backup og meta

ဖားသားကြိုက်ကြလား

ဖားသားကြိုက်ကြလား

စားလို့ရတဲ့ အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတို့လို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား…. ဘာအသားလည်း ဆိုတာကို မေးခွန်းလေး မေးရင်း စလိုက်ရအောင်နော်။ ဖားသားကြိုက်ကြလား …….

လူစားနည်းပေမယ့် ပရိုတင်းကြွယ်ဝတဲ့ ဖားသား

ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။

ဖားသားမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ….

ဖားသားမှာ

ဖားသားစားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ…..

ဖားသားကြိုက်ကြလား ……. ဖားသားကို ကြော်စားတာ၊ ကင်စားတာ၊ ချက်စားတာဆိုပြီး အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဒီလိုအရသာရှိတဲ့ ဟင်းတစ်ခွက်က ခန္ဓာကိုယ်ကို အခုလို အကျိုးကျေးဇူးတွေပေးပါသေးတယ်။

ဝိတ်ကျစေနိုင်တယ်

ကျန်းမာရေးနဲ့ညီညွတ်ပြီးပရိုတင်းပြည့်ဝတယ်ဆိုပေမယ့် ကြက်သား၊ အနီရောင်အသားတွေအစား စားသုံးပေးလို့ရပါတယ်။ ပရိုတင်းကြွယ်ဝပေမယ့် အဆီပါဝင်မှုနည်းနေတာက အာဟာရပြည့်စေပြီး အဆီမတက်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လည်းကြွယ်ဝပါတယ်။

ပရိုတင်းကြွယ်ဝတယ် 

ဖားသားက ပရိုတင်းကြွယ်ဝပြီး ကြွက်သားတွေဖွံ့ဖြိုးစေဖို့ လိုလောက်တဲ့ ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အားပြည့်စေပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကို အကောင်းဆုံးဖြည့်တင်းပေးမယ့် အရသာရှိတဲ့ ဟင်းလျာတစ်မျိုးပေါ့။

နှလုံးကျန်းမာစေနိုင်တယ်

နှလုံးကျန်းမာရေးအတွက် စားပေးသင့်တဲ့ အာဟာရတစ်ခုပါ။ နှလုံးအားနည်းသူတွေ နှလုံးရောဂါအခံရှိသူတွေလည်း စားသုံးပေးလို့ရပါတယ်။ အဆီပါဝင်မှုနည်းတာကြောင့် သွေးတွင်းအဆီဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ ဆားနည်းနည်း၊ ပျားရည်နဲ့ရောပြီး ရေနွေးဆူဆူထဲမှာ ဖားသားကိုပါထည့်ပြုတ်လို့ စားပေးလို့ရပါတယ်။ ဖားသားကို ကြက်သွန်ဖြူနဲ့ကြော်ပြီး စားပေးလို့လည်းရပါတယ်။

ပန်းနာရင်ကျပ်သက်သာစေနိုင်တယ်

ဖားသားက ပန်းနာရင်ကျပ်ကို ကာကွယ်ပေးနိုင်သလို ရောဂါရှိနေသူတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဖားသားဟင်းချက်စားတာ ကြက်သွန်ဖြူနဲ့ကြော်စားတာက ပန်းနာရင်ကျပ်ကို သက်သာစေမယ့် ဆေးဖက်ဝင်ဟင်းတစ်မျိုးပေါ့။

ရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တယ်

ဖားရဲ့အရေပြားမျာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်များစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေကိူ အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အနာကျက်မြန်စေနိုင်တယ်

ဖားသားမှာပါတဲ့ ပရိုတင်းက အနာကျက်မြန်စေနိုင်ပါတယ်။ ဒါကောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ ဖားသားကို စားသုံးပေးတာကလည်း အနာကို မြန်မြန်ကျက်စေဖို့ အကောင်းဆုံးအထောက်အကူပြူပေးနိုင်မှာပါ။

လေပြွန်ရောင်တာကို သက်သာစေနိုင်တယ်

ဖားသားက ပန်းနာရင်ကျပ်ကိုတင် သက်သာစေနိုင်တာမဟုတ်ပါဘူး။ နာတာရှည်လေပြွန်ရောင်တာကို သက်သာစေနိုင်သလို လေပြွန်ရောင်တာတွေအတွက်လည်း စားပေးသင့်ပါတယ်။

လေဖြတ်တာကို သက်သာစေနိုင်တယ်

ဖားသားက သွေးကြောတွေကို ပြန်လည်သန်စွမ်းစေပြီး လေဖြတ်တာကြောင့် ဖြစ်တဲ့ အာရုံကြောအားနည်းတာ ကြွက်သားအားနည်းတာတွေကိ သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

ကင်ဆာကာကွယ်နိုင်တယ်

ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ ဖားသားမှာပါတဲ့ ပရိုတင်းဓာတ်တွေက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့တွေ့ရှိခဲ့ရပါတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကင်ဆာကျိတ်တွေ ထပ်ပွားမလာအောင် အကောင်းဆုံထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Unexpected Health Benefits of Frog Meat https://drhealthbenefits.com/food-bevarages/meats/health-benefits-of-frog-meat Accessed Date 23 October 2019

Frog legs facts and nutrition https://www.healthbenefitstimes.com/frog-legs/ Accessed Date 23 October 2019

ယခုပုံစံ

02/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement