backup og meta

အိပ်နေစဉ် သွားရည်ကျတာ ကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာ ကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာ က လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာ တစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဒါပေမယ့် ဒီအခြေအနေက ညတိုင်း နဲ့ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်သလို အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် အိပ်နေတုန်း သွားရည်ကျရတာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အိပ်နေစဉ် သွားရည်ကျရတာ က

အိပ်နေတဲ့အခါ မျက်နှာက ကြွက်သားတွေက ပြေလျော့သွားပါတယ်။ ဒီလို ပြေလျော့တာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ကို အနည်းငယ် ပွင့်စေပြီး သွားရည်တွေ ပါးစပ် အပြင်ဘက် ထွက်ကျမလာအောင် ထိန်းပေးတာမျိုးလည်း မရှိတော့ပါဘူး။

ဒီတော့ အိပ်ပျော်နေစဉ်အတွင်း ပါးစပ်ထဲမှာ သွားရည်တွေ စုပုံလာပြီး ထိန်းထားနိုင်တဲ့ ပမာဏ ကျော်လာတဲ့အခါ ပါးစပ်ကနေတဆင့် ပြင်ပကို စီးကျလာတာပါ။

အိပ်နေစဉ် သွားရည်ကျစေရတဲ့ အကြောင်းအရင်းများ

အိပ်နေစဉ် သွားရည်ကျတာ က တအားအိပ်မောကျသွားလို့လို့ ယူဆကြတာ များပေမယ့် တကယ်တမ်းကတော့ အိပ်နေစဉ်မှာ သွားရည်ကျတာဟာ ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

အိပ်နေစဉ် သွားရည်ကျတာ ကို သက်သာစေဖို့

အိပ်နေစဉ်မှာ သွားရည်ကျတာ ကို သက်သာစေဖို့ဆိုရင်

အိပ်နေစဉ်မှာ ခေါင်းကို ခေါင်းအုံးမြင့်မြင့်လေး အုံးတာက  အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေနိုင်ပါတယ်။ ခေါင်းအုံးကို မအိပ်ခင်ကတည်းက ခပ်မြင့်မြင့်လေးဖြစ်အောင် ဂရုစိုက်ပြီး သက်သောင့်သက်သာဖြစ်အောင် အိပ်စက်ပါ။

အိပ်စက်မှုပုံစံ မမှန်တာကလည်း အိပ်နေစဉ် သွားရည်ကျ တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် မှောက်အိပ်သူတွေမှာ သွားရည်ကျတာက အဖြစ်များပါတယ်။ ဒါကြောင့် မှောက်မအိပ်ဘဲ ဘေးစောင်းအိပ်တာ၊ ပက်လက်အိပ်တာမျိုး အိပ်စက်ကြည့်ပါ။

တစ်ညလုံးကို တစ်ပုံစံတည်း အိပ်စက်တာမျိုး မလုပ်ဘဲ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားကို မကြာခဏ ပြောင်းပေးပါ။

နှာခေါင်းပိတ်တာက သွားရည်ကျစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ နှာခေါင်းပိတ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူရင်း သွားရည်ကျတာကို ဖြစ်စေပါတယ်။

ဒါ​ကြောင့် နှာခေါင်းပိတ်နေတယ်ဆိုရင်

ရေနွေးနဲ့ ရေချိုးတာ

-ဆားရည်နဲ့ နှာခေါင်းထဲ အစက်ချတာ

-ရေနွေးငွေ့ရှူတာ

ယူကလစ်ဆီလိုမျိုး အဆီ တစ်မျိုးမျိုးကို ရှူတာမျိုး လုပ်ပေးပါ။

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဝလွန်နေသူတွေက အိပ်နေစဉ်မှာ ပုံမှန်ထက် သွားရည်ပိုကျတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန် အခြေအနေမှာ ထိန်းသိမ်းပါ။

အိပ်နေစဉ် သွားရည်ကျတာ သက်သာစေဖို့

  • ခေါင်းအုံးမြင့်မြင့် အုံးပါ။
  • အိပ်စက်မှုပုံစံ ပြောင်းပါ။
  • နှာခေါင်းပိတ် မနေစေဖို့ ဂရုစိုက်ပါ။
  • ကိုယ်အလေးချိန် ထိန်းပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Drooling in Your Sleep? Here’s Why It Happens and How to Treat It https://www.sleepadvisor.org/drooling-in-sleep/  Accessed Date 16 November 2020

Why You Drool When You Sleep and How You Can Stop It https://brightside.me/inspiration-health/why-you-drool-when-you-sleep-and-how-you-can-stop-it-646760/?utm_source=tsp_pages&utm_medium=fb_organic&utm_campaign=fb_gr_brightside&fbclid=IwAR29gA0XM0-puycMySi4hq_YCjv-JP6pqbK-_s-ApU6D-rsX9Rc5htx7WLY Accessed Date 16 November 2020

ယခုပုံစံ

21/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ

ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement