backup og meta

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ် နာမည်ကြားရတာတောင် စိတ်ညစ်လှပြီ။ ကိုဗစ်ကြောင့် အလုပ်တွေ ပျက်ရသလို တစ်နေ့တစ်နေ့ အိမ်ထဲနေရင်း ပျင်းရိလာပြီ။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့တောင် ခက်ခဲတဲ့ကာလနော်။

ဒီကာလမှာ နေမကောင်း၊ ဖျားနာတာ မဖြစ်အောင် နေတယ်ဆိုပေမယ့်။ အိမ်ထောင်ရှင်တွေအတွက်ကျ ကျန်းမာရေး ဂရုစိုက်တာအပြင် သားဆက်ခြားဖို့ကလည်း မေ့ထားလို့ မဖြစ်တဲ့အရာပါ။ ကိုဗစ်ကာလမို့  တားဆေးသောက်နေတယ်၊ ဆေးကကုန်သွားပြီ ထပ်ဝယ်လို့မရဘူးဆိုတဲ့ ပြဿနာ၊ ထိုးဆေးက ရက်ပြည့်ပြီ ပြန်ထိုးဖို့ကျ ဆေးခန်းက မဖွင့်လို့ ဆိုတဲ့ ပြဿနာ၊ အရေးပေါ် သန္ဓေတားဆေးကျ အဆင်မပြေဘူးဆိုပြီး သားဆက်ခြားဖို့ အခက်အခဲတွ ကြုံနေမယ် ထင်ပါတယ်။

ကိုဗစ်ကာလမှာ မတော်တဆ ကိုယ်ဝန်ရသွားတာမျိုး မလိုချင်ဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ကိုဗစ်ကာလ Stay at home မှာ အသုံးတည့်မယ့် အလွယ်ကူဆုံး သားဆက်ခြားနည်းအချို့

ကိုဗစ်ကြောင့် သားဆက်ခြားဖို့ ခက်ခဲနေတယ်ဆိုရင် အလွယ်ကူဆုံးနည်းလမ်းက

ကွန်ဒုံး သုံးပါ

ကွန်ဒုံးက မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးသလို လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုပါ တားဆီးပေးပါတယ်။ ဆေးတွေ အလွယ်တကူ ဝယ်လို့မရတဲ့ အခြေအနေမှာ အလွယ်ကူဆုံး သားဆက်ခြားနိုင်မယ့် နည်းလမ်းက ကွန်ဒုံး အသုံးပြုတာပါ။

ရာသီစက်ဝန်းကို တွက်ချက်ပါ

လေဒီ အများစုရဲ့ ရာသီစက်ဝန်းက ၂၈ ရက်ရှိတယ်ဆိုရင် အကြမ်းအားဖြင့် လဝက် ၁၄ ရက်လောက်မှာ သားဥကြွေမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်လတစ်လ ရာသီ စောလာတတ်တဲ့သူလည်းရှိသလို နောက်ကျမှာလာတဲ့သူလည်းရှိတဲ့အတွက် ကိုယ့်ရာသီစက်ဝန်းကာလပေါ်မူတည်ပြီး သားဥကြွေတာ အပြောင်းအလဲရှိနိုင်ပါတယ်။

ဒါကြောင့် နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ကိုယ့်ရာသီစက်ဝန်း အလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက် မှာ သားဥကြွေတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ ကိုယ့်ရာသီစက်ဝန်းက ရက် ၃၀ ဆိုရင် သားဥ ကြွေချိန်က ၃၀ ရက်ရဲ့တစ်ဝက် ၁၅ရက်နေ့ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လို့ ပြောလို့ရပါတယ်။ ဒီလို သားဥကြွေချိန်တွေကို ရှောင်ပြီး အတူနေလို့ရပါတယ်။

သန္ဓေတား ကပ်ခွာသုံးပါ

သန္ဓေတား ကပ်ခွာက ၁၂ လလောက်အထိ အာနိသင်ရှိပါတယ်။ အခုလိုကာလမှ ဆေးထိုးဖို့ မလွယ်ဘူးဆိုရင် သန္ဓေတား ကပ်ခွာကပ်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။

တားဆေး သောက်ပါ

ဆေးထိုးဖို့ကတော့ ဒီကာလမှာ ခက်ခဲမှာပါ။ ဒါပေမယ့် ဆေးဆိုင်တွေကတော့ ဖွင့်ထားဦးမှာမို့ တားဆေး ပြောင်းသောက်တာမျိုးကလည်း အဆင်ပြေစေမယ့် ကိုဗစ်ကာလ သားဆက်ခြားနည်းတစ်ခုပေါ့။

တားဆေးကို မြှားပြထားတဲ့အတိုင်းလေး တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရပါမယ်။ ဆေးစသောက်စကနေ ၅ ရက်အတွင်း အတူနေမယ်ဆိုရင် ကွန်ဒုံးသုံးဖို့တော့ လိုပါမယ်။

သင်္ဘောသီး စားပါ

ဒီနည်းက အပြည့်အဝ ကာကွယ်နိုင်မယ်လို့တော့ မဆိုသာပါဘူး။ ဒါပေမယ့် သားဆက်ခြားဖို့ အသုံးပြုခဲ့တဲ့ ရှေးရိုးနည်း တစ်ရပ်ပါ။ ၃ ရက် ကနေ ၄ ရက်ဆက်တိုက် တစ်နေ့ကို ၂ ကြိမ် သင်္ဘောသီးကို တဝစားပေးတာက ကိုယ်ဝန်မရစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျိုးသားက စားပေးမယ်ဆိုရင်လည်း သုက်ပိုး ထွက်ရှိတာကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။

ချင်း (ဂျင်း)

ချင်း (ဂျင်း) က ရာသီသွေးဆင်းမှုအပေါ် သက်ရောက်မှု ရှိသလို ကိုယ်ဝန်ကို တားပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ ရေနွေးဆူဆူတစ်ခွက်စာထဲမှာ ချင်း( ဂျင်း) အရွယ်တော်တစ်တုံးစာကို ထည့်ပြီး ၅ မိနစ် ကြာအောင် ပြုတ်ပါ။ ဒီပြုတ်ရည်ကို ခပ်နွေးနွေးမှာ သောက်ပါ။ တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။ အိမ်တွင်းကုထုံးတွေက ထိရောက်မှု အားနည်းနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။

ဒါကြောင့် အခုလိုကာလမှာ အကောင်းဆုံး သားဆက်ခြားနည်းကို ပြောပါဆိုရင် ရောဂါတွေရော မလိုအပ်ဘဲ ကိုယ်ဝန် ရမသွားဖို့ပါ တားဆီးပေးနိုင်တဲ့ စိတ်အချရဆုံး သားဆက်ခြားနည်းဖြစ်တဲ့ ကွန်ဒုံးကို အသုံးပြုဖို့ ပြောပါရစေ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Birth control methods https://www.womenshealth.gov/a-z-topics/birth-control-methods Accessed Date 13 October 2020

Your contraception guide https://www.nhs.uk/conditions/contraception/ Accessed Date 13 October 2020

ယခုပုံစံ

13/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်နဲ့ စီဗစ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement