backup og meta

ကင်ဆာ နဲ့ပတ်သက်တဲ့ အယူအဆမှားအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာ နဲ့ပတ်သက်တဲ့ အယူအဆမှားအချို့

    ကင်ဆာ ကအဖြစ်များလာသလို ကုသဖို့ခက်ခဲတဲ့ ရောဂါတစ်ခုဆိုလည်း မမှားပါဘူး။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဒါပေမယ့် ကာကွယ်တယ်ဆိုတဲ့နေရာမှာ နည်းလမ်းမှန်ကို သိထားဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒီတော့ ကင်ဆာ ကာကွယ်ချင်သူတိုင်း အမှတ်မှားနေနိုင်တဲ့ အကြောင်းလေးတချို့ကို ပြောပြပေးပါရစေ။

    ကင်ဆာ နဲ့ပတ်သက်လို့ အမှတ်မှားနေနိုင်တဲ့ အချက်အချို့

    ကင်ဆာ ကို ကာကွယ်ချင်တယ်ဆိုရင် ဘာတွက ကင်ဆာဖြစ်စေတယ်။ ဘာတွေကတော့ မဖြစ်စေနိုင်ဘူးဆိုတာကို သေသေချာချာသိထားဖို့လိုမှာပါ။ ဒီတော့ တူတူကြည့်လိုက်ရအောင်

    အယူအဆမှား (၁) – ချိုင်းချွေးနံ့ပျောက် လိမ်းဆေးတွေက ရင်သားကင်ဆာဖြစ်စေနိုင်တယ်

    ဒီအယူအဆကို တော်တော်များများလက်ခံထားကြပါတယ်။ ချိုင်းချွေးနံ့ပျောက်အောင် ချိုင်းကို roll-on သုံးတိုင်း လူကြီးတွေက ရင်သားကင်ဆာဖြစ်မယ်။ အဲ့လိုမလုပ်နဲ့လို့ ပြောတာမျိုး ကြားဖူးတယ်ဟုတ်။ တကယ်ကတော့ ဒီအယူအဆက မမှန်ပါဘူး။ ဒီလိုပြောရတာက National Cancer Institute နဲ့ အခြား သုတေသန အဖွဲ့တွေရဲ့ သုတေသနပြုမှုတွေအရ  ချိုင်းချွေးနံ့ပျောက်အောင်ဆိုပြီး လိမ်းကြတဲ့ roll-on တွေက ကင်ဆာ ဖြစ်စေနိုင်တယ်တော့မဟုတ်ပါဘူး။

    ဒါပေမယ့် ဒီ ချိုင်းချွေးနံ့ပျောက်အောင် အသုံးပြုကြတဲ့ roll-on တွေမှာ aluminum compounds နဲ့ parabens လိုမျိုး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေပါနေမယ်ဆိုရင်တော့ အရေပြားချွေးပေါက်တွေကနေတဆင့် ကိုယ်တွင်းကို ဝင်ရောက်သွားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ အခုထိတော့ ချိုင်းချွေးနံ့ပျောက်အောင်ဆိုပြီး လိမ်းကြတဲ့ပစ္စည်းတွေကြောင့် ရင်သားကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထား အတိအကျမသိရသေးပါဘူး။ ဒါကြောင့် ချိုင်းချွေးနံ့ပျောက်ဆေးလိမ်းတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလားဆိုတာကို သေချာလေး ဆန်းစစ်ကြည့် စေချင်ပါတယ်။

    အယူအဆမှား (၂) – Microwave-safe plastic ဗူးတွေနဲ့ ခဲပတ်တွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးတယ်

    ဒါကလည်း ပလပ်စတစ်ခွက်တွေထဲကို အပူတွေထည့်စားတိုင်း အပြောခံနေရကျ၊ ငါးခဲပတ်ကင်စားတိုင်း အပြောခံနေရကျ စကားလုံးတွေပါ။ ဒါကမှန်လားဆိုတော့ ဆက်ကြည့်လိုက်နော်။ Microwave-safe လို့ပြောထားတဲ့ ပလပ်စတစ်ခွက်တွေ၊ ဗူးတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို မထုတ်လွှတ်ပါဘူး။ ဒါပေမယ့် Microwave-safe မဟုတ်တဲ့ ပလပ်စတစ်ဗူးတွေ၊ခွက်တွေကတော့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ုပစ္စည်တွေကို ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ပလပ်စတစ်ဗူးတွေ ဝယ်တဲ့အခါတိုင်း microwave-safe ဆိုတဲ့ label လေးပါလား စစ်ဖို့ မမေ့ပါနဲ့။

    အယူအဆမှား (၃) – ကင်ဆာရှိရင် သကြားမစားရဘူး။ အချိုဓာတ်က ကင်ဆာဆဲတွေကို မြန်မြန်ကြီးထွားစေတယ်

    သကြားက ကင်ဆာဆဲတွေကို လျင်လျင်မြန်မြန်ကြီးထွားစေတယ်ဆိုတာ မဟုတ်ပါဘူး။  ကင်ဆာဆဲလ် အပါအဝင် ဆဲလ်တွေအားလုံးက ကြီးထွားဖို့အတွက် သွေးတွင်းသကြားဓာတ် အပေါ်မှာ မှီခိုကြတာပါ။ လေ့လာမှုတွေအရ သိရတာက အချိုများများစားလို့ ကင်ဆာဆဲလ်တွေ မြန်မြန်ကြီးမလာသလို သကြားလျှော့စားလိုက်လို့လည်း ကင်ဆာဆဲလ်တွေ ကြီးထွားနှုန်း နှေးမသွားပါဘူး။

    ဒါပေမယ့် သကြားအစားများတာကြောင့် အစာရေမျိုကင်ဆာအပါအဝင် အချို့သောကင်ဆာတွေဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်ဆိုတဲ့ အထောက်အထား အနည်းငယ်တော့ ရှိပါတယ်။ အချိုအစားများတာက ကိုယ်အလေးချိန်ကို တက်စေနိုင်ပြီး အဝလွန်တာ နဲ့ ဆီးချိုရောဂါကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်တော့ ကင်ဆာဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။

    အယူအဆမှား (၄) – လူကောင်းတွေ ကင်ဆာမဖြစ်နိုင်ဘူး

    ရှေးယခင်ကာလတွေတုန်းက ဖျားနာမှုတွေ၊ နာမကျန်းမှုတွေက မကောင်းမှုတွေလုပ်လို့ ဒဏ်ခတ်ရတာလို့ အမားက လက်ခံယူဆခဲ့ကြပါတယ်။ ဒီအယူအဆက်ု အခုချိန်ထိလည်း လက်ကိုင်ထားကြဆဲပါ။ ဒါကမှန်လားဆိုတော့ မမှန်ပါဘူး။ အကြောင်းကတော့ ၆ လ ဒါမှမဟုတ် မွေးစကလေးလေးတွေမှာ ကင်ဆာရောဂါပါလာတယ်ဆိုတာကရော ဘယ်လိုဖြေရှင်းချက်ပေးမလဲ။ ကလေးတွေက ဆိုးဖို့နေနေသာသာ မကောင်းတဲ့စိတ်ထားလေး နည်းနည်းတောင်မရှိသေးပါဘူး။ ဒါကြောင့် လူဆိုးတွေ၊ စိတ်ထားမကောင်းသူတွေမှာ ကင်ဆာဖြစ်တယ်ဆိုတဲ့ အယူအဆက မမှန်ဘူးလို့ပဲပြောပါရစေ။

    အယူအဆမှား (၅) – ကင်ဆာ က ကူးစက်တတ်တယ်

    ကင်ဆာရောဂါရှိနေသူကို တသီးတခြားထားဖို့ မလိုပါဘူး။ ကင်ဆာရောဂါက မကူးစက်နိုင်ပါဘူး။ ကိုင်တွယ်ထိတွေ့မိရုံ အတူထိုင် စကားပြောရုံနဲ့ ကင်ဆာက ကူးစက်တာမျိုးမဖြစ်နိုင်ပါဘူး။ ကင်ဆာရောဂါရှိသူတွေက အားပေးမှုကို တော်တော်လေး လိုအပ်တာပါ။ ဒါကြောင့် ဖေးမပေးဖို့ ပြောပါရစေ။

    ကင်ဆာက ကူးစက်ရောဂါမဟုတ်ပါဘူး။ ကူးက်တတ်တဲ့ ဗိုင်းရပ်စ်တွေကြောင့်တော့ နောက်ဆက်တွဲ အနေနဲ့ ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဥပမာပြောပြရရင်

    Human papillomavirus (HPV) – လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာ အပါအဝင်၊ အခြားသော ကင်ဆာရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

    အသည်းရောင် အသားဝါ Bဒီဗိုင်းရပ်စ်တွေက လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ။ ရောဂါရှိသူအသုံးပြုထားတဲ့ အပ်လိုမျိုး ချွန်ထက်တဲ့အရာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်က အချိန်ကြာလာတဲ့အခါ အသည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။

    အသည်းရောင် အသားဝါ C — ဒီဗိုင်းရပ်စ်တွေက လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ ရောဂါရှိသူအသုံးပြုထားတဲ့ အပ်လိုမျိုး ချွန်ထက်တဲ့အရာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ C ဗိုင်းရပ်စ်က အချိန်ကြာလာတဲ့အခါ အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။

    ဒါတွေမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင် ကာကွယ်ဆေးတွေထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒီလိုကာကွယ်တာက ကင်ဆာမဖြစ်အောင် တစ်ဖက်တစ်လမ်းက ကာကွယ်ရာရောက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement