brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခန္ဓါကိုယ်မှာ ဗီတာမင် A ရဲ့ အခန်းကဏ္ဍ

အာဟာရြပည့်ဝမှ ခန္ဓါကိုယ်ကျန်းမာမှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အာဟာရပြည့်ဝစွာပါဝင်အောင်စားသုံးပြီး ခန္ဓါကိုယ်ကျန်းမာအောင်ဂရုစိုက်ကြပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် A အကြောင်းလေးနည်းနည်းလောက်ပြောပြချင်ပါတယ်။

ခန္ဓါကိုယ်မှာ ဗီတာမင် A ရဲ့ အခန်းကဏ္ဍ

ဗီတာမင် A ဆိုတာ

ဗီတာမင် A ဆိုတာက အဆီပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဗီတာမင် Aက အမြင်အာရုံအသားအရေအရိုးနဲ့ ခန္ဓါကိုယ်က အခြားတစ်ရှုးတွေကို ကျန်းမာဖွံ့ဖြိုးစေနိုင်ပါတယ်။ ဗီတာမင် A က ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်အဖြစ်နဲ့ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးသလို အခြားသောကျန်းမာရေး အကိုးကျေးဇူးတွေလည်းထောက်ပံ့ပေးပါတယ်။

ဗီတာမင် A က ဆဲလ်တွေကြီးထွားဖို့ထောက်ပံ့ပေးသလို နှလုံး၊ အဆုတ် နဲ့ အခြားသောအရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကအခြား အာဟာရဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။ ဗီတာမင် A ကိုခန္ဓါကိုယ်က မထုတ်ပေးနိုင်တာကြောင့် အစားအစာတွေကနေတဆင့် ရယူရပါတယ်။ အစားအစာတွေကို စားသုံးလိုက်တဲ့အခါ ပါဝင်တဲ့ ဗီတာမင် A ကို အသည်းမှာ သိမ်းဆည်းလိုက်ပြီး ခန္ဓါကိုယ်က လိုအပ်တဲ့အခါမှာ ထုတ်ယူအသုံးပြုတာပါ။

ဗီတာမင် A ရဲ့ အခန်းကဏ္ဍ

ဗီတာမင် A ကအပေါ်မှာပြောခဲ့သလိုပဲ ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အကူပြုပေးတာပါ။

အမြင်အာရုံကောင်းစေတယ်

ဗီတာမင် A ကမျက်လုံးတွေကျန်းမာစေပြီး ကြက်မျက်သင့်တာ နဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံအားနည်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေလျှော့ချပေးတယ်

ဗီတာမင် A က ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ ဗီတာမင် Aပြည့်ဝမှုက သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်နဲ့ ဆီးအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

ဝက်ခြံဖြစ်နိုင်ခြေနည်းစေတယ်

ဝက်ခြံက နာတာရှည်အရေပြားရောင်ရမ်းတဲ့ဝေဒနာတစ်မျိုးပါ။ အရေပြားပေါ်က အဆီဂလင်းတွေ ပိတ်ဆို့တာကြောင့် အရေပြားမှာ ဝက်ခြံတွေဖြစ်လာရတာပါ။ ဒီပြဿနာက ကင်းချင်ရင်တော့ ဗီတာမင် A ပါတဲ့ အစားအသောက်တွေကို စားသုံးပေးရုံပါ။

အရိုးသန်မာစေနိုင်တယ်

အရိုးတွေသန်မာဖို့ကလည်း ခန္ဓါကိုယ်ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ခုပါ။ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့ဆိုရင်တော့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ ဗီတာမင် A တို့ပြည့်ဝစွာရရှိစေဖို့ ဂရုပြုပါ။

ဗီတာမင် A ကို ခန္ဓါကိုယ်က မထုတ်နိုင်ပေမယ့် အစားအစာတွေကနေတဆင့်တော့ရရှိနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် A ကိုရရှိစေဖို့ဆိုရင်တော့

  • နို့
  • ဥအမျိုးမျိုး
  • အသား
  • ချိစ်
  • ပင်လယ်ငါးအဆီ
  • အသည်း
  • သခွားမွှေး
  • ဂရိတ်ဖရုစ်
  • တရုတ်ဇီးသီး
  • မုန်လာဥနီ
  • ရွှေဖရုံသီး
  • ကန်စွန်းဥ
  • ကိုက်လန်၊ ဟင်းနုနွယ်၊ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ အရွက်တွေ
  • ပန်းဂေါ်ဖီစိမ်း တို့ကိုစားသုံးပေးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။