backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သံပရာခွံကိုပါ ဝါးစားသင့်တဲ့အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သံပရာခွံကိုပါ ဝါးစားသင့်တဲ့အကြောင်းအရင်း
အနံ့မွှေးမွှေးလေးနဲ့ ချဉ်တဲ့အရသာကြောင့် လန်းဆန်းမှုကိုပေးတဲ့ သံပရာသီးကို စားတဲ့အခါ အရည်ကိုပဲ ညှစ်ပြီး စားကြတာ များတယ်နော်။ အခွံကိုတော့ ဒီအတိုင်း ထားလိုက်တာ များပါတယ်။ တကယ်တော့ သံပရာသီးက အတွင်းသားတင်မဟုတ်ဘဲ အခွံမှာပါ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ဓာတ်တွေ ပါဝင်နေပါတယ်။

သံပရာခွံ ဆိုတာ

သံပရာခွံ ဆိုတာကို ထွေထွေထူးထူး ပြောနေစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ အနံ့မွှေးပြီး အရသာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးရဲ့ အခွံပါ။ အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင် ဖျော့ဖျော့နဲ့ အဝါရောင်အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခါးသက်သက် အရသာရှိပေမယ့် ဆေးဖက်ဝင်ပါတယ်။

သံပရာခွံ မှာပါတဲ့ အာဟာရဓာတ်တွေ

သံပရာသီးက အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် အခွံကရော အတွင်းသားကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ တော်တော်လေး များပါတယ်။ သံပရာခွံမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်၊
  • ပရိုတင်း၊
  • အဆီ၊
  • အမျှင်ဓါတ်
  • ဗီတာမင် C၊
  • သံဓာတ်၊
  • ကယ်လ်ဆီယမ်၊
  • ဗီတာမင် B6၊
  • သီရာမင်း၊
  • ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

သံပရာခွံကိုပါ ဝါးစားပါလို့ ပြောရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ……

အရိုးတွေသန်မာစေနိုင်တယ် – သံပရာခွံမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို ဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့လည်း အားဖြည့်ပေးပါတယ်။

ကိုယ်ခံအားကောင်းစေ နိုင်တယ် – သံပရာခွံမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပြီး ဖျားနာမှုတွေကနေ ကင်းဝေးစေမှာပါ။ ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းနေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်တယ် – သံပရာခွံမှာ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

အသားအရေကိုကောင်းမွန်စေနိုင်တယ်ဗီတာမင် C ကြွယ်ဝတဲ့ သံပရာခွံက အသားအရေကို အကောင်းဆုံး အားဖြည့်ပေးပြီး ကြည်လင်လှပနေစေမှာ အသေအချာပါ။

သွေးတိုးကျစေနိုင်တယ် – သံပရာခွံက ပိုတက်ဆီယမ် ကြွယ်ဝမှုကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး သွေးတိုးကျစေနိုင်မှာပါ။ ဒါကြောင့် သွေးတိုးရှိသူတွေ စားပေးသင့်တဲ့ ဆေးဖက်ဝင် စားစရာ တစ်ခုပါ။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ် – သံပရာခွံမှာ အစာခြေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ပံ့ပိုးပေးနိုင်မှာပါ။ ဒါ့အပြင် အူရောင်တာကို သက်သာစေနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

နှလုံးကျန်းမာစေနိုင်တယ် – ပိုတက်ဆီယမ် ကြွယ်ဝမှုကြောင့် သွေးမတိုးအောင် ကာကွယ်ပေးနိုင်မှတော့ နှလုံးကျန်းမာရေးကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါပဲ။ ဒါကြောင့် နှလုံးရောဂါ ကာကွယ်ချင်သူတွေ စားသုံးပေးလို့ရပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ် – သံပရာခွံမှာ ပါတဲ့ limonene နဲ့ flavonoids တို့က ကင်ဆာကျိတ်တွေ ထပ်မပွားအောင် ကာကွယ်ပေးပါတယ်။ ခံတွင်းကင်ဆာ၊ပြန်ရည်ကျိတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

သံပုရာခွံကို လူတိုင်း စားလို့ရတယ်ဆိုပေမယ့်

  • သွေးပေါင်ကျတတ်မယ်၊
  • ဘေဘီလေးကို နို့ချိုတိုက်ကျွေးနေမယ်၊
  • ဘေဘီလေး ကိုယ်ဝန်ဆောင်ထားရမယ်၊
  • ဆေးတစ်ခုခု သောက်နေရမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။

ကဲ ……. သံပရာခွံကိုပါ ဝါးစားပါလို့ ဘာကြောင့် ပြောရလဲဆိုတာကို သိပြီဟုတ်။ အခုကစပြီး သံပုရာခွံတွေကို လွှင့်မပစ်ဘဲ အတို့အမြှုပ် အနေနဲ့ ဖြစ်ဖြစ် စားပေးလို့ ရပါကြောင်း အကြံပြုလိုက်ပါရစေလား ………

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement