backup og meta

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ရှိတယ်လို့များ ကြားဖူးကြလား!

အသည်းကွဲတယ်ဆိုတာ…. အရူးလိုပဲလား ..”

နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။

မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် “အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး”ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး တော့ မရှိပါဘူး။ ဒီနည်းလမ်းလေးတွေနဲ့တော့ သက်သာအောင် လုပ်လို့ ရပါတယ်။

ပြတ်စဲခြင်းတွေက သင့်ရဲ့ စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း ၊ စိတ်ဓာတ်ကျခြင်း  စတာတွေကို ခံစားရစေတဲ့ မီးပွားတစ်ချက်ပါပဲ ။  ဒါ့ကြောင့် ‌ဆံပင်ကောက်တာ ၊ shopping ထွက်တာ စတဲ့စိတ်ဖြေစရာတွေက အာရုံလွှဲတာသာဖြစ်ပြီး မူရင်းပြသနာကို လွတ်သွားတတ်ပါတယ် ။ ကြာလာလေလေ စိတ်ဓာတ်ကျလေလေ ၊ ကိုယ့်ကိုယ်ကိုလည်း image ကျစေတတ်တဲ့အတွက် ကိုယ်ဘာဖြစ်နေလဲဆိုတာ သိဖို့ အရေးကြီးပါတယ် ။ ဒီအတွက် ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိဖို့အတွက် အချိန်ယူပါ ။

  • Social media တွေကို ခဏမေ့ထားပါ

ချစ်သူဟောင်းရဲ့ Facebook account ထဲ မကြာခဏ ဝင်ကြည့်နေခြင်းက သင့်စိတ်ကို ကြေကွဲဒေါသဖြစ်စေရုံကလွဲပြီး ဘာမှထူးလာမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် တစ်ဖက်လူက ပျော်နေရင် ကိုယ်ပါ စိတ်ဓာတ်ကျခြင်းကို ခံစားရမှာ အသေအချာပါပဲ ။ အသည်းကွဲနေချိန်မှာ Facebook ၊ Instagramစတဲ့ social media တွေကို ခဏရပ်ထားပါ ။

မြန်မာလို လူသိအများဆုံးကတော့ တရားထိုင်ခြင်းပါ ။ တနည်းအားဖြင့် ဘုရားကုကုခြင်းလို့ အမည်ပေးလို့ရပါတယ်။ အရာအားလုံးကို သူ့သဘာဝအတိုင်းပဲ ရှိစေပြီး  ဖြစ်ပျက် မှတ်နေခြင်းက သင့်ကိုယ်ရော စိတ်ကျန်းမာရေးအတွက် ထိရောက်တဲ့ကုသမှု တစ်ခုပါ ။ တရားထိုင်ခြင်းအပြင် ယောဂကျင့်ခြင်း စတဲ့နည်းလမ်းတွေကလည်း အပူတွေကို သက်သာစေပြီး စိတ်ရဲ့ ငြိမ်းချမ်းမှုတွေ ရစေမှာ အသေအချာပါပဲ ။

  • ကိုယ့် timeline ကို သတ်မှတ်ပါ

ပြတ်စဲသွားတဲ့နောက်မှာတော့ အတူတူရည်ရွယ်ထားတဲ့ ဘဝမှတ်တိုင်တွေ ပျက်စီးသွားတာ အသေအချာပါပဲ။ ဒီအတွက် ဝမ်းနည်းတာ ဖြစ်သင့်သလို ကိုယ်ကိုယ်တိုင် ဘယ်သူမှ အားမကိုးဘဲ ကြိုးစားရမယ့် လမ်းကြောင်းကိုလည်း အချိန်မနှောင်းခင် ပြန်လည်စီစဉ်ပါ ။ အထူးသဖြင့် ဘယ်နှစ်မှာတော့ ဘယ်အဆင့်ရောက်နေသင့်ပြီဆိုတဲ့ career development အတွက်ကို ပြန်လည် ဂရုစိုက်ပါ။ ဒါမှသာ အသည်းကွဲပြီးတဲ့နောက် ကိုယ့်ဘဝပါ မပျောက်ဆုံးအောင် ဖြစ်ပါတယ် ။

အားလုံးပဲ ကျေးဇူးတင်ပါတယ်

ကွဲအက်သွားတဲ့ နှလုံးသားက ဒဏ်ရာတွေ အမြန် အနာကျက်နိုင်ပါစေ

ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

03/09/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သူ့ကို စိတ်ပျက်နေပြီလား

အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement