backup og meta

ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး

    အစားအစာတွေကို စားရင် ပူပူနွေးနွေး စားရတာ ကြိုက်လား။ အေးနေတာကို ကြိုက်လား။ ဒီမေးခွန်းလေးကို ဖတ်ကြည့်ပြီး ထွက်လာတဲ့အဖြေက ပူပူနွေးနွေး စားတာကိုမှ ကြိုက်ပါတယ် ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး အကြောင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။

    ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး

    အစားအစာတွေ စားသုံးတဲ့ အခါ ပူပူနွေးနွေး စားသုံးပေးပါလို့ ပြောရတဲ့ အကြောင်းအရင်း ကတော့ ဒီအချက်တွေကြောင့်ပါ။

    အစားအစာကို ပူပူနွေးနွေး စားတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ရှေးယခင်ကာလတွေ ကတည်းက လက်ခံထားခဲ့ ကြတာပါ။ အစားအစာတွေကို ပူပူနွေးနွေး စားတာက အရသာတင် တိုးစေတာ မဟုတ်ဘဲ အခုလိုလည်း အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသေးတယ်။

    ပူနွေးတဲ့ အစားအစာတွေက အစာကြေလွယ်စေပြီး ခန္ဓာကိုယ်အတွက်လည်း အာဟာရတွေကို တော်တော်လေး ထောက်ပံ့ပေးနိုင်ပါတယ်။ အစားအစာတွေကို ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးမှုက အာဟာရ ပြည့်ဝစေပြီး ချေဖျက်ရလည်း လွယ်ကူတာကြောင့် အစာမကြေတာ ရင်ပြည့်တာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။

    အေးနေတဲ့ အစားအစာတွေက အစာခြေစနစ်ကို ဝန်ပိစေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ ကိုယ်အလေးချိန် ကျအောင်လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတယ် ဆိုရင်တော့ အစားအစာတွေကို ပူပူနွေးနွေး စားပေးပါ။ ပူနွေးနေတဲ့ အစားအစာတွေက အေးစက်နေတဲ့ အစားအစာတွေထက် စိတ်ကျေနပ်မှု ပိုရစေနိုင်ပြီး အစားစားပြီးချိန်မှာလည်း ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။

  • အရသာပိုပြည့်စုံစေတယ်
  • လေ့လာမှုတွေအရ အစားအစာတွေကို ချက်ပြုတ်လိုက်တဲ့အခါ အာဟာရတွေတင် တိုးသွားစေတာမဟုတ်ဘဲ အရသာကိုလည်း ပြည့်စုံသွားစေနိုင်ပါတယ်။ စားလိုက်တဲ့ အချိန်တိုင်းမှာ ပြည့်စုံတဲ့ အရသာက စိတ်ကျေနပ်မှုကို အပြည့်အဝ ရရှိစေပြီး ပျော်ရွှင်မှုကိုပါ ခံစားရစေမှာပါ။

    အစးအစာတွေကို ချက်ပြုတ်လိုက်တဲ့အခါ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်တာပါ။ ကလေးငယ်တွေမှာဆိုရင် ပဲပိစပ်၊ ဂျုံ၊ နို့၊ ဥအမျိုး၊ အခွံမာရေသတ္တဝါတွေ လိုမျိုး ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို ချက်ပြုတ် ကျွေးမွေးပေးတာက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

    အစားအစာတွေကို ချက်ပြုတ်စားသောက်တာက အာဟာရကို ပြည့်ဝလုံလောက်စွာ ရရှိစေနိုင်သလို ဖျားနာမှုကင်းစေပြီး ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည်ရောဂါ ခံစားနေရသူတွေအနေနဲ့လည်း ထမင်းပူပူ ဟင်းပူပူစားပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ဒါကြောင့် ဖြစ်နိုင်ရင် ထမင်း ဟင်းကို ပူပူနွေးနွေး စားစေချင်ပါတယ်။ ဒါကြောင့် အမြဲမဟုတ်ရင်တောင် အတတ်နိုင်ဆုံး ထမင်းဟင်းကို ပူပူနွေးနွေးစားဖို့ ပြောပါရစေနော်။ အစားတစ်ခုခု စားတိုင်း ပူပူနွေးနွေးလေး စားပေးတာက အရသာ တိုးစေသလို ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးနိုင်တာကြောင့် မိသားစု ထမင်းဝိုင်းလေးကို ပူပူနွးနွေး ပြင်ဆင်ပြီး စားပေးဖို့ ပြောပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement