backup og meta

မျက်စိမှုန်တဲ့ ကလေးတွေအတွက် အစာအာဟာရ


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိမှုန်တဲ့ ကလေးတွေအတွက် အစာအာဟာရ

    မျက်စိဟာ လူ့ခန္ဓါကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် မျက်စိအမြင်အာရုံချို့ယွင်းလာတဲ့အခါမှာ နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဘာကြောင့် ကလေးအရွယ်မှာ မျက်စိမှုန်လာကြတာလဲ၊ ဒီလို မျက်စိမှုန်တဲ့ ကလေးတွေအတွက် ဘယ်လိုအစားအစာတွေကို ပိုစားပေးသင့်လဲဆိုတာ ဝေမျှပေးချင်ပါတယ်။

    ကလေးများနဲ့ မျက်စိမှုန်ခြင်း

    အဓိကမျက်စိမှုန်လာရတဲ့ အကြောင်းရင်းအများစုထဲမှာ ကလေးတွေ တီဗီအကြည့်များတာ၊ ဖုန်းကို မျက်လုံးနဲ့ နီးနီးကပ်ကပ်အသုံးပြုလွန်းတာ၊ မီးအလင်းရောင်သိပ်မကောင်းတဲ့နေရာမှာ စာဖတ်တာ စသဖြင့် အစုံပါပဲ။ မွေးရာပါ အမြင်အာရုံချို့ယွင်းတာ၊ မျိုးရိုးဗီဇေကြာင့်လည်း ကလေးတွေမှာ မျက်စိမှုန်နိုင်ပါတယ်။

    ကိုယ့်ကလေးရဲ့ မျက်စိအမြင်အာရုံမှာ ချို့ယွင်းချက်တွေ ရှိုနေလားဆိုတာကို သူတို့ရဲ့ အမူအရာ၊ လုပ်ပုံကိုင်ပုံတွေကို လေ့လာရင်းနဲ့ သိနိုင်ပါတယ်။ အဝေးမှာ ရှိတဲ့အရာတွေကို ကောင်းကောင်းမမြင်ရတာ၊ ကျောက်သင်ပုန်းက စာတွေကို သေချာမမြင်ရတာ၊ စာဖတ်တဲ့အချိန်၊ တီဗီကြည့်တဲ့အချိန်မှာ အခက်အခဲ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးရဲ့ အမြင်အာရုံမှာ ချို့ယွင်းချက်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။

    ပုံမှန်အားဖြင့် အနီးမှုန်၊ အဝေးမှုန်တဲ့ ကိစ္စက မျက်မှန်တပ်တာ၊ ကလေးရဲ့ မျက်စိကို အာဟာရြဖစ်စေမယ့် အစားအစာတွေ နေ့စဉ်ကျွေးပေးရုံနဲ့တင် အမြင်အာရုံ ပြန်ကောင်းလာနိုင်ပါတယ်။ နှစ်စဉ် ဒါမှမဟုတ် ၂နှစ်ခြား တစ်ခါ ကလေးတွေရဲ့ မျက်လုံးကို ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

    မျက်စိကို အကျိုးဖြစ်စေတဲ့ အစာအာဟာရ

    ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကလေးတွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်း လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်တာ သိပြီးသား ဖြစ်မှာပါ။ ဒီအာဟာရဓါတ်တွေထဲမှာမှ ဇင့်ဓါတ်၊ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ Omega-3 fatty acid တွေဟာ မျက်စိကို အကျိုးဖြစ်စေပြီး အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ ကလေးမှာ အမြင်အာရုံချို့ယွင်းနေတာကို သတိထားမိရင်ဖြစ်စေ၊ မျက်စိမှုန်တာကို ကြိုတင်ကာကွယ်စေချင်ရင်တော့ ကလေးတွေကို ဒီအစားအစာတွေ များများကျွေးပေးသင့်ပါတယ်။

    ၁။ ငါး

    ငါးတွေမှာ မျက်လုံးကို ကောင်းကျိုးဖြစ်စေတဲ့ Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် ကလေးတွေသာမက လူကြီးတွေပါ မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးသလောက် အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

    ၂။ ပဲ နဲ့ အစေ့အဆန်အမျိုးမျိုး

    အစေ့အဆန်နဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓါကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ နေကြာစေ့၊ သီဟိုရ်စေ့ အစရှိတဲ့ အစေ့အဆန်တွေ၊ မြေပဲ၊ ပဲနီလေးကို များများစားပေးခြင်းဖြင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။

    ၃။ အချဉ်ဓါတ်ရှိတဲ့ သစ်သီးတွေ

    သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

    ၄။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

    ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓါကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓါတ် ပါဝင်တာကြောင့် ကလေးတွေအတွက် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

    ၅။ မုန်လာဥနီ

    လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာ မုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓါကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

    ၆။ ကန်စွန်းဥ

    ကစီဓါတ်ပေါကြွယ်ဝပြီး ဗီတာမင် E ဓါတ်အပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

    ၇။ ဥအမျိုးမျိုး

    ဥတွေမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓါတ်တွေအပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ ကလေးတွေကို ကြီးထွားသန်စွမ်းစေပြီး အာဟာရဖြစ်စေတဲ့ အစားအစာအဖြစ် ဥတွေကိုလည်း နေ့စဉ်စားပေးဖို့ လိုအပ်ပါတယ်။

    ၈။ ရေ

    ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးတဲ့ ကလေးတွေမှာ ခန္ဓါကိုယ်တွင်း ရေဓါတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement