အတွဲတွေ ဘယ်လောက်ချစ်ချစ်၊ တစ်ခါတလေ သဘောထားမတိုက်ဆိုင်လို့ စကားများ၊ ရန်ဖြစ်ကြရတာမျိုးတွေ အနည်းနဲ့အများတော့ ရှိကြမှာပါ။ မထူးဆန်းတဲ့ ကိစ္စပဲပေါ့။ ဒါပေမဲ့ ကလေးတွေ ရှိလာပြီဆိုရင်တော့ ပြောစရာတွေ ရှိလာပါပြီ။ မိဘတွေ ရန်ဖြစ်တာက ကလေးတွေကို ရိုက်နှက်နာကျင်နေတာမျိုး မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး ဆိုးကျိုးသက်ရောက်စေပါတယ်။ ဘာကြောင့်လဲ။