backup og meta

နှလုံးရောဂါရှိ ကလေးတစ်ယောက်၏ အဘိုးအဘွား ဖြစ်ရခြင်း


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရောဂါရှိ ကလေးတစ်ယောက်၏ အဘိုးအဘွား ဖြစ်ရခြင်း

    မိမိမြေးလေးတွင် နှလုံးရောဂါ ရှိနေပါက အဘိုးအဘွားများအဖို့ ရောဂါအကြောင်းကို ပို၍ပင်သိချင်ပါလိမ့်မည်။ ကလေး ၁၃၃ ယောက်တွင် ၁ ယောက်မှာ နှလုံးရောဂါနှင့် မွေးဖွားလာကြပါသည်။ တချို့သော အခြေအနေများသည် ကုသရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါသည်။ သို့သော် တချို့သော အခြေအနေများသည် မွေးမွေးပြီးခြင်း သို့မဟုတ် လနုစဉ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ဆေးပညာ၏ တိုးတက်လာမှုကြောင့် နှလုံးရောဂါ ဖြစ်သော ကလေးများ ခွဲစိတ်ကုသပြီး ရှင်နိုင်သော ပမာဏသည် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါသည်။ ထို့ကြောင့် မိမိ၏ မြေးလေးသည် နှလုံးရောဂါရှိသူ ဖြစ်ပါက ခွဲစိတ်ကုသ၍ ပျောက်ကင်းနိုင်ပါသည်။

    မိမိ၏မြေးလေး အကြောင်းပို၍ သိချင်ပါက ဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။ ဖုန်းနှင့်ဖြစ်စေ စာရွက်ဖြင့်ဖြစ်စေ မေးမြန်း၍ မည်သို့ ကုသရမည်ကို တိုင်ပင်သင့်ပါသည်။

    မိသားစု ပြဿနာများ

    မွေးရာပါ နှလုံးရောဂါရှိသော ကလေးများ မိမိမိသားစုတွင် ရှိလျှင် စိတ်မချမှုများ ရှိတတ်ပါသည်။ အဘိုးအဘွားများလည်း စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း၊ စာသင်၍ မရနိုင်သော အခြေအနေများ ရှိပါက ဘာကြောင့် သင်၍မရနိုင်သည်ကို စဉ်းစားရင်းစိတ်ဆင်းရဲမှုများ ရှိနိုင်ပါသည်။

    မိသားစုများအတွက် စိတ်ဖိစီးမှုများသော အခြေအနေမှာ မိမိကလေးကို မည်သို့ စောင့်ရှောက်ရမလဲ ဆိုသည့်အဖြေပဲ ဖြစ်ပါသည်။ ပေးနိုင်သော အကြံပေးမှုမှာ မိမိကလေးသည် အထုးဂရုစိုက် ကုသရမည် ဖြစ်သောကြောင့် မိသားစုအတွက် အနည်းငယ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

    တစ်ခါတရံ အဘိုးအဘွားများသည် မိမိတို့မြေးလေးကို သူ၏မိဘများက ခရင်များ ကျွေးနေလျှင် စိတ်ပူပြီး ဆက်သွယ်လာကြပါသည်။ ခရင်သည် နှလုံးအတွက် မကောင်းဘူးဟု ထင်ကြသည်။ အမှန်တကယ်မှာ ကလေးများ ကိုယ်အလေးချိန်တိုးရန် ကယ်လိုရီများသော အစားအစာများကို စားသုံးရမည် ဖြစ်ပါသည်။

    မိမိကလေးများ၏ စောင့်ရှောက်မှု ပုံစံနှင့် အဖွဲ့သားများကို နားလည်မှု မလွဲသင့်ပါ။

    မိမိ၏ ကလေးများကို တစ်လျှောက်လုံး အားပေးရပါမည်

    မိမိသည် မိမိ၏ မြေးလေးကို တိုက်ရိုက် စောင့်ရှောက်မည်ဆိုပါက ပို၍ ဂရုစိုက်သင့်ပါသည်။ မိမိ၏ သားသမီးကို မြေးလေးအား မည်သို့မည်ပုံ စောင့်ရှောက်ရမည်ကို မေးမြန်းပါက သူတု့ိလည်း ဝမ်းပန်းတသာ ရှင်းပြကြမည် ဖြစ်ပါသည်။

    တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စောင့်ရှောက်ခြင်း

    တစ်ခါတရံ နားလည်မှု လွဲမှားသည်များ ရှိတတ်ပါသည်။ ထိုနေရာမျိုးတွင် မိမိ၏ အဘိုးအဘွားများသည် အဓိကကျသော နေရာများတွင် ပါဝင်ပါသည်။

    အကူအညီ တောင်းခံခြင်း

    လူတိုင်းလူတိုင်းသည် မိမိ၏ သားသမီးများ လိုအပ်သည်ကို မေးမြန်း၍ ကူညီပေးကြပါသည်။ အကြံဉာဏ်များ ရှိလျှင်လည်း ပေးနိုင်ပါသည်။ အကောင်းဆုံးမှာ ပေါ့ပေါ့ပါးပါး ဖြစ်ရန် အရေးကြီးပါသည်။ မိမိ၏ မိဘများမှာ အကူအညီ မလိုအပ်ဘူးဟု ဆိုသော်လည်း နောင်တွင် အကူအညီ လိုအပ်လားဟု မေး၍ အကူအညီပေးပါ။ အဘိုးအဘွားများ ကူညီနိုင်သော နည်းလမ်းမျိုးစုံ ရှိပါသည်။ ကလေးထိန်းခြင်း၊ ထမင်းဟင်း ချက်ပေးခြင်း၊ အိမ်အလုပ်များ ကူလုပ်ပေးခြင်း၊ ဆေးစစ်ရမည့် အချိန်များတွင် ကူညီပေးခြင်းတို့ ဖြစ်ပါသည်။ တချို့အဘိုးအဘွားများသည် မိမိမြေးလေး ရောဂါအကြောင်း လွန်စွာဗဟုသုတ ကြွယ်ဝသောကြောင့် နှလုံးဆရာဝန်နှင့် ပြသရန် လိုက်သွားပေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးနားထောင်လျှင် ဗဟုသုတ ပိုရသောကြောင့် ဖြစ်ပါသည်။

    တစ်ခါတရံ အဘိုးအဘွားများသည် နားထောင်ပေးရန် အသုံးဝင်ပါသည်။ တစ်ခါတရံ သားသမီးများသည် မိမိ၏ ကလေးအခြေအနေကို တိုင်ပင်ဆွေးနွေးရန် မိမိတို့၏ မိဘများကို တိုင်ပင်တတ်ကြသည်။ ထိုအခါ မိမိတို့၏ မြေးလေး အခြေအနေကို နားထောင်ပေးနိုင်ပါသည်။

    အဝေးမှ အားပေးခြင်း

    အဝေးမှာနေသော အဘိုးအဘွားများအဖို့ ဖုန်းနှင့်ခေါ်၍ အခြေအနေ မေးမြန်းနိုင်ပါသည်။ နှလုံးရောဂါရှိသော ကလေးသည် မိသားစုထဲတွင် ရှိလျှင် ငွေရေးကြေးရေး အရလည်း စိတ်ဖိစီးမှု ရှိနိုင်ပါသည်။ ထို့ကြောင့် ငွေကြေးပိုင်ဆိုင်ရာ ထောက်ပံ့မှု ပေး၍လည်း ကူညီန်ုင်ပါသည်။

    တခြားသော မြေးလေးများ

    စိုးရိမ်ပူပန်ရတဲ့အတွက် ဆွေမျိုးသားချင်းတွေဟာ နှလုံးရောဂါရှိ ကလေး၏ မွေးချင်း မောင်နှမများကို သတိမပြုမိသလို မကြာခဏ ဖြစ်တတ်ပါသည်။ မိဘတွေ ကိုယ်တိုင်ကလည်း နှလုံးရောဂါရှိ ကလေးငယ်ကို အာရုံစိုက်နေရသဖြင့် တခြား ကလေးတွေကို အချိန်ပေးဖို့ ခက်နိုင်ပါသည်။ အဘိုးအဘွားများက တခြား ကလေးများကို အချိန်ပေး အာရုံစိုက်ပေးနိုင်ပါသည်။

    ထို့အတူ အဘိုးအဘွားများက နှလုံးရောဂါရှိ ကလေးကို ဂရုစိုက်ပေးချိန်တွင် မိဘများက တခြားသော ကလေးများအတွက် အချိန်ပေးနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement