COVID Toe ဟာ COVID-19 ရောဂါ လက္ခဏာသစ်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

COVID-19 ရောဂါဆိုးကြီး တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနေတာ ၄ လ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၃ သန်းကျော်သွားခဲ့ပြီဖြစ်သလို ဒီရောဂါကြောင့် ကွယ်လွန်သွားသူတွေကလည်း ၂ သိန်းကျော်အထိ ရှိနေပါတယ်။ ပြန်လည်သက်သာလာသူအရေအတွက်ကလည်း ၁ သန်းကျော်အထိရှိနေပါပြီ။

မြန်မာနိုင်ငံမှာဆိုရင်လည်း ကူးစက်ခံခဲ့ရသူ ၁၅၀ ဦးအထိ တွေ့ရှိထားခဲ့ပြီးဖြစ်သလို သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၆ ဦးအထိ ရှိထားပါတယ်။

ရောဂါအသစ်တစ်မျိုးဖြစ်တာနဲ့ အညီ ရောဂါပိုးရဲ့ သဘောသဘာဝကို မှန်းဆရာမှာ အခက်အခဲတွေရှိနေတာမို့ ပညာရှင်တွေလည်း အကျပ်ရိုက်နေဆဲဖြစ်ပါတယ်။ ကုသနိုင်တဲ့ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေကို ဖန်တီးထုတ်လုပ်နိုင်ဖို့ကလည်း ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ အားကြိုးမာန်တက် ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အမှန်တကယ်ပေါ်ထွက်လာဖို့တော့ အချိန်တစ်ခုစောင့်ဆိုင်းရပါဦးမယ်။

ကိုဗစ်ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေပြသလဲ

ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ဟာ ကုသဖို့ ခက်ခဲနေဆဲဖြစ်တာမို့ ကောလဟာလတွေ သတင်းမှားတွေ အမျိုးမျိုးထွက်ပေါ်နေသလို ရောဂါလက္ခဏာသစ်တွေနဲ့ ကူးစက်နိုင်မယ့် နည်းလမ်းတွေဟာလည်း အမျိုးမျိုးထပ်မံထွက်ပေါ်လာလို့နေပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ ရောဂါကူးစက်ခံရသူအများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံက ရောဂါကာကွယ်ရေးနဲ့ ထိမ်းချုပ်မှုဗဟိုဌာန (Centers for Disease Control and Prevention – CDC) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ရောဂါရဲ့ အဓိကကျတဲ့ လက္ခဏာတွေကို ထုတ်ပြန်ထားပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေဟာ အောက်ပါ လက္ခဏာတွေကို တစ်ခုထက်ပိုပြီး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့

  • ချောင်းခြောက်ဆိုးတာ၊
  • မောဟိုက်မှုကြောင့် အသက်ရှူရခက်ခဲတာ၊
  • ဖျားနာတာ၊
  • ချမ်းတုန်ဖျားတာ၊
  • ကြွက်သားနာကျင်တာ၊
  • ခေါင်းကိုက်တာ၊
  • လည်ချောင်းနာတာ၊
  • အနံ့အရသာ ပျောက်ဆုံးတာ၊
  • ရင်ဘတ်၊ အရှိုက်နေရာက ဆက်တိုက်နာကျင်နေတာ ဒါမှမဟုတ် ဖိစီးမှုကိုခံစားနေရတာ၊
  • အိပ်ယာထဖို့ ခက်ခဲတာ၊
  • ဝမ်းပျက်တာ၊
  • တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာ၊
  • နှုတ်ခမ်းနဲ့ မျက်နှာ ပြာနှမ်းတာတွေ ခံစားနေရမယ်ဆိုရင်လည်း COVID-19 ရောဂါကူးစက်ခံရတာဖြစ်နိုင်ချေရှိတယ်လို့ CDC က သတိပေးထားပါတယ်။

အဆိုပါ ရောဂါလက္ခဏာတွေဟာ ၇ ရက်ကနေ ၁၄ ရက်အတွင်း ပြသလာနိုင်တယ်လို့လည်း သတိပေးထားသလို ကလေးငယ်တွေမှာလည်း ပြသနိုင်တယ်လို့ ဆိုထားပါတယ်။

COVID Toe နဲ့ COVID-19

ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဆေးပညာရှင်တွေဟာ COVID-19 ရဲ့ ထူးခြားတဲ့ လက္ခဏာတွေကိုလည်း သတိထားမိလာကြပါတယ်။ ဒါတွေကတော့ ခြေထောက် အရေပြားပေါ်မှာ ပြသတဲ့ လက္ခဏာတွေပါပဲ။

အထူးသဖြင့် ငယ်ရွယ်နုပျိုသူတွေမှာ ဒီအရေပြားနဲ့ သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေပြသလာနေတယ်လို့ သတိပေးမှုတွေရှိနေပါတယ်။ အမေရိကန်နဲ့ ဗြိတိန်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတဲ့ အဆိုပါ သတိပေးချက်တွေအရ ငယ်ရွယ်သူတစ်ချို့မှာ –

  • အင်ပြင်ထတာ၊
  • ခြေချောင်းတွေမှာ နှင်းကိုက်နာလိုဝေဒနာတွေ ခံစားရတာ၊
  • COVID Toe လို့ခေါ်တဲ့ ခြေချောင်း ယောင်ရမ်းနာတစ်မျိုးတွေကို တွေ့လာနေတယ်လို့ ဆိုနေကြပါတယ်။

ကျွမ်းကျင်သူတစ်ချို့ကတော့ သွေးကြောငယ်လေးတွေမှာ အလွန်သေးငယ်တဲ့ ပိတ်ဆို့မှုလေးတွေ ဖြစ်ပေါ်လာတာကြောင့် ခုလို အရေပြားပေါ်က လက္ခဏာတွေဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

COVID Toe လို့ ခေါ်ဝေါ်နေကြတဲ့ ဝေဒနာဟာ ခြေချောင်းလေးတွေမှာ ယောင်ယမ်းပြီး အနာတစ်ချို့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ခြေချောင်းလေးတွေဟာ အပြာရောင် ဒါမှမဟုတ် ခရမ်းရောင်သန်းနေပြီး ယားနေတတ်တယ်လို့လည်းဆိုကြပါတယ်။ အချိန်ကြာမြင့်လာချိန်မှာ အပူလောင်ကွက်လို အရေပြားတွေ လန်လာနိုင်ပါတယ်။

လူနာတစ်ချို့မှာ ဒီဝေဒနာခံစားခဲ့ရကြောင်း သိရှိထားရပေမယ့် လက်ရှိအချိန်အထိ COVID Toe နဲ့ COVID-19 တို့ရဲ့ အဆက်အစပ်ကို တိတိကျကျ သက်သေမပြသနိုင်သေးတာမို့ COVID-19 ရောဂါလက္ခဏာအဖြစ် တရားဝင်သတ်မှတ်တာမျိုး မရှိသေးပါဘူး။

ဒါပေမယ့် အမေရိကနဲ့ ဥရောပက လူနာတစ်ချို့ကတော့ သူတို့အနေနဲ့ ဒီဝေဒနာမျိုးတွေ ခံစားခဲ့ရတယ်လို့ ဆိုထားကြတာမို့ မိမိမှာ ဒီလိုလက္ခဏာမျိုးတွေ ရှိလာရင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းမှုတွေတော့ ရှိနေပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

Video Call တွေကြောင့် ပင်ပန်းနွမ်းလျပြီး စိတ်ဖိစီးလာနေတာကို လူသုံးများတဲ့ Zoom ကို အစွဲပြုပြီး Zoom Fatigue လို့ သုံးနှုန်းခေါ်ဝေါ်လာကြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးတိုးရောဂါ (Hypertension)

သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

ရောဂါပိုးမျိုးစိတ်သစ်ထွက်ပေါ်လာချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရာ ဒီဇင်ဘာလဖြစ်နေခဲ့တာမို့ နိုင်ငံတကာမှာတော့ ထိန်းချုပ်ရခက်ခဲနေခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ခေါင်းတွေကိုက်

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read