backup og meta

ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ

မနက်ခင်းမှာ ငှက်လေးတွေရဲ့ သီချင်းသံ ချိုချိုလေးတွေနဲ့ နိုးထလာပါသလား။ ဒါမှမဟုတ် ကိုယ်တိုင်က ငှက်ချစ်တတ်သူဖြစ်တာကြောင့် တစ်နေ့တာလုံးမှာ ငှက်လေးတွေရဲ့ သီချင်းသံလေးတွေကို အချိန်တိုင်းလိုလို ကြားနေရပြီလား……. ဒါဆိုရင်တော့ သင်က ကံကောင်းတဲ့သူပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ

ငှက်လေးတွေရဲ့ သီချင်းသံ ကို နားထောင်တဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……..

စိတ်အပန်းပြေစေတယ်။

ငှက် အစစ်လေးတွေရဲ့ သီချင်းသံ ကိုနားထောင်မှရယ် မဟုတ်ပါဘူး။ ငှက်လေးတွေရဲ့ အသံကို ဖမ်းယူထားတဲ့ သီချင်းလေးတွေကို နားထောင်ရင်တောင်မှ စိတ်လက်အပန်းပြေစေနိုင်ပါတယ်။

ဒါကြောင့် တစ်နေ့တာမှာ လုပ်ငန်းခွင် တာဝန်တွေ၊ အိမ်မှုကိစ္စ တာဝန်တွေနဲ့ စိတ်ဖိစီးနေတယ်ဆိုရင် ဖိစီးနေတဲ့စိတ်ကို ပြေလျော့စေဖို့ ငှက်လေးတွရဲ့ ကျာကျာကျည်ကျည် သီချင်းသံလေးတွေကို နားဆင်ဖို့ ပြောပါရစေ။

ငှက်ဆိုလို့ မွေးထားရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ပန်းခြံလို နေရာမျိုး သစ်ပင်ရိပ် ကောင်းတဲ့နေရာမျိုးတွေကို သွားပြီး ငှက်သံတွေကို နားထောင်လို့ ရသလို You Tube ကနေ သီချင်းလေးတွေ ဖွင့်ပြီးတော့လည်း နားထောင်လို့ ရပါတယ်။

ဒီလို နားထောင်တာက စိတ်အပန်းပြေစေသလို ရောဂါကုသမှု ခံယူနေရသူတွေကိုလည်း စိတ်သက်သာရာ ရစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အာရုံစူးစိုက်မှု ကောင်းစေတယ်။

ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ

အလုပ်တွေကို အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ လုပ်ချင်ပေမယ့် အာရုံတွေ ဘယ်ဆီ ဝင်စားနေမှန်းမသိလို့ အာရုံစိုက်ရခက်နေပြီလား ….. ဒါဆိုရင် ငှက်လေးတွေရဲ့ သီချင်းသံလေးတွေကို နားဆင်လိုက်ပါ။

ဒီလိုမျိုး ငှက်လေးတွေ တေးသီတဲ့အသံကို နားဆင်တာက ဆူညံသံတွေကြောင့် အာရုံလွင့်တာတွေကို သက်သာစေနိုင်ပြီး စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ အလုပ်ထဲမှာ အာရုံ စူးစိုက်မှု ကောင်းစေပြီး မြန်မြန် လုပ်ဆောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ပင်ပန်းမှုတွေ ပြေလျော့ပြီး အာရုံစူးစိုက်မှု ကောင်းချင်ရင် ငှက်လေးတွေရဲ့ သီချင်းသံကို နားထောင်လိုက်ပါ။ သိမြင်မှုစွမ်းရည် တိုးတက်အောင်လည်း ထောက်ကူပေးနိုင်ပါသေးတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

လေ့လာမှုတွေအရ ငှက်လေးတွေရဲ့ တေးသံလေးတွေကို နားထောင်တာက စိတ်ရောကိုယ်ပါ အပန်းပြေစေပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ငှက်လေးတွေရဲ့ တေးသံ ချိုချိုလေးတွေက ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပြီး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်ပါတယ်။
ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ငှက်လေးတွေရဲ့ တေးသံလေးတွေကို နားထောင်ပါ။

အင်အားပြည့်ဝစေတယ်။

ငှက်ကလေးတွေရဲ့ တေးသံလေးတွေက စိတ်ဖိစီးမှု ကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေနိုင်တာကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်ဘူးဆိုရင် ငှက်လေးတွေရဲ့ အသံလေးတွေကို နားထောင်ပြီး အိပ်ဖို့ အကြံပြုပါရစေ။

ကောင်းကောင်းအိပ်ပျော်တာက စိတ်ရောကိုယ်ပါ အင်အားပြည့်ဝစေနိုင်ပါတယ်။

ဒါတွေအပြင် ငှက်လေးတွေရဲ့ တေးသံချိုချိုလေးကို နားထောင်တာက

  • စိတ်ဓာတ်ကျတာကိုလည်း ကာကွယ်ပေးပါတယ်။
  • တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
  • စိတ်လက် အပန်းပြေစေပါတယ်။
  • စိတ်ခံစားမှု ကောင်းစေပါတယ်။

ကဲ…… ငှက်လေးတွေရဲ့ သီချင်းသံလေးတွေကို နားထောင်ရင်း အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Three Benefits of Listening to Bird Songs https://www.backyardchirper.com/blog/three-benefits-of-listening-to-bird-songs/ Accessed Date 23 December 2021

Hearing birdsong boosts human wellbeing, study confirms https://www.independent.co.uk/climate-change/news/birdsong-mental-health-wellbeing-study-b1774784.html Accessed Date 23 December 2021

ယခုပုံစံ

03/05/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သီချင်းနားထောင် ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ......


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/05/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။