ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ရုရှနိုင်ငံက ကမ္ဘာ့ပထမဆုံးကိုဗစ်ရောဂါကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ကိုဗစ်ကြောင့်ဒုက္ခရောက်နေချိန်ဖြစ်လို့ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကိုဗစ်ကဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တာကြောင့် ထိရောက်တဲ့ကာကွယ်ဆေးထိုးထားနိုင်ရင် ရောဂါကိုလုံးဝအမြစ်ပြတ်ချေမှုန်းနိုင်တော့မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပေမဲ့ ရုရှကာကွယ်ဆေးနဲ့ပတ်သက်ရင် မရေရာတဲ့ကိစ္စတွေ တွေ့ရှိရပါတယ်။