backup og meta

စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ်

စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ်

စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းက လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်မှ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်သလို စိတ်ခံစားမှုပိုင်းဆိုင်ရာရော လူမှုဆက်ဆံရေးပါ ကောင်းမွန်မှာဖြစ်ပါတယ်။

ဒီတော့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အတော်လေး အရေးပါတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ အခြေအနေတွေ အစားအသောက်တွေနဲ့ ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနည်းတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ နေ့စဉ်နဲ့အမျှ တွေ့ကြုံခံစားနေရတဲ့ ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံကို ဖန်တီးနိုင်မှာပါ။ အပြောင်းအလဲတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလို ကျန်းမာနေဖို့ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။

စိတ်ကျန်းမာရေး ထိခိုက်နေပြီလား

စိတ်ကျန်းမာရေး ထိခိုက်နေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • စားသောက်မှုပုံစံ ပြောင်းလဲတာ [အလွန်အကျွံ စားတာ၊ လုံးဝ အစားမစားတာ]
  • အမြဲတမ်း အားမရှိသလို ဖြစ်နေတာ
  • အခြားသူတွေနဲ့ ပြောဆိုဆက်ဆံချင်စိတ် မရှိတာ
  • မျှော်လင့်ချက် မဲ့နေတာ
  • အရက်၊ ဆေးရွက်ကြီး နဲ့ မူးယစ်ဆေးတွေ အလွဲသုံးလာတာ
  • အကြောင်းအရင်းမရှိဘဲ စိတ်တိုတာ၊ ဒေါသထွက်နေတာ၊ စိတ်ရှုပ်ထွေးနေတာ
  • စိတ်ခံစားမှု အပြောင်းအလဲမြန်တာ
  • မိသားစုတွေနဲ့ အမြဲလိုလို ရန်ဖြစ်နေတာ
  • မရှိတဲ့ အသံတွေ ကြားနေရတာ
  • ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုဖို့ လုပ်တာ
  • အခြားသူတွေကို အန္တရာယ်ပြုချင်နေတာ
  • နေ့စဉ် လုပ်နေကျ အလုပ်တွေကို လုပ်ဖို့ စိတ်မပါတာမျိုးတွေပါ။
စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ် လို့ ပြောရတဲ့ အကြောင်းအရင်းက

စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်တယ်

စိတ်ကျန်းမာရေး ကောင်းနေမှလည်း နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ ကြုံတွေ့ရမယ့် အပြောင်းအလဲတွေကို အလွယ်တကူကျော်လွှားနိုင်ဖို့အတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ အရေးကြီးပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှ အရက်၊ မူးယစ်ဆေး စွဲတာတွေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ နေ့စဉ်ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ စိတ်ကျန်းမာနေမှလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝမှာပါ။ ဒါမှလည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ကျန်းမာပြီး ယုံကြည်မှု ရှိမှ ဘဝရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်မယ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်နေမှလည်း အခြားသူတွေကို ဖေးမကူညီပေးနိုင်မှာပါ။

အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မယ်

စိတ်ဓာတ်ကျနေမယ် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တစ်ခုခု ခံစားနေရမယ်ဆိုရင် အလုပ်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်မှာ မဟုတ်သလို တီထွင်ဖန်တီးနိုင်စွမ်းတွေလည်း ကျဆင်းသွားမှာပါ။
ဒါကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်ထဲမှာ တီထွင်ဖန်တီးနိုင်မှု ကောင်းစေဖို့ဆိုရင် စိတ်ကလေး ကျန်းမာအောင် ဂရုစိုက်လိုက်ပါ။

ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်မယ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်နေမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ​ဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာစေဖို့ ဝါသနာပါရာ လုပ်ငန်းတွေ လုပ်ဆောင်တာ၊ ပန်းပင်လေးတွေ စိုက်တာ၊ ပရဟိတ လုပ်ငန်းလေးတွေ လုပ်တာလိုမျိုးလုပ်ပေးလို့ ရပါတယ်။

စိတ်ကျန်းမာစေဖို့ ဘာတွေ လုပ်ဆောင်ပေးရမလဲ

စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေကတော့

  • လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ
  • အိပ်ချိန် ပြည့်ဝအောင် ဂရုစိုက်ပါ
  • နားချိန် သတ်သတ်မှတ်မှတ် ထားပါ
  • ပညာရပ် အသစ်တွေ သင်ယူပါ
  • တစ်ယောက်ယောက်ကို ချစ်ကြည့်ပါ
  • အကောင်းမြင်စိတ် ထားပါ။

စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ် လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။

    Helloဆရာဝန် ပရိသတ်ကြီးအတွက် အမှာစကား


    စိတ်ကျန်းမာရေးက ဘဝရှင်သန်ရေးအတွက် အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ကျန်းမာရေး မကောင်းဘူးဆိုရင် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုတွေကို ကောင်းကောင်းကျော်လွှားဖို့ ခက်ခဲမှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေး ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်မယ့် အလေ့အထလေးတွေကို မွေးမြူရင်း စိတ်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

    [embed-health-tool-bmi]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Why Is Mental Health Important? https://www.verywellmind.com/the-importance-of-mental-health-for-wellbeing-5207938 Accessed Date 1 July 2022

    Top Ten Reasons Why Mental Health Is So Important https://planstreetinc.com/top-ten-reasons-why-mental-health-is-so-important/ Accessed Date 1 July 2022

    Mental Health https://medlineplus.gov/mentalhealth.html Accessed Date 1 July 2022

    What Is Mental Health? https://www.mentalhealth.gov/basics/what-is-mental-health Accessed Date 1 July 2022

    Mental health: strengthening our response https://www.who.int/news-room/fact-sheets/detail/mental-health-strengthening-our-response Accessed Date 1 July 2022

    ယခုပုံစံ

    28/07/2022

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

    Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


    ဆက်စပ် အကြောင်းအရာများ

    စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

    ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement