အစိမ်းရောင်ခြယ် ပစ္စည်းတွေ အပြည့်ပါပြီး စားလို့ကောင်းတဲ့ ဟင်းနုနွယ်ကို ဆေးဖက်ဝင်တဲ့ အပင်တစ်ခု အဖြစ် အားလုံး အကြမ်းဖျင်း သိကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟင်းနုနွယ်ရဲ့ ကောင်းကျိုး အစုံကို အသေးစိတ်ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ က ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။
ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ။ ။
ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ကတော့
- အမြင်အာရုံကို ကောင်းမွန်စေပါတယ်
ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် A ဓါတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံး ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်လှတဲ့ ဟင်းနုနွယ်ပါ။
- ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝစွာပါပါတယ်
ဟင်းနုနွယ်မှာပါတဲ့ အစိမ်းရောင် ရောင်ခြယ်ပစ္စည်းက ဟင်းနုနွယ်လို့ မြင်လိုက်ရုံနဲ့ သိအောင်လုပ်ပေးတာတင်မကဘဲ ကိုယ်တွင်းရှိ မကောင်းတဲ့ ဓါတုပပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင် အပြည့်ပါပါတယ်။
- ကိုယ်အလေးချိန် လျှော့ချနေသူများ စားပေးသင့်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်
ကာဘိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းတယ်၊ အာဟာရဓါတ်တွေလည်း အများကြီးပါတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အစားအစာကိုလိုက်ရှာနေတဲ့ သူတွေ အတွက် ဟင်းနုနွယ်က အသင့်တော်ဆုံးပါ။ ပါဝင်တဲ့ကယ်လိုရီပမာဏကလည်း မများတဲ့အပြင် အမျှင်ဓါတ်လည်း ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုလည်း အထောက်အကူပြုဦးမှာပါ။
- အရိုးအဆစ်တွေကို သန်မာစေပါတယ်
အသားလည်းမဟုတ်ဘဲနဲ့ ဒီအ ရွက်လေးက ဘယ်လိုလုပ်ပြီး အရိုးကျန်းမာရေးအတွက် ကောင်းတာလဲလို့ မေးစရာရှိပါတယ်။ ဒါ ဟင်းနုနွယ်မှာပါတဲ့ ဗီတာမင် D ကြောင့်ပါ။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းတဲ့ ဗီတာမင် D တို့ ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့ နို့မသောက်နိုင်တဲ့သူတွေ ဟင်းနုနွယ်စားပေးလို့ရတယ်နော်။
- ညဘက် အိပ်ပျော်စေပါတယ်
ဟင်းနုနွယ်မှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်အပြင် ဇင့်တို့ မဂ္ဂနီဆီယမ်တို့လို အိပ်ပျော်ခြင်းကို အားပေးတဲ့ သတ္တုဓါတ်တွေ ပါဝင်တာကြောင့် အိပ်မရတဲ့ ညပေါင်းတွေ များနေတဲ့ လူတွေ အတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။
- ခုခံအားကို မြင့်တက်စေပါတယ်
ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင် A ဟာ ခုခံအားအတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဆိုလည်း မမှားပါဘူး။ ဗီတာမင် A ကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင် သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်းစေတာကြောင့် အပြင်က ဘယ်ရောဂါမှ ဝင်မလာအောင် သူက တားဆီးပေးမှာနော် ။ ။
- ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပါတယ်
ဟင်းနုနွယ်မှာ ဆံပင်ကျွတ်ခြင်းကို အဓိကတားဆီးပေးတဲ့ သံဓါတ် အပြည့်ပါတာကြောင့် ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကိုမမတွေ ဟင်းနုနွယ်စားပေးသင့်တယ်နော်။
- အရွယ်တင်နုပျိုစေမယ့်အပြင် ဝက်ခြံတွေကိုလည်း တားဆီးပေးဦးမှာပါ
ဗီတာမင် A ရဲ့ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဝက်ခြံကင်းစင် အရွယ်တင်နုပျိုတဲ့ အသားအရေလေးတစ်ခုဖြစ် အောင် ဟင်းနုနွယ်က ဖန်တီးပေးဦးမှာနော် ။ ။
ဒီလောက် အကျိုးကျေးဇူးများတဲ့ ဟင်းနုနွယ်ကို ကြော်ကြော်၊ ချက်ချက်၊ ပြုတ်ပြီးတော့ပဲ သုပ်စားစား ခံတွင်းမြိန်အောင် ဖန်တီးပြီး စားပေးလို့ရတယ်နော် ။ ။
ဘာတွေ သတိထားရမလဲ
ဟင်းနုနွယ်ကို အများကြီး စားတာက ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်တာကြောင့် အများကြီး မစားမိဖို့ လိုပါမယ်။
[embed-health-tool-bmr]