သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 19, 2021 . 2 mins read
Share now

နှလုံးရောဂါ ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါ စွဲကပ် စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။

အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။

အကျင့်ဆိုးတွေကို ရပ်တန်ပါ

သင်နှလုံးရောဂါ မစွဲကပ်ချင်ဘူးဆိုရင် အောက်ပါ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့၊ ရပ်တန့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

  • အထိုင်များနေတာ – လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကိုယ်က တစ်နေကုန် ဘယ်လိုနေထိုင်တတ်တယ်ဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ တနေကုန်ထိုင်နေရသူမျိုးဆိုရင် တစ်နာရီတစ်ခါလောက် ထပြီးလမ်းလျှောက်ပေးတာမျိုးကိုပါ လုပ်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကြီး ပုံမှန်လည်ပတ်နေဖို့အတွက်ပါ။
  • ငယ်သေးလို့ နှလုံးရောဂါ မဖြစ်လောက်သေးဘူးလို့ထင်နေတာ – နှလုံးရောဂါအတွက် ငယ်တယ်ကြီးတယ်ဆိုတာမရှိပါဘူး။ တစ်ချို့တွေက ကိုယ်ငယ်သေးတယ်ဆိုပြီး နှလုံးရောဂါမဖြစ်နိုင်လောက်သေးပါဘူးလို့ ထင်ကြတယ်။ နေချင်သလိုနေ စားချင်သလိုစားကြတယ်။ တကယ်တော့ နှလုံးရောဂါက အသက်အရွယ်မရေးဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မဆို ဆင်ဆင်ခြင်ခြင်နေထိုင်စားသောက်သင့်ပါတယ်။
  • တစ်ခွက်တစ်ဖလားတွေ များနေတာ – သူငယ်ချင်းတွေနဲ့ တွေ့လို၊ ပျော်လို့၊ စိတ်ညစ်လို့၊ အောင်ပွဲခံချင်လို့စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အသောက်အစားတွေစိတ်လာပြီဆိုရင် သင် နှလုံးရောဂါရဖို့ သိပ်ကိုနီးစပ်သွားပါပြီ။ နှလုံးရောဂါကို ကာကွယ်ချင်ရင် အယ်လ်ကိုဟောကို လက်လွှတ်လိုက်တာအကောင်းဆုံးပါ။
  • Diet ဖြစ်အောင် မစားတာ – Diet ဆိုတာ ဝိတ်ချတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ညီညွတ်မျှတစွာ ဖြည့်တင်းစားသုံးတာပါ။ အသင့်စားအစားအစာတွေ၊ အဆီတွေ၊ အဆိမ့်တွေချည်းလှိမ့်စားနေရင် သင်ကျန်းမာရေးထိခိုက်မှာဖြစ်ပါတယ်။
  • ကိုယ့်ခန္ဓာကိုယ်က ကိန်းဂဏန်းတွေကို သတိမထားတာ – သင့်ခန္ဓာကိုယ်မှာ ကိန်းဂဏန်းတွေရှိနေပါတယ်။ သွေးပေါင်ချိန်ကိုယ်ပူချိန်၊ ကိုယ်တွင်း ကိုလက်စထရောပမာဏ၊ ကယ်လိုရီပမာဏ၊ ကိုယ်အလေးချိန်စတာတွေပါပဲ။ ဒီလို အချက်တွေကို သင်ဂရုမစိုက်ဘူးဆိုရင် သင့်ရဲ့ နှလုံးကျန်းမာရေးကို ဒုက္ခပေးလာချိန်မှာ သင်အသိနောက်ကျပါလိမ့်မယ်။
  • ခါးအရွယ်အစားကို ဂရုမစိုက်တာ – သင့်ရဲ့ ခါးအရွယ်အစားကြီးမားလာတာက သင့်နှလုံးအတွက် မကောင်းပါဘူး။ ယောင်္ကျားတစ်ယောက်အတွက် ခါးဆိုက် ၄၀ ကျော်တာ၊ မိန်းမတစ်ယောက်အတွက် ၃၅ ကျော်တာက နှလုံးရောဂါရနိုင်ခြေ အနီရောင်အဆင့် အခြေအနေမျိုးဖြစ်ပါတယ်။
  • သင့်စိတ်ကို သင်ဂရုမစိုက်တာ – သင်ဘယ်လို ခံစားနေရလဲ၊ စိတ်ဓာတ်ကျနေတာလား၊ စိတ်ညစ်နေတာလား၊ စိတ်ပင်ပန်းနေတာလား။ ဒါတွေကို သင်ဂရုမစိုက်ဘူးဆိုရင် နှလုံးရောဂါက သင့်အနားကိုရောက်လာပါလိမ့်မယ်။ နှလုံးရောဂါဟာ စိတ်ခံစားချက်နဲ့ ဆက်နွယ်မှုရှိပြီး စိတ်ကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတတ်တာကြောင့်ပါ။
  • ဆေးလိပ်ငွေ့တွေကို မရှောင်နိုင်ဖြစ်နေတာ – ဆေးလိပ်သောက်မှ ဆေးလိပ်ငွေ့ရတာမဟုတ်ပါဘူး။ ကိုယ့်အနီးအနားမှာ တခြားသူတစ်ယောက်ယောက်က ဆေးလိပ်သောက်ရင်လည်း ဆေးလိပ်ငွေ့ရနိုင်တာပါပဲ။ ဘယ်လိုနည်းလမ်းနဲ့ ရရ ဆေးလိပ်ငွေ့နဲ့ နေ့စဉ်ရက်ဆက်ထိတွေ့နေရပြီဆိုရင် သင်ဆေးလိပ်သောက်သောက်မသောက်သောက် နှလုံးရောဂါရဖို့ ဖြစ်နိုင်ခြေကတော့ ဆတူဖြစ်သွားမှာပါ။

ဒီလိုအကျင့်ဆိုးတွေကို ပြင်ဆင်နိုင်မှ သင့်ရဲ့နှလုံးဟာ ကျန်းမာပြီး သင်ကိုယ်တိုင်လည်း အသက်ရှည်ရှည်နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို မလိုက်နာဘူးဆိုရင်တော့ သင့်ရဲ့နှလုံးဟာ ထိခိုက်ပျက်စီးလာနိုင်ပါတယ်။

ကနဦးလက္ခဏာတွေကိုလည်း သတိထားပါ

တကယ်လို့ သာမာန်အခြေအနေမှာ နှလုံးရောဂါဝေဒနာ စွဲကပ်လာနိုင်တဲ့ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် နှလုံးရောဂါအဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။

အောက်ပါ လက္ခဏာတွေပြသလာပြီဆိုရင် သင်နှလုံးရောဂါဖြစ်ပွားဖို့ နီးစပ်လာပြီဆိုတဲ့ နိမိတ်လက္ခဏာတွေဖြစ်ပါတယ်။

ဒါကြောင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ နှလုံးရောဂါကို ကာကွယ်ဖို့ အကျင့်ဆိုးတွေကို ဖယ်ရှားရပ်တန့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုရပ်တန့်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သင့်ကို ကျန်းမာတဲ့ဘဝတစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား

ကီတို Diet ဝိတ်ချ ကိုယ်အလေးချိန် အစားအသောက် အဆီ ကြွက်သား လေ့ကျင့်ခန်း အသီအရွက် သကြား အချို အငန် အရသာ အစာမကြေ ဝမ်းပျက်ဝမ်းလျှော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

Yo-Yo Diet ကိုယ်အလေးချိန် ဝိတ်ချနည်းတွေ ခန္ဓာကိုယ် ထိခိုက်မှုတွေ အစားစားချင်စိတ် ဝိတ်ကျစေ ကြွက်သား အဆီ Diet ကြွက်သား ဆုံးရှုံးမှု ပရိုတင်း လှုပ်ရှားမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

အဆီများ အဆီ အစားအသောက် Diet စားသောက်မှုပုံစံ အစာကြေ အစာချေဖျက်မှု အစာခြေစနစ် အစာမကြေခြင်း သွေးတွင်းအဆီ လှုပ်ရှားမှု ရေနွေးသောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်စီးမိနေပြီလား

ကိုယ်ခံအားစနစ် ဘဝနေထိုင်မှုပုံစံ ပိုးမွှား အိပ်ရေးမဝခြင်း Diet စိတ်ဖိစီးမှု အထီးကျန်ခြင်း ပျော်ရွှင်မှု အအေးမိ တုပ်ကွေး ဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 3 mins read
လူအမျိုးမျိုးအတွက် Special diet

လူအမျိုးမျိုးအတွက် Special diet

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 2 mins read
သိထားသင့်သည့် ဆီးကျိတ်ကင်ဆာ ၏ အစောပိုင်းလက္ခဏာများ

သိထားသင့်သည့် ဆီးကျိတ်ကင်ဆာ ၏ အစောပိုင်းလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read
အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 3 mins read