backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း
ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း လေးတွေက ဘာတွေများဖြစ်မလဲ။

နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင်

ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။

ဒိန်ချဉ်မှာပါတဲ့ lactic acid က သွားနဲ့ သွားဖုံးပြဿနာကို ကင်းစေပြီး သွားနဲ့ ခံတွင်းကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ရာသီဥတုကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ဖြစ် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ကာကွယ်ဖို့ဆိုရင် နေ့စဉ် ပုံမှန် ဒိန်ချဉ် တစ်ခွက်စားပေးပါ။ ဒါက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်မှာပါ။

  • ကြွက်သားတွေ သန်မာစေနိုင်တယ်
  • ဒိန်ချဉ်မှာ ကြွက်သားတွေ ကျန်းမာရေးကို အားဖြည့်ပေးတဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ရာသီဥတု အပြောင်းအလဲ​ကြောင့် အအေးမိ၊ ဖျားနာတာမျိုး မဖြစ်ချင်ဘူးဆိုရင် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဒိန်ချဉ်ကို တစ်နေ့တစ်ခွက် ပုံမှန် စားပေးသင့်ပါတယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိဖျားနာမှုကို ကင်းစေနိုင်မှာပါ။ ရောဂါပိုးတွေက ကူးစက်ခံရမှုကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

    • မှိုပိုး ကူးစက်ခံရတာကို ကာကွယ်ပေးတယ်
    လေဒီလေးတွေအနေနဲ့ ဒိန်ချဉ်စားသုံးပေးမယ်ဆိုရင် မိန်းမကိုယ်မှိုပိုး ကူးစက်ခံရတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒိန်ချဉ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး pH ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

    ဒိန်ချဉ်သောက်ပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေ အနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ လေ့လာမှုတွေအရ ဒိန်ချဉ်မှန်မှန် သောက်သုံးသူတွေက သွေးတိုးတာမျိုး ကင်းသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး အနေအထားမှာ ထိန်းညှိထားနိုင်တယ်ဆိုတာပါ။ သွေးတိုးကို ကာကွယ်ချင်သူတွေရော ကုသချင်သူတွေအတွက်ပါ သင့်တော်တဲ့ ဓာတ်စာလေးတစ်ခုပေါ့။

    ဒိန်ချဉ်က နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ပရိုတင်း​ကြွယ်ဝသလို ကယ်လ်ဆီယမ်လည်း ပြည့်ဝပါတယ်။ ဒီအချက်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပြီး အရိုးသိပ်သည်းဆ ကောင်းစေပါတယ်။ နောက်တစ်ချက်က ဒိန်ချဉ်ရဲ့ ဗီတာမင် D ကြွယ်ဝမှုက အရိုးပွရောဂါ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

  • အင်အားပြည့်စေတယ်
  • ကာဗိုဟိုက်ဒရိတ်ပါဝင်နေသလို ဗီတာမင် ​B အုပ်စုပြည့်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ ဒိန်ချဉ်က အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အစာမကြေတာနဲ့ လေပွတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

    ဒိန်ချဉ်က အဆီတွေကို လောင်ကျွမ်းစေရာမှာ အထောက်အကူပြုပေးပြီး ကြွက်သားနဲ့ တစ်ရှူးတွေကို အကောင်းဆုံး အားဖြည့်ပေးတာကြောင့် အဆီကျ လှပချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပရိုတင်းပါဝင်နေတာ​ကြောင့် အဆာခံနိုင်စေပြီး ကြွက်သားတက်စေဖို့လည်း အထောက်အပံ့ပေးမှာပါ။ ဒါကြောင့် ဝိတ်ချဖို့ လေ့ကျင့်ခန်းလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ဒိန်ချဉ်တစ်ခွက် စားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    7 Impressive Health Benefits of Yogurt https://www.healthline.com/nutrition/7-benefits-of-yogurt Accessed Date 4 May 2020

    The Benefits of Yogurt https://www.webmd.com/food-recipes/features/benefits-yogurt#1 Accessed Date 4 May 2020

    10 Surprising Benefits of Yogurt You’d Want To Know https://www.lifehack.org/articles/lifestyle/10-surprising-benefits-yogurt-youd-want-know.html Accessed Date 4 May 2020

    ယခုပုံစံ

    24/01/2023

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

    Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

    avatar

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement