထိုင်းနာကျင်မှုကြောင့် တစ်ဆက်စပ်တည်းအနေနဲ့ နောက်ကျော၊ ပခုံးနဲ့ လက်မောင်းတွေအထိ ဝေဒနာခံစားရနိုင်ပါတယ်။
နောက်ကျော၊ လည်ပင်းရိုးနဲ့ ဇက်ကို ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းမျိုးတွေနဲ့ နေထိုင်ပြုမူဖို့ အဓိက လိုအပ်ပါတယ်။ ဒါ့အပြင် အောက်ပါ နည်းလမ်းတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် စမတ်ဖုန်း၊ ကွန်ပျူတာ အသုံးပြုရာမှာ မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက်ခန့် အသုံးပြုပြီးတိုင်း ခနအနားပေးပြီး လက်မောင်းနဲ့ ပခုံးတွေကို လေ့ကျင့်ခန်း ခနလုပ်ပေးတဲ့အကျင့်မျိုး ထားရှိသင့်ပါတယ်။
ယောဂလို လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပေးတာကလည်း ဇက်နဲ့ လည်ပင်ရိုးနာကျင်မှုဝေဒနာ မခံစားရဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။