backup og meta

သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။  ။

    အိပ်ရင် ဟောက်တတ် တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားပြီး တစ်ညလုံး မအိပ်နိုင်ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ညအိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း ဟောက်တတ်နေရင် ဘေးကလူကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။

    သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။

    ဟောက်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကတော့

    ၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီးအိပ်ပါ။ 

    ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် စစချင်းအိပ်တဲ့အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက်မှာ ဖက်လုံး ခံအိပ်ရင်လည်း ဘေးကို စောင်းနေတတ်လို့ ဟောက်တာ သက်သာပါလိမ့်မယ်။

    ၂ ။ ကိုယ်အလေးချိန် လျှော့ချပါ။ 

    ဝတဲ့သူတွေဟာ ပိန်တဲ့သူတွေထက်စာရင် ပိုဟောက်တတ် ကြပါတယ်။ ကိုယ်အလေးချိန်တက်လာလို့ လည်ပင်းမှာ များလာတဲ့ အဆီတွေကြောင့် လေဝင်ပေါက်ကျဉ်းသွားပြီး ဟောက်တတ်ကြပါတယ်။ ဝတဲ့သူ တွေက ဟောက်တတ်တယ် ပေမယ့်လည်း ပိန်တဲ့သူတွေက လုံးဝ မဟောက်ဘူးလို့တော့ မဆိုလိုပါဘူး။ ကိုယ်က ပိန်တုန်းက မဟောက်တတ်ဘဲ ဝတော့မှ ဟောက်တတ်လာတယ်ဆိုရင်တော့ ကိုယ်အလေးချိန် လျှော့ချလိုက်တာနဲ့ ဟောက်တာကို သက်သာစေမှာပါ။

    ၃ ။ အိပ်ခါနီး အရက် မသောက်ပါနဲ့၊၊

    အရက်တို့၊ အိပ်ဆေးတို့ဆိုတာ သင့်လည်ပင်းတစ်ဝိုက်နဲ့ အာခေါင်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် သင့်ကို ပိုပြီး ဟောက်စေတတ်ပါတယ်။ အိပ်ရာမဝင်ခင် ၄ နာရီ ၅နာရီ လောက်အလိုတည်းက အရက် သောက်ထားရင် အိပ်တဲ့အချိန်မှာ ဟောက်တာပိုဆိုးတတ်ပါတယ်။

    ၄ ။ အိပ်ချိန်မှန်ပါစေ။ 

    အိပ်ချိန် လုံလောက်အောင် မအိပ်ဘဲ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားတဲ့သူတွေက အိပ်ရင် ကြွက်သားတွေ ပိုပြီး ပျော့ဖတ်နေတတ်တာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားပိတ်သွားပြီး ပို ဟောက်တတ် ကြပါတယ်။

    ၅ ။ ခေါင်းအုံး ပြောင်းလိုက်ပါ။

    သင့်အိပ်ရာပေါ်မှာရှိနေတဲ့ ဓာတ်မတည့်တာကို ဖြစ်စေတဲ့ ပိုးမွှားတွေကြောင့် နှာစေးနှာပိတ်ဖြစ်စေပြီး အသက်ရှူလို့ မကောင်းတော့လို့ ဟောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာကို သန့်သန့်ရှင်းရှင်းထားပါ။ ပျော့တဲ့ ခေါင်းအုံးထက်စာရင် မာတဲ့ခေါင်းအုံးကို သုံးပါ။

    ၆ ။ ရေဓာတ်ပြည့်နေပါစေ ။ 

    အာခေါင်ခြောက်နေတဲ့အခါ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ ပိုကပ်နေနိုင်တာကြောင့် လေဝင်ပေါက်ကျဉ်းသွားပြီး ပိုဟောက်တတ်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝအောင်လို့ ဟောက်တတ် တဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၁၁ ဖန်ခွက်သောက်သင့်ပြီး အမျိုးသားတစ်ဦးကတော့ ရေ ၁၆ ဖန်ခွက်သောက်သင့်ပါတယ်။

    ဒါတွေကတော့ ကိုယ်ကဟောက်တတ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သားတွေ ဟောက်တတ် ရင်ပဲဖြစ်ဖြစ် ဟောက်တာကို သက်သာအောင် လုပ်လို့ ရတဲ့ နည်းလမ်းတချို့ဖြစ်ပါတယ်။ ဒီနည်း အကုန်လုံးက ဟောက်တာကို လုံးဝ မပျောက်စေရင်တောင် သက်သာသွားအောင် လုပ်နိုင်တာကြောင့် စမ်းကြည့်တာ မမှားဘူးနော်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement