backup og meta

ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ပြုစုစောင့်ရှောက်နည်းလမ်းညွှန်

ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ပြုစုစောင့်ရှောက်နည်းလမ်းညွှန်
အမြဲတမ်းကျန်းမာနေတဲ့သူရယ်လို့မရှိပါဘူး။ လူတိုင်းလိုလိုဟာ ဖျားနာတာ၊ထိခိုက်ဒဏ်ရာရတာ၊ရောဂါခံစားရတာမျိုးတွေခံစားရနိုင်ပါတယ်။ရှောင်လွှဲလို့မရတဲ့ပြဿနာဆိုတော့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ပြင်ဆင်ထားရုံကလွဲလို့ ဘာမှမတတ်စွမ်းသာဘူးလေ။ ဒီတော့ သွားရင်းလာရင်းဖြစ်ဖြစ် အလုပ်လုပ်နေရင်းဖြစ်ဖြစ်ထိခိုက်မိတဲ့အခါ ဘယ်လိုများအကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတာသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။

အနာဆိုတာဘာလဲ

အနာဆိုတာက ခန္ဓါကိုယ်ရဲ့ အပြင်ပိုင်းကတစ်ရှုးတွေ ဒါမှမဟုတ် အတွင်းဘက်ကတစ်ရှုးထိခိုက်ပျက်စီးသွားတာပါ။မြင်သာအောင်ပြောပြရရင်တော့ အပေါ်ယံအရေပြားပေါက်ပြဲပျက်စီးသွားတာပေါ့။ လူတိုင်းလိုလိုဟာ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းကို ထိခိုက်ဒဏ်ရာရဖူးကြမှာပါ။ ဒါပေမယ့် ထိခိုက်ဒဏ်ရာေတာ်တော်များများကနေအိမ်မှာပဲ အလွယ်တကူပြုစုစောင့်ရှောက်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။

ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ ချွန်ထက်တဲ့အရာတွေနဲ့ မတော်တဆထိခိုက်မိတာကြောင့်ဖြစ်ဖြစ်၊ ယာဉ်မတော်တဆမှုဖြစ်တာကြောင့်ဖြစ်ဖြစ် အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်ဒဏ်ရာတွေရနိုင်ပါတယ်။ ထိခိုက်မိတဲ့အခါ အပေါ်ယံအရေပြားထိခိုက်သွားတဲ့အတွက်ကြောင့်သွေးကတော့ထွက်မှာအသေအချာပါ။ အနာကသေးရင်သွေးစို့ရုံလောက်ပဲဆိုပေမယ့် အနာအရမ်းကြီးရင်တော့သွေးတွေအများကြီးထွက်နိုင်ပါတယ်။

အနာအမျိုးအစားများ

ထိခိုက်မိတဲ့အခြေအနေပေါ်မူတည်ပြီး အနာအမျိုးအစားတွေ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

  • အနာပေါက်ပွင့်တဲ့အနာ
  • အနာပေါက်မပွင့်တဲ့အနာ
  • ပွန်းပဲ့ဒဏ်ရာ
  • အရေပြားစုတ်ပြဲဒဏ်ရာ
  • ကြွက်သားနဲ့အရွတ်တွေကိုထိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာ
  • ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးစိုက်မိတာကြောင့် အရေပြားမှာ အပေါက်ဖြစ်သွားတဲ့ ထိခိုက်ဒဏ်ရာတွေဆိုပြီး အနာအမျိုးအစားတွေအမျိုးမျိုးကွဲပြားပါတယ်။

အနာပေါက်ပွင့်တဲ့အနာ

အရေပြားမှာရှိတဲ့ အပေါ်ယံတစ်ရှုးလွှာပေါက်ပြဲဆုံးရှုံးသွားတာကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာပါ။ အနာကအရမ်းမနက်ဘူးဆိုရင်တော့ အိမ်မှာတင် ကုသစောင့်ရှောက်လို့ရပါတယ်။ အနာထဲကိုပြင်ပအရာဝတ္ထုတွေနဲ့ မသန့်ရှင်းတဲ့အရာတွေ မဝင်ရောက်အောင်တော့ သတိထားဖို့လိုအပ်ပါမယ်။

