ဒါဆို ဂျင်မ်မသွားခင် ၊ အားကစားမလုပ်ခင်မှာ ဘာတွေမစားသင့်ဘူးလဲ ကြည့်ရအောင်။
အားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ
အသင့်အမြန်စားတွေ
အချိန်လုပြီး ဂျင်မ်ကိုပြေးလာရတယ်၊ ဆိုင်မှာဝင်စားဖို့ကလည်း အချိန်ကြာနိုင်တယ်၊ ဝိတ်တက်မှာစိုးတယ် ဆိုတော့ အသင့်အမြန်စားလေးတွေ ဝယ်စားဖြစ်ကြပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတော့ ဗိုက်ထဲမှာနေရခက်အောင်ပြည့်အင့်စေပြီး အဆီနဲ့အချိုဓါတ်တွေကြောင့် ကစားသမျှ သဲထဲရေသွန်ဖြစ်စေနိုင်ပါတယ်။
အားဖြည့်အချိုရည်
ဖျော်ရည်တွေထက်ဆိုးတာပေါ့။ လူကိုလန်းဆန်းစေနိုင်တယ်၊ အားပြည့်သလိုဖြစ်စေနိုင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်ကို အထောက်အကူမပေးတဲ့အပြင် နှလုံးခုန်မြန်စေပြီးသွေးတိုးတက်စေနိုင်ပါတယ်။ အားကစားလုပ်တဲ့အခါ အားဖြည့်အချိုရည်ေတွကို လုံးဝဖြတ်ထားတာပိုကောင်းပါတယ်။
ဘာစားသင့်လဲ
စားနိုင်တာက ခွန်အားဖြည့်ပေးမယ့် ကာဗိုဟိုက်ဒရိတ်နဲ့ အသားအရေလျော့ရဲမသွားဖို့ ကြွက်သားတည်ဆောက်ပေးမယ့် ပရိုတင်းတို့ကိုပေါင်းစပ်ထားတဲ့ စားစရာတွေပဲကောင်းပါတယ်။ ငှက်ပျောသီး သို့မဟုတ် ခရက်ကာ၊ အစေ့အဆန်တွေ၊ ကြက်ဥကာကျက် တို့ကို စားလို့ရပါတယ်။