(၅) ဟောက်တတ်တာ
ညအိပ်ချိန် ဟောက်တတ်တဲ့ သူတွေဟာ အိပ်ပျော်စဉ် အသက်ရှူ ခေတ္တရပ်စေတဲ့ ရောဂါ ရှိနေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေပြီး အသက်ရှူ ခဏ ရပ် ရပ် သွားတာ ဖြစ်ပါတယ်။
ဒီရောဂါက သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်း ၊ နှလုံးရပ်ခြင်း တို့နဲ့ ဆက်နွှယ်နေပါတယ်။ အရမ်း ဟောက်တတ်တဲ့သူတွေ အနေနဲ့ ဆရာဝန် ပြပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေ လုပ်သင့်ပါတယ်။
(၆) အသည်းရောင် စီရောဂါ
ကိုယ့်မှာ အသည်းရောင် စီရောဂါ ရှိနေတယ် ဆိုရင် သူများထက် ပိုပြီး ကိုလက်စထရော နည်းတာ ၊ သွေးဖိအား ကျတာ ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် ဒါတောင်မှ နှလုံးရောဂါ အန္တရာယ် ရှိနေပါသေးတယ် တဲ့။
အသည်းရောင် စီပိုးက နှလုံး အပါအဝင် ခန္ဓာကိုယ်ရဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကို ရောင်ရမ်း စေနိုင်တာ ကြောင့် ဖြစ်မယ် လို့ သုတေသီ တွေက ပြောပါတယ်။
(၇) အိပ်ရေး မဝတာ
တစ်ညကို အိပ်ချိန် ၆ နာရီ တောင် မပြည့်ရင် သွေးတိုးနဲ့ ကိုလက်စထရော မြင့်ဖို့ ဖြစ်နိုင်ခြေ များပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် အဝလွန်နိုင်ခြေ ပိုများပြီး ဆီးချိုလည်း ဖြစ်လာနိုင်ပါတယ်။
အဲဒီကနေ နှလုံး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် အိပ်စက်ချိန် ၉ နာရီထက် ကျော်သွားပြန်ရင်တော့ ဆိုးကျိုးတွေ ရှိနိုင်သေးတာမို့ ညအိပ်ချိန်ကို ၆ နာရီနဲ့ ၉ နာရီကြား ရှိအောင် ထိန်းထားသင့်ပါတယ်။
(၈) စိတ် မပေါ့ပါးတာ
စိတ်ခံစားချက် နဲ့ပတ်သက်တဲ့ ပြဿနာတွေက အများကြီး ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူကြပါဘူး။ အထီးကျန်စိတ်ကို ခံစားနေရတဲ့သူတွေ၊ အိမ်ထောင်ရေး အဆင်မပြေသူတွေ၊ စိတ်ဖိစီးလေးလံနေသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။