အသက်လေးရှူလိုက်လို့ ရင်ညွှန့်နားက စူးကနဲအောင့်သွားတယ်၊ ကိုယ်ခန္ဓါ အလှည့်အပြောင်းမှာ ရင်ဘတ် လေးတစ်ချက်ချက် အောင့်သွားတတ်တဲ့ ပြဿနာကို ကြုံဖူးတဲ့သူ မရှားပါဘူး။ လူအများစုကတော့ ဒီလို ဖြစ်လာပြီဆိုရင် လေထိုးတာနေမှာ၊ လေပဲနေမှာဆိုပြီး ပေါ့ပေါ့ဆဆေတွေးလိုက်ကြတာများပါတယ်။ တကယ်တော့ ရင်ဘတ်အောင့်တဲ့ပြဿနာဟာ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။ ဘာေ့ကြာင့်လဲဆိုတော့ ဒီရင်ဘတ်အောင့်တာ နှလုံးနဲ့ အဆုတ် ရောဂါတွေရဲ့ အဓိက လက္ခဏာဖြစ်နေလို့ပါ ။ အသေးစိတ်ဆက်ကြည့်လိုက်ရအောင် ။
နှလုံးရောဂါဆိုင်ရာ ရင်ဘတ်အောင့်ခြင်း ။ ။
Angina – ဒီ angina ဆိုတဲ့ ရင်ဘတ်တစ်ခြမ်းအောင့်တာနဲ့ MI လို့ခေါ်တဲ့ နှလုံးကြွက်သားပုတ်ပြီး ရင်ဘတ်အောင့်တဲ့ နှစ်ခုက ဆင်တူတတ်ပါတယ်။ မတူတာတွေကတော့ angina ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာဟာ လေ့ကျင့်ခန်းကြောင့် ၊စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့်နဲ့ အများဆုံး သက်ဆိုင်ပြီး အသက်ရှူရကြပ်တာ၊ ပျို့အန်မူးဝေတာတွေကိုပါ ဖြစ်စေတတ်ပါတယ်။
MI ( myocardial Infartion) – နှလုံးကြွက်သား ပုပ်သွားတာကြောင့်ဖြစ်ရတဲ့ ဒီ ရင်ဘတ်အောင့်တာဟာ angina ထက် ပိုကြာတတ်ပြီး ချွေးစေးပြန် မခံမရပ်နိုင်အောင့် နာကျင်တဲ့ ဝေဒနာတစ်ခုပါ။ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်တာတွေကြောင့် ဒီလို နှလုံးကြွက်သားပုပ်တာမျိုး ဖြစ်တတ်ပါတယ်။
Pericarditis ( နှလုံးအမြှေးပါးရောင်ခြင်း ) – နှလုံးပတ်လည်မှာကာထားပေးတဲ့ Pericardium နှလုံးအမြှေးပါးလေးရောင်တာကြောင့်လည်း ရင်ဘတ်အောင့်တတ်ပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန် ၊လှဲအိပ်လိုက်တဲ့အချိန်တွေမှာ ရင်ဘတ်အောင့်တာ ပိုဆိုးသွားတတ်ပါတယ်။
နှလုံးအဆို့ရှင်ကျွံခြင်း – နှလုံး အဆို့ရှင်ကျွံတဲ့ ပြဿနာရဲ့ အဓိကလက္ခဏာက နုန်းခွေတာဖြစ်ပေမယ့် တစ်ချို့ရင်ဘတ်အောင့်ကြတဲ့သူတွေလည်းရှိပါတယ်။ angina နဲ့မတူတဲ့အချက်ကတော့ အဆို့ရှင်ကျွံတာကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ဟာ လှုပ်ရှားမှုလုပ်ရင်ပိုဆိုးမလာတာမျိုးမရှိတဲ့အပြင် nitroglycerin ငုံထားလို့လည်း မသက်သာပြန်ပါဘူး။
Aortic stenosis – aorta နှလုံးသွေးကြောကျဉ်းတာကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်းကတော့ ကျဉ်းနေတဲ့သွေးကြောထဲ သွေးတွေပို့တဲ့အချိန် အလုပ်ပိုလုပ်ရတဲ့ နှလုံးကြွက်သား နာကျင်တာကြောင့် ဖြစရတာပါ။
အဆုတ်ကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ နှလုံတစ်ခုတည်း ပြောလို့မရပါဘူး။ အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့်လည်း ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။ ဘယ်လို အဆုတ်ပြဿနာတွေကြောင့် ရင်ဘတ်အောင့်တတ်လဲဆိုတာ ကြည့်ရအောင်။
Pneumonia – ဒီ အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တဲ့ပြဿနာဟာ အဆုတ်ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို အဓိက ဖြစ်စေတဲအကြောင်းအရင်းပါ။
Pulmonary thromboembolism (PTE) – အဆုတ်သွေးကြော သွေးခဲပိတ်တဲ့အခါမျိုးမှာလည်း ရင်ဘတ်အောင်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။
Pneumothorax – အဆုတ်နဲ့ အဆုတ် အလွှာကြားထဲ လေဝင်တဲ့ပြဿနာတွေမှာလည်း ရင်ဘတ်အော့်တတ်ပါတယ်။
Pleurisy – အဆုတ်ကိုခြားထားတဲ့ အလွှာပါးလေး ရောင်တဲ့ပြဿနာ pleurisy ကြောင့် အသက်ရှူတဲ့အခါတိုင်း ရင်ဘတ်အောင့်တတ်ပါတယ်။
Pulmonary hypertension – အဆုတ်သွေးကြော တွေမှာ ဖိအားများတဲ့ ပြဿနာဖြစ်တဲ့ pulmonary hypertension ကြောင့် ရင်ညွှန့်အထက်နားလောက် အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။
အဆုတ်ကင်ဆာ – အဆုတ်ကင်ဆာကနေ အခြား နံရိုး၊ရင်ဘတ်ကြွက်သားတွေကို ပျံ့သွားတဲ့အခါ ရင်ဘတ်အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။
ဒါတွေကတော့ ရင်ဘတ်အောင့်ြခင်ကို ဖြစ်စေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေ အများကြီးရှိသေးတာကြောင့် တစ်ခုခုသံသယရှိလာပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြဖို့တော့ လိုပါလိမ့်မယ် ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-heart-rate]