သင့်မျက်နှာကို လှပစေမယ့် အက်ဆစ်အမျိုးအစားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
Share now

အက်ဆစ်လို့ ကြားတာနဲ့ လုံးဝမထိတွေ့သင့်တဲ့အရာတစ်ခုမို့ ဘုရား ဘုရား တနေချင်စရာပါ။ ဒါပေမယ့် အက်ဆစ်တိုင်းကတော့ လူတွေကို အန္တရာယ်ပေးနိုင်တာမဟုတ်ပါဘူး။ တစ်ချို့ အက်ဆစ်တွေဆို အလှအပအတွက်တောင် အထောက်အကူပြုပါသေးတယ်။

တစ်ချို့သော အက်ဆစ်အမျိုးအစားတွေဟာဆိုရင် မျက်နှာပေါ်တောင် တင်လို့ရပါတယ်။ “မျက်နှာလှချင် အက်ဆစ်တင်” လို့ ဆိုရမလို ဝက်ခြံအတွက်လိမ်းရတဲ့ ဆေးတွေ၊ အသားအရည်လှပဖို့ လိမ်းရတဲ့ Skincare တွေထဲမှာ အက်ဆစ်ပျော့လေးလေးတွေ ပါဝင်နေတတ်တယ်လေ။

တစ်ခုတော့ရှိတာပေါ့။ လှစေတာဆိုတာနဲ့ ဒီအတိုင်းပြေးကိုင်လို့တော့ ဘယ်ရမတုန်း။ အကျိုးပြုအက်ဆစ်တွေ ပါဝင်တဲ့ Skincare Series လေးတွေကို ရွေးချယ်ပြီးသုံးစွဲရမှာပါ။

ခုတော့ ဘယ်လို အက်ဆစ်မျိုးတွေက ကိုယ့်ကို အကျိုးပြုမှာလဲဆိုတာကို လေ့လာကြည့်ရအောင်။

Salicylic Acid

အရေပြားမွေးညင်းပေါက်ထဲထိ ရောက်ရှိပြီး အဆီတွေ ၊ အညစ်အကြေးတွေကို သန့်စင်နိုင်စွမ်းရှိတဲ့အက်ဆစ်ပါ။ အဆီထွက်လွန်းတဲ့ အခြေအနေကိုထိန်းချုပ်ဖို့ မျက်နှာသစ်ဆေးတွေထဲမှာ ဒီအက်ဆစ်ကိုသုံးပါတယ်။

သူကရောင်ရမ်းနာကျင်မှုတွေ ၊ မျက်နှာပေါ်ကဆိုးရွားတဲ့ အဖုအပိမ့်တွေ အနာတွေ ၊ တင်းတိပ် နေလောင်ကွက်တွေကိုပါ ကုသနိုင်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကျွံကျွံသုံးရင် အရေပြားနဲ့ထိတွေ့ချိန်ကြာရင် အသားလောင်စေတာပဲမို့ ညွှန်ကြားချက်အတိုင်းသာ အသုံးပြုရမှာပါ။

Glycolic Acid

သူကတော့ အမည်းစက် နေလောင်ဒဏ်ရာ မှဲ့ခြောက် ဝက်ခြံ နဲ့ အမာရွတ် တွေကို ကုသဖို့ အတွက်ဖြစ်ပါတယ်။ အရေပြားအတွင်းလွှာရော အပေါ်ယံလွှာကိုပါ ပြုပြင်ပေးနိုင်တာမို့ အလှအပအတွက်အသုံးများပါတယ်။ ဒီအက်ဆစ်ကို Toner ၊ Moisturizer တို့ထုတ်လုပ်ရာမှာ အများဆုံးသုံးပါတယ်။

Citric Acid

လိမ္မော်တို့၊ သံပုရာသီးတို့မှာ ပါတတ်တဲ့ အက်ဆစ်မျိုးပါ။ Antioxidant ပါဝင်တာကြောင့် နေလောင်တာတွေ၊ အသားအရည် သဘာဝအတိုင်းပြန်ဖြစ်တာတွေဖြစ်အောင် ကူညီနိုင်ပါတယ်။

Hyaluronic Acid

ဒီအက်ဆစ်ကတော့ သကြားဂျယ်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ရေဓာတ်အားဖြည့်ပေးတယ်လို့ ဆိုထားတဲ့ အလှကုန်အများစုမှာ ဒီအက်ဆစ်ပါဝင်နေလေ့ရှိပါတယ်။ အရေပြားအမျိုးအစားအားလုံးနီးပါးနဲ့ အဆင်ပြေပေမယ့် စပ်ဖျဉ်းဖျဉ်းဝေဒနာတော့ ကြုံရတတ်ပါတယ်။

Lactic Acid

နို့ရည်တွေကနေ တိုက်ရိုက်ရရှိနိုင်ပါတယ်။ အသားအရောင်ညီညာစေဖို့၊ အရေးကြောင်းတွေ ပျောက်ဖို့၊ ဝက်ခြံအနာရွတ်တွေ သက်သာဖို့နဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အသုံးပြုကြပါတယ်။

Retinoic Acid

ဒီအက်ဆစ်ကတော့ ဗီတာမင် A အမျိုးအစားတစ်မျိုးပါ။ အရေးကြောင်းတွေနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကိုလည်း တင်းတင်းရင်းရင်းဖြစ်စေနိုင်ပါသေးတယ်။ အရေပြားကျန်းမာရေးအတွက် အတော်ကို အရေးပါတဲ့ အက်ဆစ်တစ်မျိုးပါ။

Ferulic Acid

ဒီအမျိုးအစားကတော့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်တဲ့ အက်ဆစ်တစ်မျိုးပါ။ Antioxidant တစ်မျိုးဖြစ်ပြီးတော့ နေရောင်ကြောင့် အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေပါတယ်။ ဗီတာမင် C နဲ့ E ကိုလည်း အရေပြားထဲမှာ ထိမ်းသိမ်းပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းကို လျော့ချပေးနိုင်တဲ့ အက်ဆစ်အမျိုးအစားအဖြစ် လူသိများပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ရုပ်ရင့် ရင့်ရော်မှု အသားအရေ အရွယ်မတိုင်မီ ရင့်ရော်ခြင်း အသက်ကြီးခြင်း အရေပြားကျန်းမာရေး အကြောင်းရင်း အလှအပ အရွယ်တင် နုပျိုခြင်း အသားအရေထိန်းသိမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

နဂါးမောက်သီး အသီးအနှံ အသားအရေ Glow Skin care အလှအပ အသားအရေထိန်းသိမ်း မျက်နှာပေါင်းတင် အာဟာရဓာတ်များ ဗီတာမင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ဝက်ခြံ ကျောဘက် ခါး ခန္ဓာကိုယ်ဝက်ခြံ ဆားဝက်ခြံ အရေပြားကျန်းမာရေး အသားအရေ အလှအပ အကြောင်းရင်း ကုသနည်း ဆေးဖက်ဝင် သဘာဝပစ္စည်း ချွေးပေါက်ပိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

စတော်ဘယ်ရီသီး နှင့် အသားအရေလှပမှု

စတော်ဘယ်ရီသီး Folic Acid collagen ခုခံအားစနစ် ဝက်ခြံ ခရမ်းလွန်ရောင်ခြည် ဗီတာမင် C သွေးတွင်းအဆီဓာတ် သွေးတွင်းအချိုဓာတ် anti-oxidant အသားအရေလှပကြည်လင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
Safflower ကပေးတဲ့ အသားအရေ ကျန်းမာမှု

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read