သင် မနက်စာ မစားဘဲနေနေပြီလား။ ဒါဆို ဒီရောဂါတွေ ပိုဖြစ်နိုင်တယ်နော်။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 30, 2020 . 2 mins read
Share now

မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေး သင်ကြားဖူးမှာပါ။ ဒါပေမယ့် ပိန်ချင်လို့ အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။ တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ မနက်စာကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာ မစားခြင်းက တစ်ခြား ကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့အချက်တွေ လည်း ရှိပါသေးတယ်။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။

မနက်စာကို မစားဘဲနေရင် ဘာတွေ ဖြစ်နိုင်သလဲ ။ ။

အစားတွေ ပိုစားဖြစ်တယ်။ ။

မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓါရဲ့ စားသောက်မှု ပုံစံ စည်းချက် မူမမှန်တော့မယ့်အပြင် ဦးနှောက်နဲ့ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ သွေးတွင်းသကြားဓါတ် လည်း နည်းနေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓါတ်တွေ အတွက်ရော၊ မနက်စာအငတ်ခံထားလို့ သင့်ကိုသင်လည်း သနားပြီး နေ့လည်စာကို ပိုစားဖြစ်နေပါလိမ့်မယ် ။

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူး။ ။

လေ့လာချက်တွေ အရတော့ မနက်စာ စားတဲ့သူတွေ ဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ ပရိုတင်းနဲ့ အမျှင်ဓါတ် တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲ ဆိုတဲ့ အတွေးဟာ မှားနေပါတယ်။

နှလုံးရောဂါ ဖြစ်နေခြေ ပိုများတယ်။ ။

ညဘက် အိပ်တဲ့အချိန်ရယ် မနက်စာ မစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့ ၁၂ နာရီကျော်သွားပြီဆိုရင် သ့င့်ကိုယ်ခန္ဓါအတွင်းက အစာကို တောင့်တနေပါလိမ့်မယ် ။ ဒါကို မနက်စာ အလွတ်ခံလိုက်မယ်ဆိုရင် ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်း ေတွလည်း အပြောင်းအလဲဖြစ်လာပါတယ်။ ဒီလိုနဲ့ နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။

ဆီးချိုဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ ။

မနက်စာ မစားဘဲနေတာ ကြာလာတော့ ကိုယ်တွင်း သကြားဓါတ် တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီးစားလိုက်တဲ့အခါ ဝင်လာတဲ့ သကြားဓါတ် အလုံးအရင်းကို အင်ဆူလင် က မထိန်းနိုင်တော့ ဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ချေ အလားအလာပိုများသွားပါပြီ။

မှတ်ဉာဏ်စွမ်းရည်လည်း ကျဆင်းလာပါတယ်။ ။

အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူ အလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေ အလုံအလောက်ရှိနေမှ ရမှာပါ။ ဒါကို ကိုယ်က မနက်စာ မစားဘဲနေလိုက်တဲ့အခါ သွေးတွင်းသကြားဓါတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက် အတွက်လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့လို့ မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ် ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။

အားမရှိသလို ခံစားနေရပြီး ဗိုက်လည်း ခဏခဏ ဆာနေပါလိမ့်မယ်။ ။

တစ်နေ့တာ အတွက် လိုအပ်တဲ့ အားအင်တွေကို အပြည့်အဝပေးနိုင်တာ မနက်စာပါ။ ဒါကို မစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလိုခံစားနေရပြီး နုန်းနေပါလိမ့်မယ်။ မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်း ဗိုက်ဆာသလို ဖြစ်နေတော့မှာပါ။

စိတ်ဖိစီးမှုကိုလည်း များစေပါတယ်။

မနက်စားမစားတဲ့လူတွေ မှာ cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပိုထွက်ပါတယ်။ ဒီလိုနဲ့ မနက်စာ မစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိတ်ဖိစီးမှုလည်း များလေလေပါပဲ ။

ကဲ ဒီတော့ မနက်စာ စားဖြစ်ဆိုတာ သိပ်ကို အရေးကြီးကြောင်း သိသွားလောက်ကြပါပြီ။ မစားတာကြာလေလေ ကျန်းမာရေးကို ထိခိုက်ဖို့ အလားအလာများလေလေဆိုတဲ့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာကို ရှင်ဘုရင်လို စားလိုက်ကြရအောင် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါ ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါတွေကိုပါ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။ အနာဖြစ်တာကို စောစောသိလေလေ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းလေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ရေးသားသူ Ye Zon Aung

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 3 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read