backup og meta

ကိုဗစ်ဖြစ်ဖူးရင်ရော Omicron ကူးစက်ခံရနိုင်လား။

ကိုဗစ်ဖြစ်ဖူးရင်ရော Omicron ကူးစက်ခံရနိုင်လား။

ကိုဗစ်ရောဂါကြီး စတင်ပြန့်နှံ့ခဲ့စဉ်ကတော့ ကိုဗစ်ဖြစ်ပြီးရင် ခုခံအား ရသွားပြီ ကိုဗစ် ထပ်မဖြစ်တော့ဘူးဆိုပြီး ကြားဖူးကြမှာပါ။ ဒီလိုနဲ့ နေလာရင်း ဒုတိယလှိုင်း၊ တတိယလှိုင်းတွေကို ကျော်ဖြတ်ခဲ့ကြတယ်။ မကြာသေးခင် ကာလအတွင်းမှာတော့ ကာကွယ်ဆေးတွေ ထွက်ပေါ်လာလို့ ကာကွယ်ဆေး ၁ ကြိမ်၊ ၂ ကြိမ် နဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံပြီးကြပြီလည်း ဖြစ်ပါတယ်။

ဒီလို ထိုးနှံပြီးတာကြောင့် ကိုယ်ခံအားတွေ ရလာပြီ ကိုဗစ်ကို သိပ်မစိုးရိမ်ရတော့ပဲ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လှုပ်ရှားသွားလာနိုင်တော့မယ်လို့ ယူဆနေချိန်မှာ Omicron ဆိုတဲ့ Covid-19 ရဲ့ ဗီဇပြောင်းမျိုးစိတ်က ထွက်ပေါ်လာပြီး ကမ္ဘာတလွှားမှာ Covid ဖြစ်ပွားမှုတွေ ပြန်လည် မြင့်တက်စေခဲ့ပါတယ်။

ဒီလို ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်မှုတွေကို မြင့်တက်စေခဲ့တဲ့ Omicron က တစ်ခါ ကူးစက်ဖူးသူတွေမှာရော ထပ်ဖြစ်နိုင်လားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

Omicronက အရင်က ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများပါတယ်။

Omicronက ဖြစ်ပြီးရင်ရော ပြန်ကူးစက်ခံရနိုင်လား။

ကိုဗစ် ဗိုင်းရပ်စ်တွေထဲမှာ အသစ်ထွက်ရှိလာတဲ့ Omicron မျိုးစိတ်က ပိုပြီး ကူးစက်နှုန်း မြန်တယ်လို့ သုတေသီတွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ နောက်ထပ် သတိထားရမယ့် တစ်ချက်က အရင် ကိုဗစ် မျိုးစိတ်တွေတုန်းက တစ်ခါ ကူးစက်ဖြစ်ပွားပြီးသူတွေမှာ ထပ်မံ ကူးစက်ခံရတာ မရှိသလောက် နည်းခဲ့ပေမယ့် ဒီမျိုးစိတ်မှာတော့ ရောဂါ ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများနေတယ် ဆိုတာပါ။

မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ဒီမျိုးစိတ်က ကူးစက်ခံရဖူးသူတွေရဲ့ ကိုယ်ခံအားဆဲလ်တွေကိုလည်း ကောင်းကောင်းရှောင်တိမ်းနိုင်ပြီး ထပ်မံ ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။

Beta တွေ၊ Delta တွေတုန်းက ရောဂါတစ်ကြိမ် ဖြစ်ပွားပြီးသူတွေမှာ ခန္ဓာကိုယ်မှာ antibody တွေ ထွက်ရှိနေပြီး ဖြစ်ပြီးသားသူမှာ ထပ်ဖြစ်တယ်ဆိုတာက ရှားပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး ထွက်ရှိထားတဲ့ Omicron ကတော့ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေက Deltaထက် ၂.၄ ဆလောက် ပိုများနေပါတယ်။

ဒါကတော့ မျိုးစိတ်မတူတဲ့ ကိုဗစ် မျိုးစိတ် ကူးစက်ခံရသူတွေမှာ Omicron ကူးစက်နိုင်တဲ့ အခြေအနေပါ။

ကိုဗစ်ဖြစ်ဖူးရင်ရော Omicron ကူးစက်ခံရနိုင်လား။

Omicron ဖြစ်ဖူးတဲ့သူတွေမှာ နောက်တစ်ကြိမ် ဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေက အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့ မျိုးစိတ်ချင်းတော့ မတူဘူးပေါ့။ အရင်တစ်ခေါက်က Omicron မျိုးစိတ်ဖြစ်တဲ့ BA.1 ကူးစက်ခံရတာဖြစ်မယ်။ နောက်တစ်ကြိမ်က BA.2 ကူးစက်ခံရတာမျိုးပေါ့။ ဖြစ်နိုင်ခြေရှိပေမယ့် တော်တော်လေးတော့ ဖြစ်ခဲပါတယ်။

ဒီလို ကူးစက်မှုက အချိန်တိုအတွင်းမှာ ဗီဇတစ်မျိုးကနေ တစ်မျိုးကို ပြောင်းလဲသွားတာက ပိုပြီးဖြစ်နိုင်ခြေ များတယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။ ပထမအကြိမ် Omicron ကူးစက်ခံရချိန်မှာ ရောဂါလက္ခဏာတွေ သိပ်မပြင်းထန်ပေမယ့် နောက်တစ်ကြိမ် ကူးစက်ခံရချိန်မှာတော့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်လို့လည်း သုတေသီတွေက သုံးသပ်ထားကြပါတယ်။

ဒါကြောင့် အကောင်းဆုံးက ရောဂါ ကူးစက်ခံရပြီးသည် ဖြစ်စေ၊ အကူးစက်ခံရသေးဘူးဖြစ်စေ ကာကွယ်ရေး နည်းလမ်းတွေကို သေချာ လိုက်နာဖို့ပါ။

နောက်တစ်ချက်က Omicronက ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ကိုယ်ခံအားဆဲလ်တွေကို ရှောင်တိမ်းနိုင်ပြီး ကိုယ်ခံအားက ခုခံနိုင်ဖို့ အတော်လေး ခက်ခဲတာပါ။ ဒါကြောင့် မဖြစ်ခင်က ကာကွယ်တာက အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။

ကာကွယ်ဆေးရော၊ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးသူတွေမှာပါ Omicron ကို ခံစားရတာတွေ ရှိလာနေတာကြောင့်

ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ကူးစက်တာတွေ ရှိပေမယ့် ရောဂါရဲ့ ပြင်းထန်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့် ကာကွယ်ဆေးတွေကို သေသေချာချာ ထိုးနှံတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းတစ်ရပ်လို့ ဆိုရတာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can a person be infected with Omicron variant twice? Here’s what experts say
https://www.deccanherald.com/science-and-environment/can-a-person-be-infected-with-omicron-variant-twice-heres-what-experts-say-1072015.html Accessed Date 14 February 2022

Can You Become Infected by Omicron Twice? COVID-19 Experts Examine the Possibility https://www.goodhousekeeping.com/health/a39039733/can-you-get-omicron-twice-variant-symptoms/ Accessed Date 14 February 2022

Can you catch Omicron twice? Reinfections can occur, but they appear to be rare and not dangerous https://fortune.com/2022/02/10/can-you-catch-omicron-twice-reinfections/ Accessed Date 14 February 2022

Can the omicron subvariant reinfect people? https://www.deseret.com/coronavirus/2022/2/11/22927211/omicron-variant-subvariant-reinfect-covid-19 Accessed Date 14 February 2022

ယခုပုံစံ

08/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ

ကလေးတွေမှာ အဖြစ်များတဲ့ Omicron


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement