ကြက်ဥ အကာ ရဲ့ စူပါ အစွမ်းများ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကြက်ဥတစ်လုံးမှာ ကြက်ဥအကာနဲ့ အနှစ်ဆိုပြီး ၂ မျိုးရှိကြတာ သိကြမှာပါ။ နှစ်မျိုးလုံးက အာဟာရကိုယ်စီရှိကြပြီး ကျန်းမာရေးနဲ့ ညီညွတ်တာချည်းပါပဲ။ ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီးတော့သာ ကွဲသွားကြတာပါ။

ကြက်ဥ အကာမှာက ပရိုတင်း တွေ ပိုပါပြီး ကြက်ဥ အနှစ်မှာကျ အဆီတွေ ပိုပါပါတယ်။ ဒီနေ့ပြောချင်တဲ့ ဆောင်းပါးလေးကတော့ ကြက်ဥ အကာရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီကြည်ကြည် အရည်လေးထဲမှာ ဘယ်လို စူပါ စွမ်းအားတွေ ရှိတာပါလိမ့် ။ ။

ကိုလက်စရော ( အဆီဓါတ် ) လုံးဝကို မပါပါဘူး ။ ။

ကြက်ဥထဲက အနှစ်ကိုဖယ်လိုက်ပြီဆိုတာနဲ့ ကျန်ခဲ့တဲ့ အကာမှာ ကိုလက်စရော အဆီဓါတ်လုံးဝကို မရှိတော့ပါဘူး. ဒါကြောင့် သွေးတွင်း အဆီ များရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

ပရိုတင်း ဓါတ်ကြွယ်ဝတယ် ။ ။

အနှစ်ထက်စာရင် အကာမှာ ပရိုတင်းတွေ ကြွယ်ဝစွာပါတာကြောင့် ကြွက်သားတည်ဆောက်နေတဲ့သူတွေ တကယ်ကိုစားသင့်တဲ့ အစားအစာတစ်ခုပါ။ ဒါ့အပြင် ကိုယ်အလေးချိန် ကျအောင် ကြိုးစားနေတဲ့သူတွေ လည်း အဆီတွေ ပါတဲ့ အနှစ်မစားဘဲ ပရိုတင်းတွေ သာပါတဲ့ ကြက်ဥအကာကိုစားပေးရင် ကိုယ်အလေးချိန် လျော့ကျသွားမယ့်အပြင် တစ်နေ့လုံးအတွက်လည်း အဆာခံစေပါတယ်။

ကယ်လိုရီ နည်းနည်းပဲပါပါတယ်။ ။

ကြက်ဥ အကာမှာ ကယ်လိုရီ ၂၅ လောက်သာပါတာကြောင့် ဝိတ်တက်မှာစိုးတဲ့မမတွေ အတွက် ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုနော်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ ။

ကြက်ဥ အကာမှာပါတဲ့ ပိုတက်ဆီယမ် ကြောင့် တက်နေတဲ့ သွေးပေါင်ချိန်တွေ ပြန်ကျသွားမယ့်အပြင် သွေးပေါင်ချိန်ကို လည်း ပုံမှန် အတိုင်းပဲ ရှိနေအောင် ထိန်းညှိပေးပါတယ်။ ကြက်ဥ အကာထဲမှာပါတဲ့ RVPSL လို့ခေါ်တဲ့ peptide ကလည်း သင့်သွေးပေါင်ချိန်ကို ပုံမှန် အတွင်းမှာရှိနေအောင် ထိန်းပေးထားဦးမှာပါ။

နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ။

သွေးကြောတွေ ကို ပြေလျော့စေတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် သွေးလည်ပတ်မှုပါကောင်းစေတာကြောင့် သွေးခဲခြင်းကိုပါ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

ဗီတာမင် တွေ ကြွယ်ဝစွာပါပါတယ်။

ဗီတာမင် A, ဗီတာမင် B 12 , ဗီတာမင် D နဲ့ အသက်ကြီးရင် ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတတ်တာကို ထိပ်ဆုံးက ကာကွယ်ပေးတဲ့ ဗီတာမင် B2 တို့ပါတဲ့အပြင် အသက်ရွယ်ကြီးလာတာကြောင့် ဖြစ်တဲ့ အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှင့် မျက်လုံး တိမ်စွဲတာတွေကိုလည်း ကြက်ဥအကာက ကာကွယ်ပေးပါတယ်။

ဒီတော့ ကြက်ဥ အကာစားလိုက်တာနဲ့တင် လိုအပ်တဲ့ ဗီတာမင် တွေ ၊သတ္တု ဓါတ်တွေ အကုန်ရမှာနော်။ ကယ်လိုရီနည်းတဲ့အပြင် အဆီမပါဘဲ ပရိုတင်းတွေ ပဲ ပါတာကြောင့် လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓါတည်ဆောက်နေတဲ့ သူတွေ အတွက် ကြက်ဥအကာက တကယ်ကို အားထားသင့်တဲ့ စားစရာတစ်ခုပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ ကပ်ရောဂါကြီးပေါ့။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင် ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ

ဗီတာမင် D ဓာတ်ဟာ COVID-19 ရောဂါကာကွယ်ရေးမှာ အရေးပါနေတယ်။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေမှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read