brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ။

အရေပြား ယားတာက တော်တော်လေး ခံရခက်တဲ့ ကိစ္စပါ။ အရေပြားက ယားတယ်။ ဆေးလည်း မသောက်ချင်ဘူး။ ဆေးလည်း မလူးချင်ဘူးဆိုရင်တော့ အရေပြားယားတာ သက်သာစေဖို့ ဘာတွေစားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးမယ်နော်။

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ။

အရေပြား ဘာကြောင့် ယား။

အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။

  • ဓာတ်မတည့်တာ
  • ပိုးကောင် ကိုက်ခံရတာ
  • ခြင်ကိုက်ခံရတာ
  • အစားအသောက်ကြောင့် အရေပြား ယားယံတာ
  • ကျောက်ကပ်ရောဂါ
  • သွေးချိုဆီးချို
  • မှိုပိုး ဝင်တာ
  •  အရေပြားရောဂါ အမျိုးမျိုးကြောင့် အရေပြား ယားယံနိုင်ပါတယ်။
  • အရေပြား ယားယံတာကို သက်သာစေဖို့ ဒါတွေစားပေးပါ။

    အရေပြား ယားယံရင် လူတော်တော်များများက အယား သက်သာအောင်ဆိုပြီး ကုတ်ကြပါတယ်။ တကယ်ကတော့ ဒါက နည်းလမ်းကောင်း မဟုတ်ပါဘူး။

    ကုတ်တာဖဲ့တာက အရေပြား ယားယံတာကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်စေနိုင်တဲ့ ဗီတာမင်တွေ ရှိပါတယ်။ အရေပြား ယားယံတဲ့အခါ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါတဲ့ အစားအစာတွေက ယားယံတာကို ကုတ်စရာ ဖဲ့စရာ မလိုဘဲ သိသိသာသာ သက်သာစေမှာပါ။

    ဒီတော့ အရေပြား ယားယံတာကို သက်သာစေဖို့ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေ ကို စားသုံးပေးဖို့လိုမှာပါ။

    ဗီတာမင် E ကြွယ်ဝတဲ့ အစာအုပ်စု

    ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာ​ကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ ခြောက်သွေ့တာ၊ ယားယံတာ ထိခိုက်လွယ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပြီး အရေပြား အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ သွေးစီးဆင်းလည်ပတ်မှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

    ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသားအရေကို အားဖြည့်ပေးတဲ့ ဗီတာမင် E ပါဝင်တဲ့

    ဗီတာမင် C ကြွယ်ဝတဲ့ အစာအုပ်စု

    ဗီတာမင် C ချို့တဲ့ တဲ့အခါ အရေပြား ကြမ်းတမ်းခြောက်သွေ့တာ၊ အဖက်လန်တာ၊ ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် C က ကော်လာဂျင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ဒီ အာဟာရဓာတ်က အရေပြားကို ယားယံမှု ကင်းစေပြီး အမာရွတ်တွေ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။

    ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့

    ဗီတာမင် A ကြွယ်ဝတဲ့ အစာအုပ်စု

    ဗီတာမင် A က အရေပြား ကျန်းမာဖြစ်ပေးစေဖို့ အားဖြည့်ပေးတဲ့ ဗီတာမင် တစ်မျိုးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြား ယားယံမှု ကင်းစေဖို့ အားဖြည့်ပေးပါတယ်။ အသားအရေကို တင်းရင်းလှပစေဖို့လည်း အားဖြည့်ပေးပါတယ်။

    ဒါကြောင့် အရေပြား ယားယံမှု ကင်းပြီး ကျန်းမာစေဖို့ ဗီတာမင် A ကြွယ်ဝတဲ့

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။