အနာပေါက်မပွင့်တဲ့အနာ

အပေါ်ယံအရေပြားမှာမဟုတ်ဘဲ အတွင်းပိုင်းအရေပြားအလွှာမှာထိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာမျိုးပါ။ ဒီဒဏ်ရာမျိုးက အနာကျက်၊မကျက်နဲ့ အနာအနေအထားကိုသိရှိနိုင်ဖို့ နည်းနည်းတော့ အခက်တွေ့နိုင်ပါတယ်။ တစ်ခုကောင်းတာက ဒီအနာမျိုးက ပိုးဝင်ကူးစက်ခံရနိုင်ခြေတော့တော်တော်လေးနည်းပါတယ်။

အပေါ်ယံအရေပြားစုတ်ပြဲဒဏ်ရာ

အပေါ်ယံအရေပြားလွှာမှာရှိတဲ့ တစ်ရှုးတွေထိခိုက်မိတာကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ ဒီလိုဖြစ်တဲ့အခါ တွယ်ဆက်တစ်ရှုးတွေကို ထိခိုက်မိတာမျိုးရှိနိုင်ပါတယ်။ ထိခိုက်သွားတာကြောင့်ပျက်စီးသွားတဲ့ အပေါ်ယံတစ်ရှုးမှာသွေးတွေစုနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အနာပိုဆိုးမသွားစေဖို့အတွက် အနာထဲကို ပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးဖို့လိုအပ်ပါမယ်။ ဒီအနာမျိုးက အနာကျက်တယ်ဆိုပေမယ့် အနာကျက်နှုန်းကအခြားအနာတွေထက်စာရင် နည်းနည်းတော့နှေးနိုင်ပါတယ်။

ပွန်းပဲ့ဒဏ်ရာ

ဒီအနာကတော့ အနာပေါက်ပွင့်တဲ့အနာအမျိုးအစားတစ်ခုဖြစ်ပြီးတော်တော်များများဖြစ်တတ်တဲ့ ထိခိုက်မှုတစ်မျိုးပေါ့။ အပေါ်ယံအရေပြားပွန်းပဲ့သွားတာလောက်ပါ။ ရုတ်တရက်ချော်လဲတာ၊ စက်ဘီးမှောက်တာလိုမျိုး မတော်တဆအခြေအနေတစ်ရပ်ကြောင့် မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့အရေပြားပွတ်တိုက်မိတာကြောင့် အပေါ်ယံအရေပြားစုတ်ပြဲသွားတဲ့ထိခိုက်မှုမျိုးပါ။ ဒီအနာမျိုးက အနာကျက်မြန်ပါတယ်။

ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးစိုက်မိတာကြောင့် အရေပြားမှာ အပေါက်ဖြစ်သွားတဲ့ ထိခိုက်ဒဏ်ရာ

ဓါးချွန်ချွန်လေး၊ အပ်နဲ့ အခြားသော အရေပြားကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာကြောင့်ဖြစ်လာတဲ့ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ အရေပြားအလွှာတော်တော်များများကို ထိခိုက်မိသွားနိုင်ပါတယ်။ အပေါ်ယံအရေပြားစုတ်ပြဲဒဏ်ရာထက် ပိုနက်နိုင်ပါတယ်။

ကြွက်သားနဲ့အရွတ်တွေကိုထိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာ

ဒီထိခိုက်ဒဏ်ရာကတော့တော်တော်လေးပြင်းထန်ပါတယ်။ အပေါ်ယံအရေပြားမှာတင်မဟုတ်ဘဲ အရိုးနဲ့ ကပ်လျက်ရှိနေတဲ့ ကြွက်သားတွေနဲ့ အရွတ်တွေထိပါထိခိုက်မိတဲ့ဒဏ်ရာပေါ့။ အနာကိုလိုအပ်တဲ့ အခြေခံအဆင့်လေးတွေလုပ်ဆောင်ပေးပြီးတာနဲ့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသတာ အကောင်းဆုံးပါ။

ထိခိုက်ဒဏ်ရာတွေအတွက်ပြုစုစောင့်ရှောက်နည်းလမ်းညွှန်

အနာကအရမ်းမပြင်းထန်ရင် အိမ်မှာပဲကုသပေးလို့ရပါတယ်။ အနာတစ်ခုခုဖြစ်လာပြီဆိုရင် အနာကကြီးသည်ဖြစ်စေသေးသည်ဖြစ်စေ ဒီအဆင့်လေးတွေအတိုင်း လိုက်လုပ်ကြည့်ဖို့ပြောပါရစေ။

  • အရင်ဆုံး လက်ကိုဆေးကြောပါ
  • အနာကိုရေသန့်သန့်လေးနဲ့ သန့်စင်ဆေးကြောပေးပါ
  • အနာထဲမှာရှိနေတဲ့ ညစ်ပေတဲ့အရာတွေနဲ့ပြင်ပအရာဝတ္ထုတွေကိုဖယ်ပေးပါ
  • အနာသွေးတိတ်စေဖို့ အနာပေါ်မှာ ပတ်တီးစသန့်သန့်လေးကို ခပ်ထူထူလေးခေါက်ပြီး ဖိထားပေးပါ
  • ပြီးရင် အနာထည့်လို့ရတဲ့ဆေးတစ်မျိုးမျိုးလူးပေးပါ
  • ပြီးရင်တော့ အနာကသေးရင် ပလာစတာကပ်ပြီး အနာကြီးရင် ပတ်တီးစည်းပေးပါ
  • အနာကရောင်ရမ်းနေမယ်ဆိုရင် သွေးမတိတ်ဘူးြဖစ်နေမယ်ဆိုရင် အနာကိုရေခဲကပ်ပေးလို့ရပါတယ်။

ဒီအချက်တွေအပြင် ထိခိုက်ဒဏ်ရာရထားတဲ့အခါ အနာကို တစ်နေ့နှစ်ကြိမ်ဆေးထည့်တာ၊ အနာအခြေအနေကိုစစ်ဆေးတာ၊ ပလာစတာ ဒါမှမဟုတ် ပတ်တီးလဲတာမျိုးလုပ်ပေးပါ။ပြည့်ပြည့်ဝဝအနားယူပြီး အာဟာရြပည့်ဝအောင်စားသုံးပေးတာကလည်း အနာကျက်စေဖို့အတွက် အထောက်အကူပြုဖြစ်စေမှာပါ။

ဒီအခြေအနေတွဆိုရင် ဆရာဝန်နဲ့ပြသပါ

အနာတော်တော်များများကိုနေအိမ်မှာတင် ကုသစောင့်ရှောက်မှုလုပ်နိုင်တယ်ဆိုပေမယ့် အနာက အခုလိုမျိုးအခြေအနေဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါမယ်။

  • အနာက လက်မဝက်လောက်ထိနက်နေမယ်
  • အနာကို ဖိထားရက်နဲ့သွေးမတိတ်ဘူးဖြစ်နေမယ်
  • မိနစ် ၂၀ ကြာတဲ့အထိသွေးမတိတ်ဘဲဖြစ်နေမယ်
  • အနာကအရမ်းပြင်းထန်စွာထိခိုက်မိထားတာဖြစ်ပြီးသွေးထွက်အရမ်းများနေမယ် ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားပြပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Getting to know 5 types of wound care treatmentshttps://www.woundrounds.com/getting-to-know-5-types-of-wound-care-treatments/ Accessed Date 1 November 2018

Open Woundhttps://www.healthline.com/health/open-wound Accessed Date 1 November 2018

Wounds: Types, Classification of wounds, Treatment and Wound carehttp://www.jotscroll.com/forums/11/posts/171/wounds-types-classification-of-wounds-treatment-and-wound-care.html Accessed Date 1 November 2018

ယခုပုံစံ

25/05/2022

Aye Thi Mon မှ ရေးသားသည်။

Kyaw Zay Ya မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမလဲ

အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။



Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement