backup og meta

ဘာကြောင့် လည်ချောင်းနာရတာလဲ

ဘာတွေကြောင့် လည်ချောင်းနာဖြစ်စေတာလဲ

လည်ချောင်းနာပြီဆို ဖျားတော့မယ့်လက္ခဏာလို့ သိထားကြပါတယ်။ ဆားရည်လေးငုံပြီးပလုပ်ကျင်းကြတာပဲ။ နောက်ထပ် သိထားသင့်တဲ့အချက်တစ်ခုကတော့ လည်ချောင်းနာဝေဒနာအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ အအေးမိနဲ့ တုပ်ကွေးတို့လို အဲဒီပိုးမျိုးကို ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က သဘာဝအလျောက် ခုခံတိုက်ဖျက်ပေးမှာဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေးတွေမလိုပါဘူး။

လည်ချောင်းနာတာ ကြာရှည်ပြီး ဗိုင်းရပ်စ်ကနေ ဘက်တီးရီးယားတွေဝင်လာပြီဆိုရင်တော့ ရောဂါပိုးကိုတိုက်ထုတ်နိုင်ဖို့ ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဝေဒနာသက်သာလာရင်တောင် ဆရာဝန်ညွှန်းပေးလိုက်တဲ့ ပဋိဇီဝဆေးတွေကိုဆေးပတ်လည်အောင်သောက်ရပါမယ်။

လည်ချောင်းနာဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် –

  • ဗိုင်းရပ်စ်ပိုး – အအေးမိခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားများစွာ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လည်ချောင်းနာစေတာအဖြစ်များပါတယ်။
  • ဘက်တီးရီးယားပိုး –ဘက်တီးရီးယားကူးစက်ခံရခြင်းက အာသီးပြည်တည်ခြင်း၊ ဆုံဆို့နာ၊ အသံအိုးဖုံးရောင်ရမ်းခြင်း၊အာသီးရောင်ခြင်း၊လည်ချောင်းနာခြင်းဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
  • အဆိပ်အတောက်ဓာတ်များ/ပြင်ပအကြောင်းရင်းခံများ –ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း၊လေထုထဲကပါလာတဲ့ဓာတုပစ္စည်းတွေလိုမျိုး ဓာတ်ပစ္စည်းတွေက လည်ချောင်းနာစေပါတယ်။ ဓာတ်မတည့်မှု၊ ချောင်းဆိုးခြင်း၊ အစာချေရည်ပြန်ဆန်တက်ခြင်း(GERD) နဲ့အကျိတ်တို့လို ကျန်းမာရေးအခြေအနေတချို့ကြောင့်လည်း လည်ချောင်းနာတတ်ပါတယ်။
  • ထိခိုက်မှု – လည်ချောင်း သို့မဟုတ် လည်ပင်းဧရိယာမှာ တိုက်ရိုက်ထိခိုက်ထားတာမှန်သမျှဟာ လည်ချောင်းနာစေတတ်ပါတယ်။ ဥပမာ အရိုးစူးတာ၊ အစာနင်တာ၊ လွန်ကဲစွာအော်ပြောခြင်း၊အော်ဟစ်ခြင်းကြောင့်လည်း လည်ချောင်းနာစေနိုင်ပါတယ်။

လည်ချောင်းနာခြင်းက အောက်ပါအခြေအနေတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ် –

  • အအေးမိခြင်း သို့မဟုတ် တုပ်ကွေး – နှာစေးနှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ကိုယ်ပူခြင်း၊ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်းတို့လည်းဖြစ်နိုင်ပါတယ်။
  • အသံအိုးရောင်ရမ်းခြင်း – အသံဝင်နေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ခဏခဏချောင်းဟန့် လည်ချောင်းရှင်းနေရခြင်းတို့ဖြစ်နိုင်ပါတယ်။
  • အာသီးရောင်ခြင်း – အာသီးမှာ အနီစက်လေးတွေဖြစ်လာခြင်း၊ အစာမျိုချရအဆင်မပြေခြင်း၊ အဖျားရှိခြင်းတို့ခံစားရနိုင်ပါတယ်။
  • ဂလင်ဂျူလာအဖျား (glandular fever ) – အရမ်းပင်ပန်းသလိုခံစားရပြီး လည်ပင်းမှာ ဂလင်းတွေ ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုသက်သာစေနိုင်မလဲ

လည်ချောင်းနာနေပြီဆိုရင် ဒီနည်းတွေနဲ့ သက်သာနိုင်ပါတယ် –

  • ရေ သို့မဟုတ် အရည်များများသောက်ပါ။ အရမ်းပူတဲ့အရည်တွေတော့ မသောက်ပါနဲ့။
  • အေးတဲ့ အစာပျော့ပျော့စားပါ။
  • ဆေးလိပ်မသောက်ပါနဲ့။ မီးခိုးငွေ့ထူတဲ့နေရာတွေကို ရှောင်ပါ။
  • ရေနွေးနွေးနဲ့ဆားရည်ကို ငုံပြီး ပလုပ်ကျင်းပါ ဒါမှမဟုတ် ခံတွင်းသန့်ဆေးရည်တွေနဲ့ ကျင်းပါ။
  • ငုံဆေး ငုံပါ။
  • လည်ချောင်းနာသက်သာစေတဲ့ အာဖျန်းဆေး (Sore throat sprays )တွေ သုံးရင်လည်း သက်သာနိုင်ပါတယ်။
  • နှာရည်ယိုခြင်းကြောင့် ဖြစ်လာတဲ့ လည်ချောင်းနာခြင်းအတွက်ဆို နှာခေါင်းကနေဖျန်းတဲ့ nasal spraysတွေနဲ့ သက်သာနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.nhsinform.scot/illnesses-and-conditions/ears-nose-and-throat/sore-throat

https://www.medicinenet.com/natural_cold_flu_remedies_pictures_slideshow/article.htm

https://www.emedicinehealth.com/sore_throat/article_em.htm#sore_throat_surgery

 

ယခုပုံစံ

29/09/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကိုလည်ချောင်းနာစေရတဲ့ အကြောင်းအရင်းများနဲ့ကာကွယ်နည်းများ

လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။