backup og meta

သကြားလုံးတိုင်း ကျန်းမာရေးအတွက် ဆိုးစေတယ်ဆိုတာ မဟုတ်ပါဘူး ။

ချိုစိမ့်စိမ့် ငုံထားလို့ရတဲ့ သကြားလုံးဟာ လူတိုင်းရဲ့ သည်းခြေကြိုက် စားစရာ တစ်ခုပါ ။ ဒါပေမယ့် သကြားလုံးလို့ဆိုလိုက်တာနဲ့ သွားပိုးစားတယ်၊ အချိုများတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးစတာတွေပဲ ပြေးမြင်တတ်ကြပါတယ်။

သကြားလုံးတိုင်း ကျန်းမာရေးအတွက် ဆိုးစေတယ်ဆိုတာ မဟုတ်ပါဘူး ။

သကြားလုံးတိုင်း မကောင်းဘူးဆိုတာ ဟုတ်ပါ့မလား ။ ။

ပါဝင်တဲ့ပစ္စည်းတွေ ပေါ်မူတည်ပြီးတော့သာ ကျန်းမာရေးအတွက် ကောင်းတယ် မကောင်းဘူး ကွဲပြားသွားတာပါ။ ကလေးတွေကြိုက်ကြတဲ့ အချိုကဲတဲ့ သကြားလုံးလေးတွေက ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့် အခြား ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ သကြားလုံးလေးတွေလည်း ရှိပါသေးတယ်။

သူတို့ကတော့ ငုံဆေးပြား( ဆေးသကြားလုံး) တွေပဲ ဖြစ်ပါတယ်။ သကြားလုံးလိုပဲ ငုံထားရတယ် ဆိုပေမယ့် ဆေးပြားဆိုကတည်းက သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပစ္စည်းတွေပါမယ်ဆိုတာ သံသယဖြစ်စရာလိုမယ် မထင်ပါဘူး။

ဒီတော့ ငုံဆေးပြားတွေက ဘယ်လို ကျန်းမာရေးပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာလဲ ။ ။

ငုံဆေးပြားဆိုတဲ့အတိုင်း လည်ချောင်းနဲ့ ခံတွင်းပြဿနာတွေကို သူကအကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့

ဘာကြောင့် ငုံဆေးပြားတွေက ဒီကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရတာလဲ ။ ။

ဆေးလုံးသောက်ချလိုက်မယ်ဆိုရင် အစာအိမ်ကိုအရင်သွားပြီးမှ ပြဿနာဖြစ်နေတဲ့ နေရာကို ရောက်မယ်။ ငုံဆေးပြားကျတော့ ခံတွင်းထဲ ငုံထားလိုက်ရုံနဲ့ ခံတွင်းနဲ့ လည်ချောင်းမှာ ဖြစ်နေတဲ့ ပြဿနာရှိရာ နေရာကို အချိန်အတိုအတွင်း တိုက်ရိုက်ရောက်ပြီး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ငုံဆေးပြားတွေက ခံတွင်းနဲ့ လည်ချောင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းပေးတာလဲ ။

ပြဿနာကို ဖြေရှင်းပေးတဲ့ နေရာမှာ အဓိကကျတာကတော့ ငုံဆေးပြားတွေရဲ့ ပါဝင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ငုံဆေးပြားတော်တော်များများက

  • Menthol ( ပရုပ်အေး)ကို အဓိကထားထုတ်ထားတော့ ခံတွင်းရှင်းပြီး အေးမြစေတယ်။
  • သံပယိုသီး ပျားရည်တွေရဲ့ အစွမ်းနဲ့ ချိုချဉ်ချဉ် အရသာလေးက စားရတာ ခံတွင်းတွေ့စေမယ့်အပြင် သံပယိုသီးရဲ့ အစွမ်းကြောင့် လည်ချောင်းယားယံတာကို သက်သာစေပြီး ပျားရည်ရဲ့ အာနိသင်ကြောင့် ရောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး အနာကျက်တာကိုလည်း မြန်စေမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.fgb.com.au/blog/cold-and-flu/throat-lozenges-relief-or-rip

Accessed Date 14.6.2019

https://www.ceenta.com/news-blog/how-do-throat-lozenges-work

Accessed Date 14.6.2019

ယခုပုံစံ

06/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