လူတွေနေ့စဉ် ရှင်သန်မှုအတွက် လိုအပ်ချက်တစ်ခုရှိပါတယ်။ ဒါကတော့ အောက်ဆီဂျင်ရရှိမှုပါ။ အောက်ဆီဂျင် ရရှိမှ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီအောက်ဆီဂျင်ကို ပံ့ပိုးပေးနေတဲ့ စနစ်က အသက်ရှူလမ်းကြောင်းစနစ်ပါ။
ထွက်မှာ သေချာပြီလား။
လူတွေနေ့စဉ် ရှင်သန်မှုအတွက် လိုအပ်ချက်တစ်ခုရှိပါတယ်။ ဒါကတော့ အောက်ဆီဂျင်ရရှိမှုပါ။ အောက်ဆီဂျင် ရရှိမှ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီအောက်ဆီဂျင်ကို ပံ့ပိုးပေးနေတဲ့ စနစ်က အသက်ရှူလမ်းကြောင်းစနစ်ပါ။
နှာခေါင်းကနေစလို့ အဆုတ်ထဲက လေအိတ်တွေအထိပါဝင်နေတဲ့ အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်က အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် နှာခေါင်းကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှား စစ်ထုတ်ပေးပါတယ်။
ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ထားတဲ့ COVID_19 က ခန္ဓာကိုယ်ရဲ့ စနစ်တွေထဲမှာမှ အသက်ရှူလမ်းကြောင်း စနစ်ကို အဓိက တိုက်ခိုက်တာပါ။ အဆုတ်က လေအိတ်ငယ်လေးတွေကို ပျက်စီးစေရင်းက အဆုံးသတ်မှာ အသက်ဆုံးရှုံးတာမျိုးအထိဖြစ်စေတာပါ။ ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) နဲ့ Middle East Respiratory Syndrome (MERS) တို့နဲ့ မျိုးရင်းတူတယ်လို့ ယူဆနေကြပါတယ်။
လက်ရှိမှာ COVID_19 အတွက် ကာကွယ်ဆေးမရှိသေးသလို ကုသနိုင်တဲ့ဆေးလည်း မရှိသေးပါဘူး။ ဒီတော့ အကောင်းဆုံးက မဖြစ်ခင်က ကြိုတင်ကာကွယ်တာပါ။ ဒီတော့ တစ်ဆင့်ချင်း ကာကွယ်ကြည့်ရအောင်လား……..
အခုချိန်ထိ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက လက်ဆေးတာပါ။ အပြင်ကပြန်လာတိုင်း ၊ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်းနဲ့ မျက်နှာကို မထိတွေ့ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာဆေးကြောတာက အကောင်းဆုံး ကာကွယ်နည်းတစ်ခုပါပဲ။
အသက်ရှူလမ်းကြောင်း ကျန်းမာရေးဂရုစိုက်ပါ
အသက်ရှူလမ်းကြောင်းက ဝင်ရောက်တဲ့ COVID ကို ကာကွယ်ဖို့ဆိုရင် သေချာတာက အသက်ရှူလမ်းကြောင်း ကို ဂရုစိုက်ရုံပေါ့။ အသက်ရှူလမ်းကြောင်းကို ဂရုစိုက်ဖို့ဆိုရင် Povidone – iodine ပါတဲ့ ပလုပ်ကျင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးတာမျိုး၊ Povidone – iodine ပါတဲ့ လည်ချောင်းဖျန်းဆေးရည်နဲ့ လည်ချောင်းဖျန်းတာမျိုးလုပ်လို့ရပါတယ်။ ဒါ့ပြင် ရောဂါပိုးတွေကို နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ နှာခေါင်းဖျန်းဆေးကို ဖျန်းပေးတာမျိုး လုပ်ပေးလို့ရပါတယ်။
ဒီလို ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်း ကာကွယ်ဆေးတွေ အသုံးပြုပေးတာမျိုးက ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်း ကနေတဆင့် ရောဂါပိုးတွေ ဝင်ရောက်တာကို ကာကွယ်လို့ရပါတယ်။ ရောဂါ လက္ခဏာ ပြလာတော့မှ စတင်အသုံးပြုမယ်ဆိုရင် ကိုယ့်အတွက်ရော မိသားစုအတွက်ပါ အရမ်းနောက်ကျသွားနိုင်လို့ ကြိုတင်ကာကွယ်ဖို့ အကြုံပြုပါရစေ။
လက်က ရောဂါပိုးအများဆုံး ကပ်တွယ်နေနိုင်တဲ့နေရာပါ။ ဒီပေကျံနေတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို ထိတွေ့မယ်ဆိုရင် ရောဂါကူးစက်ခံရနိုင်ခြေက တော်တော်လေး များသွားပါပြီ။ ဒါကြောင့် လက်နဲ့ မျက်နှာကို မထိမိဖို့ ဂရုပြုပါ။
နှာခေါင်းစည်းတပ်ပါ
ဒီလို ရောဂါတွေဖြစ်ပွားနေတဲ့ကာလမှာ မဖြစ်မနေ အပြင်ထွက်ရမယ်၊ အလုပ်ခွင်ရမယ်ဆိုရင် ဂရုစိုက်ဖို့လိုမယ့် အချက်တစ်ခုရှိပါတယ်။ ဒါကတော့ နှာခေါင်းစည်း တပ်တာပါ။ တစ်ခါသုံး နှာခေါင်းစည်းတွေက ရောဂါပိုးတွေကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။
ဆေးလိပ်သောက်တာက အသက်ရှူလမ်းကြောင်းစနစ် တစ်ခုလုံးအပြင် ကိုယ်ခံအားကို ပါ ထိခိုက်စေ ပါတယ်။ COVID_19 ကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားရော အသက်ရှူလမ်းကြောင်း စနစ်ပါ ကောင်းဖို့လိုတယ်ဆိုတော့ ဆေးလိပ်ဖြတ်လိုက်တာက အကောင်းဆုံးပါပဲ။
ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
ကိုယ်လက်လှုပ်ရှားမှုက ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ရော ကိုယ်ခံအားကောင်းစေဖို့ရော အကောင်းဆုံး အားဖြည့်ပေးနိုင်တာကြောင့် နေ့စဉ် နာရီဝက်ကနေ ၄၅ မိနစ်လောက်အထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အာဟာရပြည့်ဝဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် နေ့စဉ် အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အရောင်အသွေးစုံလင်တဲ့ အစားအစာတွေကို တစ်နေ့ ၃ ကြိမ်စားပေးပါ။
ကိုယ်ခံအားကောင်းအောင် နေတာက ရောဂါတွေကို တိုက်ထုတ်ဖို့ အသင့်ပြင်ထားသလိုပါပဲ။ ဒါကြောင့် ဒီကာလမှာ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေကို စားပြီး ကိုယ်ခံအားကို မြှင့်တင်ထားရပါမယ်။
ဒီလိုသာ ပြင်ဆင်ထားမယ်ဆိုရင် အသက်ရှူလမ်းကြောင်းကနေ ဝင်လာမယ့် ရောဂါပိုးတွေကို အတန်အသင့် ကာကွယ်ထားပြီးသား ဖြစ်သွားမှာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
COVID-19 (Coronavirus) Prevention Tips https://www.medicinenet.com/covid-19_prevention_tips/article.htm Accessed Date 29 April 2020
Coronavirus (COVID-19) Prevention: 12 Tips and Strategies https://www.healthline.com/health/coronavirus-prevention Accessed Date 29 April 2020
How to Protect Yourself & Others https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/prevention.html Accessed Date 29 April 2020