စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 8, 2021 . 3 mins read
Share now

ဥအနှစ် (Egg yolk) ဆိုတာက ကြက်ဥ၊ ဘဲဥစတဲ့ ဥတွေရဲ့အလယ်ဗဟိုက အဝါရောင်အနှစ်အစုအဝေးလေးကို ဆိုလိုတာပါ။ ဥတစ်လုံးရဲ့ အတွင်းပိုင်းမှာ အဝါရောင်အနှစ်နဲ့ ကြည်လင်တဲ့ အကာရည်ဆိုပြီး အစိတ်အပိုင်း ၂ ခုပါဝင်ပါတယ်။ အရသာရှိသလို အာဟာရလည်းပြည့်ဝလွန်းတဲ့ အစိတ်အပိုင်းတွေပေါ့။

ဒီအစိတ်အပိုင်း ၂ ခုထဲကမှ အနှစ်ကတော့ ကိုလက်စထရောပါဝင်မှုမြင့်မားပေမယ့် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတဲ့နေရာပါ။ ဒါကြောင့်လည်း ကြက်ဥ၊ ဘဲဥအနှစ်တွေဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေတဲ့ အစားအစာတွေလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ကြက်ဥ၊ ဘဲဥဆိုတဲ့အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး နေရာစုံမှာအသုံးချနိုင်သလို ကိုယ်အလိုရှိတဲ့ ကျန်းမာရေး အကျိုးရလဒ်ရရှိအောင် စီမံရာမှာလည်း မခက်ခဲပါဘူး။ ဒီထဲကမှ အာဟာရဓာတ်အကြွယ်အဝဆုံးအပိုင်းကတော့ အဝါရောင်အနှစ်နေရာ ပါပဲ။ ဒီအချက်က ကြက်ဥ ဘဲဥတွေကို မှီဝဲစားသောက်ရင် အကာထက် အနှစ်ကိုပိုနှစ်ခြိုက်သူတွေအတွက်တော့ သတင်းကောင်းလို့ဆိုရမှာပါပဲ။

ဒီလိုညွှန်းဆိုရလောက်အောင် ဥအနှစ်တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးများ

ဥအနှစ်ဟာ ဥတွေရဲ့ အတွင်းဘက်က အာဟာရဓာတ်အကြွယ်ဝဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥအနှစ်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျိုးစိတ်၊ ဥထုတ်လုပ်မှုပုံစံနဲ့ အရွယ်အစားတွေပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်ပေမယ့် ယျေဘုယျအားဖြင့်တော့ ပရိုတိန်း၊ အဆီနဲ့ ကယ်လိုရီကြွယ်ဝတာခြင်း တူကြပါတယ်။

ဥအနှစ်တွေထဲမှာ အဓိကအားဖြင့် အောက်ပါ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

ဒါ့အပြင် ဥအနှစ်တွေထဲမှာ ဗီတာမင်ဓာတ်တွေ အမြောက်အများလည်းပါဝင်ပြီး အများစုကတော့ ရေနဲ့ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားတွေပါ။ လေ့လာချက်တွေအရတော့ ဘဲဥ၊ ငုံးဥ၊ မန်ဒါလီဥနဲ့ ကြက်ဆင်ဥတွေဟာ ကြက်ဥထက် အာဟာရဓာတ်တွေပိုကြွယ်ဝတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး ဥအနှစ်ကို မှန်ကန်စွာ အသုံးချမယ်ဆိုရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါတွေကတော့

  • ဥအနှစ်ဟာ အစာအိမ်ဆိုင်ရာဝေဒနာအတော်များများကို သက်သာလျော့ပါးစေနိုင်ပါတယ်။
  • အနှစ်နဲ့ အကာကို တွဲဖက်ပြီး ချိန်ညှိစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်မယ့် ပရိုတိန်းတွေ၊ ကယ်လိုရီတွေနဲ့ အဆီတွေကို လိုအပ်သလို ထိန်းချုပ်ဖြည့်တင်းလို့ရပါတယ်။
  • ကြက်ဥ၊ ဘဲဥဟာ ဗိုက်ပြည့်စေတဲ့ အာနိသင်ရှိပြီး ဒီလိုမျိုးအဓိကဖြစ်စေတာက အတွင်းက အနှစ်ကြောင့်ပါ။
  • ဥအမျိုးမျိုးထဲမှာပါဝင်တဲ့ ပရိုတိန်းပမာဏရဲ့ အများစုက အနှစ်ထဲမှာပါ။
  • ဥအနှစ်ထဲက ပရိုတိန်းထဲမှာပါဝင်တဲ့ Phosvitin ဟာ နာကျင်မှုဝေဒနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။
  • ဥအနှစ်ထဲက Glycopeptides ဆိုတဲ့ ဒြပ်ပေါင်းကတော့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ Macrophages cells တွေကို ထုတ်လုပ်ပေးပြီး ဒီ ဆဲလ်တွေက ရောဂါကူးစက်မှုကို တိုက်ထုတ်နိုင်ပါတယ်။
  • သွေးဖိအားကို လျော့ပါးစေပြီး သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ပါးစေတယ်။
  • Lutein နဲ့ Zeaxanthin တို့လို ဓာတ်တွေပါဝင်တာမို့ အမြင်အာရုံ ချို့ယွင်းမှုနဲ့ မျက်စိမှာတိမ်စွဲနိုင်ခြေကို လျော့ကျစေတယ်။

ဥအနှစ်နဲ့ အစာအဆိပ်သင့်မှု

ဥတွေနဲ့ ဥအနှစ်တွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် တခါတစ်ရံမှာတော့ အစာအဆိပ်သင့်စေတာမျိုးဖြစ်တတ်ပါတယ်။ အဖြစ်နည်းပေမယ့် မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီအချက်က သတိထားရမယ့် အချက်ဖြစ်ပါတယ်။

ဥအစာအဆိပ်သင့်မှုဟာ ကလေးငယ်တွေနဲ့ ကိုယ်ခံအားစနစ်ကျဆင်းနေပြီဖြစ်တဲ့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဥတွေဟာ ဘက်တီးရီးယားတွယ်ညိနိုင်ခြေမြင့်မားတာကြောင့်လို့ ဆိုပါတယ်။

ဥအနှစ်တွေမှာ အာဟာရဓာတ် ပြည့်ဝစွာပါဝင်လာအောင်နဲ့ အစာအဆိပ်သင့်တာမျိုးမဖြစ်ရလေအောင် အောက်ပါအချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။

  • စိတ်ချရသူတွေဆီကသာ ဝယ်ယူဖို့၊
  • ဝယ်ယူထားတဲ့ ဥကို မချက်ပြုတ်ခင် သေချာသန့်စင်ဖို့၊
  • ကွဲနေတဲ့ ကြေနေတဲ့ ပေါက်နေတဲ့ ဥတွေကို စားသောက်ခြင်းက ရှောင်ကျဉ်ဖို့၊
  • ချက်ပြုတ်စားသောက်မှုမပြုလုပ်ခင်အချိန်အထိ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့၊
  • ကျက်အောင်ချက်ပြုတ်စားသောက်ဖို့ (ဘက်တီးရီးယား ပိုးကူးစက်မှုတွေဟာ အနှစ်နဲ့ အကာရည်တွေဆီကနေ အဓိကလာတာကြောင့်)
  • အနံ့ထွက်နေတာ ပုပ်သိုးနေတယ်လို့ ယူဆစရာမျိုးဖြစ်နေတဲ့ ဥတွေကို အသုံးမပြုဖို့၊
  • အစိမ်းအတိုင်းစားသောက်မှီဝဲတာမျိုးကို ရှောင်ကျဉ်ဖို့၊

စတဲ့ နည်းလမ်းတွေကို လိုက်နာပြီး မှီဝဲစားသုံးမယ်ဆိုရင် ဥအမျိုးမျိုးနဲ့ အနှစ်တွေကို စိတ်ချလက်ချမှီဝဲစားသောက်နိုင်မှာဖြစ်ပါတယ်။

အနှစ်ကို စားချင်ပေမယ့် ကိုလက်စထရောကြောင့် စားသင့် မစားသင့်ချိန်ဆနေသူတွေလည်း ရှိမှာပါ။ အစားများတဲ့ ကြက်ဥအနှစ်မှာဆိုရင် တစ်လုံးကို ကိုလက်စထရော ၁၈၀ မီလီဂရမ်ဝန်းကျင်ပါပါတယ်။ ကိုယ့်ရဲ့ ကျန်းမာအခြေအနေကို လိုက်ပြီး တစ်နေ့ ဘယ်နှလုံးထိစားနိုင်သလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။

အထက်မှာဖော်ပြခဲ့သလိုပဲ ဥအနှစ်ဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေနိုင်တဲ့ အကျိုးကိုရစေနိုင်တာမို့ နေ့စဉ်မှီဝဲစားသောက်ပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မှန်ကန်စွာ အသုံးချပြီး စနစ်တကျမှီဝဲနိုင်မယ်ဆိုရင် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ဥအနှစ်တွေက အကောင်းဆုံး အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read