သင့်ရဲ့ စိတ်လေး ကျန်းမာပါစ …. လူတွေက ရုပ်ပိုင်းဆိုင်ရာ မကျန်းမာတာကို အလွယ်တကူ သတိထားမိတတ်ကြတယ်။ ထိခိုက်ဒဏ်ရာလေးဖြစ်ရင် ပလာစတာကပ်တာ၊ ဆေးထည့်တာတွေ လုပ်ကြပေမယ့် စိတ်ကလေး မကျန်းမာတာကိုကျ ကုသပေးဖို့ မေ့နေတတ်ကြပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
သင့်ရဲ့ စိတ်လေး ကျန်းမာပါစ …. လူတွေက ရုပ်ပိုင်းဆိုင်ရာ မကျန်းမာတာကို အလွယ်တကူ သတိထားမိတတ်ကြတယ်။ ထိခိုက်ဒဏ်ရာလေးဖြစ်ရင် ပလာစတာကပ်တာ၊ ဆေးထည့်တာတွေ လုပ်ကြပေမယ့် စိတ်ကလေး မကျန်းမာတာကိုကျ ကုသပေးဖို့ မေ့နေတတ်ကြပါတယ်။
တကယ်ကတော့ လူတစ်ယောက်ကို ကျန်းမာတယ်လို့ ပြောနိုင်ဖို့ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာဖို့ လိုမှာပါ။ လူအတော်များများက စိတ်မကျန်းမာမှုကို ခံစားနေရပေမယ့် ကိုယ်တိုင်တောင် စိတ်မကျန်းမာနေဘူးဆိုတာကို မသိလိုက်ကြတာမျိုးပါ။
ဒီတော့ ကိုယ်တွေရဲ့ စိတ်ကရော ကျန်းမာနေရဲ့လား စိတ်ကျန်းမာရေးအချက်ပြလက္ခဏာတွေနဲ့ စိတ်ကျန်းမာစေဖို့ ကိုယ်တိုင်ဘာလုပ်လို့ရမလဲ ဆိုတာကို ဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ကြစို့လား……….
စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ အကြောင်းကတော့ စိတ်ကျန်းမာရေးက
ဒီလို အခြေအနေတွေကို အကောင်းဆုံး ဖန်တီးနိုင်ဖို့က စိတ်ကျန်းမာရေး ကောင်းဖို့ လိုပါမယ်။ စိတ်ကျန်းမာရေးကောင်းမှ ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာပါ။ ဥပမာပြောပြရရင် စိတ်ကျန်းမာရေး မကောင်းတာကြောင့် မလှုပ်မရှားဘဲနေမယ်ဆိုရင် လေဖြတ်တာ၊ အမျိုးအစား (၂) ဆီးချို၊ နှလုံးရောဂါ စတာတွေကို ဖြစ်စေနိုင်ပါတယ်။
စိတ်ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အကြောင်းအချက်တွေကတော့ အများကြီးပါ။
စိတ်ကျန်းမာရေးဆိုတဲ့ နေရာမှာ သိမြင်မှုစွမ်းရည်တွေ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုတွေတွေ အားလုံးပါဝင်နေပါတယ်။ လူတစ်ယောက်ရဲ့ တွေးတောမှု၊ စိတ်ခံစားမှု၊ အပြုအမူတွေ အားလုံးကိုလည်း စိတ်ကပဲ ထိန်းချုပ်ထားတာပါ။
အစွန်း တစ်ဖက်ဖက်ကို ရောက်နေတာမျိုး မရှိဘဲ ခံစားမှု ပြင်းထန်တာမျိုးလည်း မရှိဘူး။ နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ ဆုံးဖြတ်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်နေတယ်ဆိုရင် စိတ်ကလေးက ကျန်းမာနေတယ်လို့ ဆိုရပါမယ်။ ဒါက စိတ်ကျန်းမာရေး ပုံမှန် အခြေအနေ တစ်ရပ်ပါ။
စိတ်လေး ကျန်းမာပါစ …… စိတ်ကျန်းမာရေး မကောင်းဘူးဆိုတာ သွက်သွက်ခါအောင် စိတ်မနှံ့ဖြစ်နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ အခုပြောပြမယ့် လက္ခလဏာလေးတွေထဲက တစ်ခုခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားနေရရင်လည်း စိတ်ကျန်းမာရေး အခြေအနေက ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။
စိတ်ကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ စိတ်ကျန်းမာမှ နေ့စဉ်ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာက ရောဂါကင်းလို့ ကျန်းမာမှာပါ။ ဒီတော့ စိတ်ကလေး ကျန်းမာပါစဆိုတာကိုလည်း နေ့တိုင်း ဆန်းစစ်လို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလို့ သေချာ လေး ဂရုစိုက်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။