backup og meta

ရာသီအကူးအပြောင်းဆိုးတဲ့ချောင်းကို ဒီလိုသက်သာအောင်လုပ်ပါ

ရာသီအကူးအပြောင်းဆိုးတဲ့ချောင်းကို ဒီလိုသက်သာအောင်လုပ်ပါ

လူတွေကြားထဲရောက်လို့ အားလုံးကတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေပြီဆိုကာမှချောင်းကဆိုးချင်လာတယ်။အောင့်ထားလို့လည်းမရတော်တော်ဆိုးတဲ့ကိစ္စနော်။ ခုလိုမျိုး ရာသီဥတု မမှန်တဲ့အခါမျိုးဆိုရင် ဖျားချင်သလိုလို လည်ချောင်းထဲကနာသလိုလိုချောင်းဆိုး နှာစေးတာတွေက မဖိတ်ခေါ်ဘဲကိုရောက်လာတတ်တာပါ။ချောင်းဆိုးချင်တာကလည်းအောင့်ထားလို့မရတဲ့ပြဿနာတစ်ခုပါ။ချောင်းဆိုးတာကြောင့်နေ့စဉ်လုပ်ဆောင်မှုတွေ မှာ အနှောင့်အယှက်မဖြစ်စေဖို့ဆိုရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကိုသုံးပြီးချောင်းဆိုးသက်သာအောင်လုပ်ဆောင်လိုက်ပါနော်။

ချောင်းဆိုးတာကို သက်သာအောင် အခုလိုလုပ်ဆောင်ပါ

အခုပြောပြမယ့်နည်းလမ်းလေးတွေက အပန်းမကြီးဘဲချောင်းဆိုးတာကို သိသိသာသာသက်သာစေမှာပါ။နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့ မီးဖိုချောင်ထဲကနေ အလွယ်တကူရရှိနေတဲ့ အရာတွေနဲ့ချောင်းဆိုးတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

ရေသောက်ပေးပါ – တစ်နေ့တာမှာရေလုံလောက်သောက်သုံးတာက ကိုယ်ခံအားကိုကောင်းစေပါတယ်။ ချောင်းဆိုးတဲ့အခါရေများများသောက်ပေးပါ၊ ချွဲတွေကိုပျော်စေပြီးချောင်းဆိုးတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။

ကြက်သွန်ဖြူ စားပေးပါ – ကြက်သွန်ဖြူမှာပါတဲ့Allicin ဆိုတဲ့ဒြပ်ပေါင်းတစ်ခုကချောင်းဆိုးတာကိုဖြစ်စေနိုင်တဲ့ အသက်ရှုလမ်းကြောင်းရောဂါပိုးကူးစက်ဝင်ရောက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူတို့စားတာဖြစ်ဖြစ်၊ ဟင်းခါးချက်တဲ့ထဲကို ကြက်သွန်ဖြူထည့်ချက်တာဖြစ်ဖြစ်လုပ်ပြီး သုံးဆောင်ပေးပါ။

ချင်းလက်ဖက်ရည်ရေနွေးဆူဆူထဲကို ချင်း လက်တစ်ဆစ်စာလောက်လှီးထည့်လိုက်ပါ။ပြီးရင် ခပ်နွေးနွေးလေးဖြစ်နေတုန်းသောက်သုံးပေးလိုက်ပါ။ချောင်းဆိုးတာကို သိသိသာသာသက်သာစေမှာပါ။

ပျားရည် – ပျားရည်က သဘာဝဆေးဖက်ဝင် စားသုံးစရာတစ်ခုပါ။ သင့်အနေနဲ့ ဆီးချိုရောဂါလိုမျိုး အချိုနဲ့မတည့်တဲ့ရောဂါမျိုးမရှိဘူးဆိုရင်ရေနွေးကြမ်းထဲကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီး ခပ်နွေးနွေးလေးဖြစ်နေတုန်းမှာသောက်လိုက်ပါ။ ချွဲသလိပ်တွေကိုပျော်စေပြီးချောင်းဆိုးတာကို သက်သာစေမှာပါ။

ကြက်သွန်နီ – မီးဖိုချောင်ဆေးစွမ်းတစ်လက်ပါ။ ကြက်သွန်နီကို မီးဖုတ်ပြီး စားသုံးပေးလို့ရသလို ပျားရည်နဲ့ကြက်သွန်နီအရည်ကိုရောပြီးသောက်ပေးလို့လည်းရပါတယ်။ တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစာကို တစ်နေ့ နှစ်ကြိမ်သောက်ပေးပါ။

မုန်လာဥနီဖျော်ရည်မုန်လာဥနီေဖာ်ျရည်မှာ ဗီတာမင် နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့်ချောင်းဆိုးဝေဒနာကို သိသိသာသာသက်သာစေမှာပါ။ ဒါကြောင့်ချောင်းဆိုးနေတယ်ဆိုရင် မုန်လာဥနီ အရွယ်တော် ၄၊ ၅ လုံးကိုဖျော်စက်ထဲထည့်ဖျော်ပြီးရင်ရေနည်းနည်းရောပါ။နောက်ဆုံးကတော့ အရသာအတွက်ရော ချွဲပျော်စေဖို့အတွက်ပါ ပျားရည်နည်းနည်းလောက်ထည့်လိုက်ပါ။

ချွဲပျော်စေဖို့ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းတွေက

ကျန်းမာအောင်စားသောက်နေထိုင်ဖို့က အရေးကြီးသလို လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်အချို့လည်းရှိနေပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အစားအသောက်တွေစားသုံးပေးတာက ချွဲသလိပ်တွေကိုကြေစေပြီးချောင်းဆိုးတာကို သက်သာစေတာမှန်ပေမယ့် အခုပြောပြမယ့်နည်းလမ်းလေးတွေပါတွဲဖက်လုပ်ဆောင်မယ်ဆိုရင်တော့ချောင်းဆိုးတာကိုမြန်မြန်သက်သာစေမှာပါ။

ပလုပ်ကျင်းပါ -ရေနွေးခပ်နွေးနွေးလေးနဲ့ ပလုပ်ကျင်းပေးတာကချောင်းဆိုးတာကိုဖြစ်စေတဲ့ ချွဲတွေကိုပျော်သွားစေပြီး လည်ချောင်းထဲကရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့်ချောင်းဆိုးတာကိုသက်သာစေမှာပါ။

လက်မှန်မှန်ဆေးပါရောဂါပိုးတွေကပ်ညှိနေပြီးချောင်းဆိုးတာ တာရှည်နေတာမျိုးမဖြစ်စေဖို့ လက်တွေကိုသေချာသန့်စင်ဆေးကြောပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးရဲ့ အရေးပါတဲ့ လက်ဆေးတာကရောဂါတွေကို သက်သာအောင်လုပ်ဆောင်ပေးနိုင်သလိုရောဂါတွေပြန်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ရေနွေးငွေ့ရှုပေးပါ -ရေနွေးငွေ့ရှုရှိုက်ပေးတာကချောင်းဆိုးတာနဲ့ ချွဲကြပ်တာကိုသက်သာစေနိုင်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ အိပ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်ဖွင့်ပေးထားပါ။

အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကိုကောင်းမွန်စေပြီးရောဂါတွေကို ခုခံပေးနိုင်ပါတယ်။ ဒါကြောင့်ချောင်းဆိုးနေတဲ့အခါဖြစ်ဖြစ်နေထိုင်မကောင်းတဲ့အခါမှာဖြစ်ဖြစ် အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝဝအိပ်ပြီးချောင်းဆိုးတဲ့ဝေဒနာကို နှုတ်ဆက်လိုက်ပါ။

ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့အောင့်ထားလို့မရတဲ့ချောင်းဆိုးဝေဒနာကို ဒီနည်းလမ်းတွေသုံးပြီး တာ့တာပြလိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Best Natural Cough Remedieshttps://www.healthline.com/health/allergies/best-natural-cough-remedies Accessed Date 23 August 2018

Cough Relief: How to Lose a Bad Coughhttps://www.webmd.com/cold-and-flu/features/cough-relief-how-lose-bad-cough#1 Accessed Date 23 August 2018

7 Best Home Remedies for Coughhttps://draxe.com/home-remedies-cough/ Accessed Date 23 August 2018

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ အအေးမိဖျားနာခြင်း

ဖျားနေတဲ့အချိန် စားသင့်တဲ့ အစားအစာ (၆) မျိုး



Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement