backup og meta

အတွေးများပြီး ညည အိပ်မပျော်ဖြစ်နေပါသလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွေးများပြီး ညည အိပ်မပျော်ဖြစ်နေပါသလား  ။  ။

    အိပ်ခါနီး တောင်တွေးမြောက်တွေးနဲ့ တော်တော်နဲ့ အိပ်မရတဲ့သူတွေ ရှိပါသလား။ အိပ်ရာထဲရောက်ပြီဆိုတာနဲ့ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်တဲ့ သူအများစုဟာ ညဘက်အိပ်မပျော်တဲ့ ဝေဒနာကို အခြားသူတွေထက်ပိုခံစားရလေ့ရှိပါတယ်။ ဒီလိုနဲ့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရပြီးအိပ်ရာထဲ လူးလွန်နေရတဲ့သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှ ပေးချင်ပါတယ် ။ ။

    ဒီလို အတွေးလွန်ပြီး အိပ်ချင်စိတ်တွေ ပျောက်ကုန်တဲ့အခါ

    အိပ်ရာထဲက ထွက်လိုက်ပါ။ ။

    အိပ်ရာထဲမှာ လူးလွန့်ပြီး အတင်းအိပ်ပျော်အောင် ကြိုးစားနေမယ့်အစား အိပ်ရာထဲက ထွက်ပြီး သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုမှာ သီချင်း အေးအေးလေးတွေ နားထောင်လိုက်ပါ။ အိပ်ရာထဲမှာ မရှိလေ အချိန်ကြာလာတာနဲ့ အိပ်ချင်လာလေဖြစ်မှာပါ။

    အိပ်ခါနီး အလုပ်အကြောင်းလုံးဝ မစဉ်းစားပါနဲ့ ။ ။

    သင့်ကို စိတ်ဖိစီးစေတဲ့ အလုပ်အကြောင်၊ အကြွေးအကြောင်း ငွေရေးကြေးရေး အ ကြောင်းကို အိပ်ခါနီးလုံးဝကို မစဉ်းစားပါနဲ့။ လုပ်စရာ အားလုံးကို အိပ်ရာ မဝင်ခင် ၂ နာရီလောက်အလိုတည်းက အကုန်ဖြတ်ခဲ့ပါ။

    ဖုန်းကို အိပ်ရာနဲ့ အဝေးဆုံးမှာထားပါ။ ။

    အိပ်မပျော်လို့ဆိုပြီး ဖုန်းပွတ်၊ ဖုန်းပွတ်တော့ ပိုပြီး အိပ်ချင်စိတ် ပျောက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး အင်တာနက်လုံးဝ မသုံးပါနဲ့။ ကြောက်စရာ ကောင်းတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ပါနဲ့။ ။

    ယောဂ ကစားကြည့်ပါ။

    သက်တောင့်သက်တာရှိစေဖို့နဲ့ ကောင်းကောင်းအိပ်ပျော်စေဖို့ အတွက် အိပ်ခါနီး ယောဂလိုမျိုး မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ တွေးလက်စ အတွေးတွေ ပြေလျော့သွားပြီး ကောင်းကောင်းလည်း အိပ်ပျော်စေမှာပါ။

    အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်လုပ်ပြီးမှ အိပ်ပါ။ ။

    အိပ်ခါနီး မွန်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေဖို့အတွက် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်ပါ။ ဒီလိုနဲ့ သင့်ရဲ့ မွန်းကြပ်မှုတွေ အဝေးရောက်သွားလို့ တဖြည်းဖြည်းနဲ့ အိပ်ချင်လာမှာပါ။ ဒီလို လုပ်ကြည့်ပါ။ ရင်ဘတ်ပေါ်လက်တင်ထားပြီး နှလုံးခုန်သံ ကို နားထောင်ပါ။ ပြီးရင် အသက်ကို ၄ စက္ကန့်လောက်အောင့်ထားပြီး အရှည်ကြီးရှူထုတ်လိုက်ပါ။

    အိပ်ခန်းထဲမှာ TV မထားပါနဲ့။ ။

    ဘယ်လောက်ပဲ ဇိမ်ခံတတ်ပါစေ ညည အိပ်မပျော်တဲ့သူတွေ အနေနဲ့ အိပ်ခန်းထဲ TV ထားကို မထားသင့်ပါဘူး။ ဖုန်းတို့ TV တို့ကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းတွေကြောင့် သင့်ကို အိပ်ချင်အောင် လှုံ့ဆော်ပေးတဲ့ melatonin ဟော်မုန်း ထွက်နှုန်းကျသွားပြီး သင့်ဦးနှောက်ကလည်း အလုပ်တွေ ဆက်လုပ်နေမှာ ဖြစ်တာကြောင့် တော်တော်နဲ့ သင်အိပ်လို့ ပျော်တော့မှာ မဟုတ်ပါဘူး။

    တရားထိုင်ပါ။ ။

    တရားစခန်းဝင်ရင် နေ့ခင်းဘက်တွေ မှာတောင် တရားထိုင်ရင် အိပ်ပျော်တာ၊ ညဘက်ဆို ပိုတောင်မှ အိပ်ပျော်နိုင်သေး။ တစ်ခုတော့ရှိတယ်။ တရားထိုင်တာနဲ့ လှဲနေရင်း တရားမှတ်တာနဲ့ဆို ထိုင်ရင်း တရားမှတ်တာက ပိုပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ မလှဲရလေ လှဲချင်လေ၊ မရလေ ပိုလိုချင်လေဆိုတာ လူ့သဘာဝပဲ မဟုတ်လား။

    စိတ်ထဲမှာ တစ်ခုခုမွန်းကြပ်နေရင် အော်ထုတ်လိုက်ပါ။

    တစ်ခုခု ဖိစီးနေလို့ စိတ်ထဲမွန်းကြပ်ပြီး အိပ်လို့မရရင် ကိုယ့်ကို မွန်းကြပ်စေတဲ့အကြောင်းကို ပါးစပ်ကနေ ရွတ်နေလိုက်ပါ။ ဒါမှမဟုတ် နံပါတ်စဉ်တွေကို ရေရွတ်တာဖြစ်ဖြစ်၊ အက္ခရာတွေကိုပဲ ဖြစ်ဖြစ် အသံထွက်ပြီးရေရွတ်နေလိုက်ပါ။

    ဒါတွေကတော့ အိပ်ချိန်ရောက်နေရက် အတွေးလွန်နေလို့ အိပ်မပျော်ဘဲ လူးလွန့်နေရတဲ့ ညတွေ ကုန်ဆုံးစေဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေ ပဲ ဖြစ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement