အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ရှိတယ်လို့များ ကြားဖူးကြလား!
“အသည်းကွဲတယ်ဆိုတာ…. အရူးလိုပဲလား ..”
နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။
မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊ ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် “အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး”ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။
အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး
အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး တော့ မရှိပါဘူး။ ဒီနည်းလမ်းလေးတွေနဲ့တော့ သက်သာအောင် လုပ်လို့ ရပါတယ်။
ပြတ်စဲခြင်းတွေက သင့်ရဲ့ စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း ၊ စိတ်ဓာတ်ကျခြင်း စတာတွေကို ခံစားရစေတဲ့ မီးပွားတစ်ချက်ပါပဲ ။ ဒါ့ကြောင့် ဆံပင်ကောက်တာ ၊ shopping ထွက်တာ စတဲ့စိတ်ဖြေစရာတွေက အာရုံလွှဲတာသာဖြစ်ပြီး မူရင်းပြသနာကို လွတ်သွားတတ်ပါတယ် ။ ကြာလာလေလေ စိတ်ဓာတ်ကျလေလေ ၊ ကိုယ့်ကိုယ်ကိုလည်း image ကျစေတတ်တဲ့အတွက် ကိုယ်ဘာဖြစ်နေလဲဆိုတာ သိဖို့ အရေးကြီးပါတယ် ။ ဒီအတွက် ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိဖို့အတွက် အချိန်ယူပါ ။
- Social media တွေကို ခဏမေ့ထားပါ
ချစ်သူဟောင်းရဲ့ Facebook account ထဲ မကြာခဏ ဝင်ကြည့်နေခြင်းက သင့်စိတ်ကို ကြေကွဲဒေါသဖြစ်စေရုံကလွဲပြီး ဘာမှထူးလာမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် တစ်ဖက်လူက ပျော်နေရင် ကိုယ်ပါ စိတ်ဓာတ်ကျခြင်းကို ခံစားရမှာ အသေအချာပါပဲ ။ အသည်းကွဲနေချိန်မှာ Facebook ၊ Instagramစတဲ့ social media တွေကို ခဏရပ်ထားပါ ။