brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ

ဆေးရွက်ကြီးလို့ ပြောလိုက်ရင် ဆေးလိပ်၊စီးကရက် နဲ့ ကွမ်းထဲမှာထည့်ဝါးကြတဲ့အရာ၊ ရောဂါဖြစ်စေတဲ့အရာလို့ပဲ အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာမှန်ပေမယ့် ဆိုးကျိုးချည်းသက်သက် ရှိနေတဲ့ အပင်မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးပြုနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဆေးရွက်ကြီးကို အကျိုးရှိရှိအသုံးပြုခဲ့တာမျိုးလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင် ကျန်းမာရေးကို အထောက်အကူပြုမှာ မဟုတ်လောက်ပါဘူးလို့ ထင်ထားတဲ့ ဆေးရွက်ကြီးရဲ့ အသုံးဝင်ပုံလေးကို ပြောပြပေးမယ်နော်။

ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ

ဆေးရွက်ကြီး ဆိုတာ ဘာလဲ…….

ဆေးရွက်ကြီး ဆိုတာက အာဂျင်တီးနားမျိုးရင်းပင်တစ်မျိုးပါ။ အမြင့် ၅ မီတာဝန်းကျင်လောက်သာရှိတဲ့ အပင်ပုတစ်မျိုးပေါ့။ အရွက်က ခပ်ဖားဖားပုံစံရှိပြီး ဒီခပ်ဖားဖားပုံစံ အရွက်မှာ anabasine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအရွက်ကို အစိမ်းအတိုင်းစားရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဆေးလိပ်၊ စီးကရက်တွေထုတ်လုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။

ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ

ဆေးရွက်ကြီးက တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အနည်းအကျဉ်းသုံးရင် ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံ သုံးရင်တော့ ထိခိုက်မှု တော်တော်လေး များပါမယ်။ ဆေးရွက်ကြီးကို ကျန်းမာရေးအတွက် အသုံးပြုမယ်ဆိုရင်တော့

ဆေးရွက်ကြီးရဲ့ အသုံးဝင်မှုဆိုတာ ဘာတွေများလဲ…………

ဆေးရွက်ကြီးက သင့်ကိုရောဂါဖြစ်စေဖို့ပဲ အားပေးနေတာမဟုတ်ပါဘူး။ အခုလိုမျိုးအကျိုးပြုပေးတဲ့အချက်လေးတွေလည်း ရှိပါသေးတယ်။

  • ပိုးမွှားတွေကို သေစေနိုင်တယ်

ဆေးရွက်ကြီးက အပင်တွေမှာကျရောက်တတ်တဲ့ ပိုးတွေကို ထိထိရောက်ရောက်နှိမ်နှင်းပေးသလို အပင်လေးတွေကို ခရုတွေဖျက်စီးမှုကနေလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားမှာ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ဆေးရွက်ကြီးရွက်ကို ကြိတ်ခြေလို့ အုံပေးရင် အရေပြားယားယံတာ၊ ရောင်ရမ်းတာတွေကိုသက်သာစေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကြောင့် ထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

  • အင်းဆက်နှိမ်နှင်းဖို့ သုံးလို့ရတယ်

ခြင်တွေ၊ ယင်တွေ၊ ပိုးကောင်တွေ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက်လည်း ဆေးရွက်ကြီးကို အသုံးပြုပေးလို့ ရပါတယ်။ ဆေးရွက်ကြီး အရွက်ကို ရေနွေးဆူဆူထဲမှာ နာရီအနည်းငယ်ကြာ စိမ်ထားပြီး ရလာတဲ့ အရည်ကို စပရေးဗူးထဲ ထည့်လို့ ဖြန်းပေးပါ။ သဘာဝခြင်နိုင်ဆေးအဖြစ် အသုံးပြုပေးလို့ ရပါတယ်။

အသေးစား ပြတ်ရှဒဏ်ရာတွေ ခံစားရတဲ့အခါမျိုးမှာ ဆေးရွက်ကြီးကို ရေစင်အောင်ဆေးလို့ ကြိတ်ခြေပြီး ရလာတဲ့အရည်ကို စွတ်ပေးလို့ ရပါတယ်။ ကြိတ်ခြေထားတဲ့ အရွက်ကို အနာပေါ် အုံပေးလို့လည်း ရပါတယ်။ အနာကို ပိုးမဝင်စေဘဲ အနာကျက်စေမှာ အသေအချာပါ။

အအေးမိတာကြောင့် နှာခေါင်းပိတ်နေခဲ့ရင် ရေစင်အောင် ဆေးထားတဲ့ ဆေးရွက်ကြီးကို ခြေလို့ ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး အငွေ့ကို ရှုပေးလို့ ရပါတယ်။ နှာခေါင်းပွင့်စေပြီး အဆုတ်သန့်စေမှာပါ။ ပန်းနာရင်ကြပ်ရောဂါ နဲ့ အဆုတ်ရောင်တီဘီတို့ကြောင့် အသက်ရှုရခက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးရွက်ကြီးကို စိတ်ဓာတ်ကျတာ သက်သာစေဖို့၊ ဗောက်ပြဿနာ ကင်းစေဖို့၊ အရေပြား ကျန်းမာစေဖို့၊ သွားကိုက်တာ နဲ့ နားကိုက်တဲ့ ပြဿနာတွေ သက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ ရပါသေးတယ်။ ဒါကြောင့် ဆေးရွက်ကြီး ဆိုတိုင်း ကျန်းမာရေးကို ထိခိုက်စေမှာပဲလို့ မယူဆစေချင်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ဆေးရွက်ကြီးက အနည်းငယ်ပဲ သုံးရင် ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံသုံးရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

ဘယ်သူတွေ မသုံးသင့်ဘူးလဲ

ကလေးငယ်တွေ၊ နို့တိုင်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရောါအခံရှိသူတွေ၊ ဆေးသောက်နေရသူတွေအနေနဲ့ မသုံးသင့်ပါဘူး။

ဆေးရွက်ကြီးကို အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ၊ ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးသုံးတတ်မယ်ဆိုရင်တော့ ဆေးဖက်ဝင်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/10/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။